အိန္ဒိယက တောပုန်းဘုရင်ကြီး မာလ်ခန် ဆင်း

တချိန်က ဖိန့်ဖိန့်တုန်အောင် ကြောက်ခဲ့ကြရတဲ့ မာလ်ခန်ဆင်း ( ရှေ့ဆုံးမှာ ထိုင်နေသူ) နဲ့ သူ့အဖွဲ့သားများကို လက်နက်မချခင်က သူ့ဇာတိရွာမှာ တွေ့ရစဥ်

ဓာတ်ပုံ ရင်းမြစ်, Prashant Panjiar

ဓာတ်ပုံ ပုံစာ, တချိန်က ဖိန့်ဖိန့်တုန်အောင် ကြောက်ခဲ့ကြရတဲ့ မာလ်ခန်ဆင်း ( ရှေ့ဆုံးမှာ ထိုင်နေသူ) နဲ့ သူ့အဖွဲ့သားများကို လက်နက်မချခင်က သူ့ဇာတိရွာမှာ တွေ့ရစဥ်
ရေးသားခဲ့သည်။

လွန်ခဲ့တဲ့ ၁၉၈၀ ပြည့်နှစ်တွေရဲ့ အစောပိုင်း ကာလတွေအတွင်းမှာ အိန္ဒိယ ဓာတ်ပုံဆရာ ပါရာရှန့် ပန်ဂျီယာဟာ ခြောက်သွေ့တဲ့ အိန္ဒိယ အလယ်ပိုင်း တနံတလျားမှာ ခရီးနှင်ပြီး ဒဏ္ဍာရီဆန်တဲ့ တောပုန်းကြီးတွေအကြောင်း မှတ်တမ်းတင်ခဲ့ပါတယ်။

အဲဒီ တောပုန်းတွေထဲက အများစုဟာ မတ်ဒရာ ပရာဒက်ရှ် ပြည်နယ်ရဲ့ ချမ်ဘာလ် ဒေသထဲမှာပဲ အခြေပြု လှုပ်ရှားခဲ့ကြတာ ဖြစ်ပါတယ်။ ဒီဒေသဟာ တောင်ကုန်းတွေထူပြီး ကောနေတဲ့ မြစ်ချောင်း ပေါများတဲ့၊ လူရမ်းကားတွေ၊ လူဆိုးသူဆိုးတွေနဲ့ လူသတ်သမားတွေ ပေါများတဲ့၊ ဓားပြထူတဲ့ မသွားသင့် မသွားအပ်တဲ့ ဒေသလို့ ပူလစ်ဇာ ဆုရ စာရေးဆရာ ပေါလ်ဆလိုပက်ခ်က၏ရေးခဲ့ပါတယ်။

၁၉၈၂ ခုနှစ် မေလ ထဲမှာတော့ ပန်ဂျီယာနဲ့ တခြား သတင်းထောက် ၂ ယောက်တို့ဟာ ချမ်ဘာလ်နယ်က တောပုန်းဘုရင်လို့ ကျော်ကြားတဲ့ မာလ်ခန် ဆင်းနဲ့ တွေ့ဆုံခွင့် ရခဲ့ပါတယ်။ ဒီလို တွေ့ဆုံခွင့်ရဖို့ သူတို့တွေ လပေါင်းများစွာ ကြိုးစားခဲ့ကြရပါတယ်။

အဲဒီအချိန်က အိမ်နီးချင်း အူတာပရာဒက်ရှ် ပြည်နယ်ထဲမှာလည်း တောပုန်းတွေဟာ ပြစ်ဒဏ်ခတ် ခံရခြင်း မရှိသလောက်ကို လွတ်လပ်စွာ လှုပ်ရှားနိုင်ခဲ့ကြပါတယ်။ အဲဒီမတိုင်ခင်တနှစ်လောက်ပဲ ဖူးလန် ဒေဝီလို့ ခေါ်ကြတဲ့ တောပုန်းမကြီးဟာ ဇာတ်မြင့် ဟိန္ဒူ အမျိုးသား ၂၂ ယောက်ကို ဗလင်တိုင်းစ်ဒေး မှာ သူ့ကို အုပ်စုဖွဲ့မုဒိမ်းကျင့်ခဲ့တာကို လက်စားချေတဲ့ အနေနဲ့ သတ်ပစ်ခဲ့လို့ နာမည်ကြီးသွားခဲ့ပါသေးတယ်။

