ကိုရိုနာဗိုင်းရပ်စ် - မီးလောင်မှုတွေ ဖြစ်ခဲ့လို့ အသက်ရှူစက်တချို့ သုံးတာ ရုရှားရပ်ထား

မေလ ၁၂ ရက် မီးလောင်မှု

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မေလ ၁၂ ရက် မီးလောင်မှု
ရေးသားခဲ့သည်။

ရုရှားနိုင်ငံ စိန့်ပီတာစဘာဂ်မြို့က ဆေးရုံတစ်ရုံမှာ လူသေဆုံးတဲ့အထိ ဖြစ်ခဲ့တဲ့ မီးလောင်မှုမှာ အသက်ရှူစက် ချွတ်ယွင်းရာက စတယ်လို့ ယူထားတဲ့အတွက် အသက်ရှူစက် အမျိုးအစားတချို့သုံးတာကို ရှရှားမှာ ရပ်ဆိုင်းထားပါတယ်။

မေလ ၁၂ ရက် မီးလောင်မှုမှာ အနည်းဆုံး လူ ၄ ဦး သေဆုံးတယ်လို့ နားလည်ထားရပါတယ်။

ဧပြီ ၁ ရက် နောက်ပိုင်း ရုရှားထုတ် အသက်ရှူစက် တချို့ကို မသုံးဘဲ ရပ်ထားတယ်လို့ ကျန်းမာရေး အာဏာပိုင်တွေက မေလ ၁၃ ရက်မှာ ပြောပါတယ်။

အသက်ရှူစက်တွေနဲ့ ဆက်စပ်ရာက မီးစလောင်တယ်လို့ ယူဆရတဲ့ ဆေးရုံ မီးလောင်မှု နှစ်ခု ဖြစ်ခဲ့အပြီး အာဏာပိုင်တွေက အခုလို ထုတ်ပြောတာ ဖြစ်ပါတယ်။

မီးလောင်မှုကြောင့် ပျက်စီးသွားတဲ့ ပြတင်းပေါက်တွေ

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, မီးလောင်မှုကြောင့် ပျက်စီးသွားတဲ့ ပြတင