ဒါပေမယ့် ချမ်ဘာလ်မှာတော့ မာလ်ခန်ဆင်းနဲ့ သူ့ အဖွဲ့ကို အကြောက်ရဆုံး ဖြစ်ပါတယ်။ သူတို့ဟာ ခြေလျင်ပဲ ခရီးနှင်ကြသူတွေ ဖြစ်သလို နက်ရှိုင်းတဲ့ လျှိုမြောင်တွေအကြားမှာ ယာယီတဲကလေးတွေ ထိုးပြီး နေကြတာ ဖြစ်ပါတယ်။

၁၃ နှစ်ကြာ လှုပ်ရှားခဲ့ကြပြီး သူတို့ အင်အားအကြီးဆုံး အချိန်ကဆို ဂိုဏ်းမှာ လူ ၁၀၀ လောက်အထိကို ရှိခဲ့ပါတယ်။ ဒါကြောင့်လည်း မာလ်ခန်ဆင်းကို တောပုန်းဘုရင်ကြီးဆိုပြီး ပြိုင်ဘက် တွေကတောင် နာမည်ပေးခဲ့ရပါတယ်။

၁၉၈၂ ခုနှစ်အတွင်းမှာ ဓားပြမှု၊ ပြန်ပေးမှုနဲ့ လူသတ်မှုတွေအပါအဝင် အမှုပေါင်း ၉၄ မှု နဲ့ ပတ်သက်နေတယ်လို့ ရဲက မှတ်တမ်းတင်ခဲ့ပါတယ်။ ဆင်း ကိုလည်း ဖမ်းမိနိုင်ဖို့ ရူပီးငွေ ၇၀,၀၀၀ ပေးမယ်ဆိုပြီး ဆုငွေ ထုတ်ထားခဲ့ပါတယ် ။

အခုခေတ် ငွေတန်ဖိုးနဲ့ တွက်ရင်တော့ ဒီဆုကြေးက ဒေါ်လာ ၉၀၀ ကျော်ရုံပဲ ရှိပါတယ်။ ဒါပေမယ့် အဲဒီခေတ် အဲဒီအခါက ဒီငွေက ဒေါ်လာ ၈,၀၀၀ လောက် တန်ပြီး ဒါဟာ တော်တော် များတဲ့ ပမာဏဖြစ်ပါတယ်။ အစိုးရကလည်း သူ့ကို လက်နက် အပ်ဖို့အတွက် သွေးတိုးစမ်း ကမ်းလှမ်းတာတွေ စပြီးလုပ်ခဲ့ပါတယ်။

၁၉၈၂ ရဲ့ နွေရာသီဟာ အင်မတန်မှ ပူပြင်းခဲ့ပါတယ်။ အဲဒီ နွေကာလ အတွင်းမှာပဲ ပန်ဂျီယာနဲ့ သူ့ လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်ကြတဲ့ ကာလ်ယန် မူခါဂျီးနဲ့ ဘရစ်ရာ့ဂျ် ဆင်းတို့ဟာ မာလ်ခန် ဆင်းနဲ့ တွေ့ဆုံဖို့ အတွက် ဖြစ်လာခဲ့ပါတယ်။

သူတို့အဖွဲ့ဟာ မာတ်ဒရာ ပရာဒက်ရှ် ပြည်နယ် အစိုးရနဲ့ ဆင်းတို့ အဖွဲ့အကြား လက်နက်စွန့်ရေး ညှိုနှိုင်းမှုတွေ အကြား အရေးပါတဲ့ နေရာကို ရောက်သွားခဲ့ပါတယ်။

အဲဒီတုန်းက တောပုန်းအဖွဲ့နဲ့ ရက်အနည်းငယ် အတူနေခဲ့ရတယ်။ သူတို့ရဲ့ ပုံတွေရဖို့ အတွက် သူတို့အဖွဲ့အပေါ် သစ္စာ မဖောက်ဖို့ ဓားစာခံ သဘောမျိုးအနေနဲ့ ခေါ်ထားတာကို ကျေကျေနပ်နပ်ပဲ လက်ခံခဲ့တယ်လို့ ပန်ဂျီယာက ပြောပါတယ်။

လက်နက်ချဖို့ အတွက် ဘေးကင်းလုံခြုံတဲ့ နေရာလို့ သတ်မှတ်ထားတဲ့ ရွာစွန် တနေရာမှာ တွေ့ရတဲ့ မာလ်ခန်ဆင်းတို့ အဖွဲ့

ဓာတ်ပုံ ရင်းမြစ်, Prashant Panjiar

ဓာတ်ပုံ ပုံစာ, လက်နက်ချဖို့ အတွက် ဘေးကင်းလုံခြုံတဲ့ နေရာလို့ သတ်မှတ်ထားတဲ့ ရွာစွန် တနေရာမှာ တွေ့ရတဲ့ မာလ်ခန်ဆင်းတို့ အဖွဲ့

ချမ်ဘာလ်ရဲ့ လကွယ်တညမှာ တောပုန်းအဖွဲ့နဲ့ ပထမဆုံး တွေ့ခွင့်ရခဲ့ပါတယ်။

မာလ်ခန်ဆင်းဟာ အမေရိကန်လုပ် မောင်းပြန် ရိုင်ဖယ်သေနတ်ကို ကိုင်ထားပြီး နှုတ်ခမ်းမွှေး ကားကားနဲ့ အရပ်ရှည်ရှည် ခပ်ကြမ်းကြမ်း လူတယောက်ဖြစ်ပြီး ခပ်တည်တည် နေတတ်တယ်လို့ ပန်ဂျီယာက ဆိုပါတယ်။

သူက စကားနည်းတယ်။ ဒါပေမဲ့ ငါတစ်ကောကောတတ်သူ၊ ကြောက်ကြရိုသေကြရသူ တစ်ယောက်လည်း ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီအချိန်က သူတို့ အဖွဲ့မှာ လူ ၂ ဒါဇင်လောက် ရှိပြီး ညပိုင်းမှာပဲ သူတို့ရဲ့ အိပ်ရာလိပ်တွေ၊ လက်နက်တွေ၊ ထောင်ချောက်၊ မိုးကာနဲ့ ရိက္ခာတွေကို သယ်ပြီး တနေရာက တနေရာကို ကူးလေ့ ရှိကြပါတယ်။ ဟင်းလင်းပြင်တွေမှာ အိပ်လေ့ ရှိကြပါတယ်။

အဖွဲ့ဝင်အများစုက ကာဘိုင်နဲ့ ရိုင်ဖယ်လ် သေနတ်တွေကိုင်ပြီး တယောက်ကတော့ အေကေ ၄၇ ကို ကိုင်ကြောင်း ပန်ဂျီယာက ပြောပါတယ်။

ဆင်းဟာ တကယ်တော့ ချမ်ဘာလ်ရဲ့ ရိုးရာ ပုံပြင်ထဲက ဇာတ်ကောင်လို ကိုယ့် ဂုဏ်သိက္ခာအတွက်၊ မိမိကိုယ်ကို ကာကွယ်ဖို့နဲ့ သူတို့ နှိပ်စက်ခဲ့တဲ့ ဇာတ်မြင့်တွေကို လက်စားချေဖို့ အတွက် လက်နက်ကိုင်ခဲ့သူ ဖြစ်တယ်လို့ ပန်ဂျီယာက ဆိုပါတယ်။

သီတင်း တပတ်ကျော် ကြာခဲ့အပြီးမှာ ပန်ဂျီယာဟာ သူ့ရဲ့ ပဲန်းတက်စ် ကင်မရာနဲ့ ငှားလာတဲ့ နီကွန် ကင်မရာတွေကို သုံးပြီး တောပုန်းအဖွဲ့ကို မှတ်တမ်းတင်ခဲ့ပါတယ်။ သူ့ရဲ့ စာအုပ်သစ် ဖြစ်တဲ့ That Which Is Unseen ထဲမှာ အဲဒီ ရှားပါး ဓာတ်ပုံတချို့ကို ဖော်ပြထားပါတယ်။

စခန်းမှာ တွေ့ရသော တောပုန်းများ

ဓာတ်ပုံ ရင်းမြစ်, Prashant Panjiar

ဓာတ်ပုံ ပုံစာ, စခန်းမှာ တွေ့ရသော တောပုန်းများ
1px transparent line
မာလ်ခန်ဆင်း လက်နက်မချခင်မှာ အစိုးရ အရာရှိတွေနဲ့ တွေ့ဆုံနေပုံ

ဓာတ်ပုံ ရင်းမြစ်, Prashant Panjiar

ဓာတ်ပုံ ပုံစာ, မာလ်ခန်ဆင်း လက်နက်မချခင်မှာ အစိုးရ အရာရှိတွေနဲ့ တွေ့ဆုံနေပုံ
1px transparent line
လက်နက်မချခင်မှာ သူကိုင်တဲ့ သေနတ်နဲ့ ဟိန္ဒူနတ်သမီးကို ဝတ်ပြုနေတဲ့ တောပုန်း တယောက်

ဓာတ်ပုံ ရင်းမြစ်, Prashant Panjiar

ဓာတ်ပုံ ပုံစာ, လက်နက်မချခင်မှာ သူကိုင်တဲ့ သေနတ်နဲ့ ဟိန္ဒူနတ်သမီးကို ဝတ်ပြုနေတဲ့ တောပုန်း တယောက်
လက်နက်မချခင်မှာ တွေ့ရသော မာလ်ခန်ဆင်း

ဓာတ်ပုံ ရင်းမြစ်, Prashant Panjiar

ဓာတ်ပုံ ပုံစာ, လက်နက်မချခင်မှာ တွေ့ရသော မာလ်ခန်ဆင်း
1px transparent line

အဲဒီနှစ် ဇွန်လ မှာတော့ လူ ထောင်ပေါင်းများစွာ ရှေ့မှာ လက်နက်ချပွဲကြီး ကျင်းပခဲ့ပါတယ်။ လက်နက်မချခင်မှာပဲ သူ့အဖွဲ့သားတွေကို ဘယ်သူမှ သေဒဏ်မကျခံစေရဖို ဆင်းက ညှိနှိုင်းနိုင်ခဲ့ပါတယ်။

အဲဒီ အချိန်က India Today မဂ္ဂဇင်းက မာလ်ခန်ဆင်းဟာ အောင်ပွဲရ သူရဲကောင်း တယောက်လိုပဲ အရပ်ရှည်ပြီး ကျစ်ကျစ်လစ်လစ် ရှိတယ်။ သူနှစ်ပေါင်းများစွာ တိုက်ခိုက်လာခဲ့တဲ့ ရဲ ယူနီဖောင်းကို ဝတ်လာခဲ့တယ်။ မတ်ဒရာ ပရာဒရှ် မြောက်ပိုင်းက ဘီဟင် မြို့က အံ့သြတကြီးနဲ့ ကြည့်နေကြတဲ့ တိုးမပေါက်နိုင်တဲ့ လူသူ ပရိတ်သတ် ၃၀,၀၀၀ ရှေ့မှာ ဓားပြဘုရင်ကြီး မာလ်ခန် ဆင်း ဟာ လက်နက်စွန့်ခဲ့ပြီလို့ ဖော်ပြခဲ့ပါတယ်။

ဆင်းမှာ အတည်ပေါက်နဲ့ နောက်တတ်တဲ့ အကျင့်လည်း ရှိတယ်လို့ ပန်ဂျီယာက ဆိုပါတယ်။ သူ့ကို လက်နက်ချပြီးချိန်မှာ သတင်းထောက်တွေက ဟင်ဒီ ဘာသာနဲ့ အခု ဘယ်လို ခံစားမိသလဲ ဆိုပြီး မေးကြတဲ့ အခါမှာ သူက ပန်ဂျီယာတို့နဲ့ စတွေ့တုန်းကလိုပဲ ခြောက်ကပ်ကပ်ပဲ တုံ့ပြန်အဖြေပေးခဲ့တယ်လို့ ပန်ဂျီယာက ပြောပါတယ်။

နောက်ပိုင်းမှာ မာလ်ခန်နဲ့ သူ့ ဂိုဏ်းသား တွေကို သူတို့ ကျူးလွန်ခဲ့တဲ့ ပစ်မှုတွေအတွက် အရေးယူ အပစ်ပေးခဲ့ကြပါတယ်။ သူတို့က ပြည်နယ်အတွင်းက အကျဥ်းသားတွေကို လွတ်လွတ်လပ်လပ်ပဲ ထားတဲ့ ထောင်ကို ပို့ခဲ့ပါတယ်။ ဆင်းဟာ ထောင်ထဲမှာ နှစ် အနည်းငယ် နေခဲ့ရပါတယ်။

အခု မာလ်ခန်ဆင်းဟာ အသက် ၇၈ နှစ် ရှိနေပြီ ဖြစ်ပြီး နိုင်ငံရေး လောကမှာ ပါဝင် လှုပ်ရှားနေပါတယ်။ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်းမှာ အာဏာရ ဟိန္ဒူအမျိုးသားရေး Bharatiya Janata Party ပါတီအတွက် လှုပ်ရှားပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ က မာလ်ခန် ဆင်းက သူဟာ ဓားပြမဟုတ်ဘူး။ ဘာဂီ လို့ခေါ်တဲ့ သူပုန်၊ ကိုယ့် ဂုဏ်သိက္ခာနဲ့ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ အတွက် လက်နက် ကိုင်ခဲ့တာ၊ တကယ့် ဓားပြတွေက ဘယ်သူတွေလဲ ဆိုတာရော သူတို့ကို ဘယ်လို ကိုင်တွယ်ရမလဲ ဆိုတာရော ကောင်းကောင်း သိပါတယ်လို့ ပြောခဲ့ပါတယ်။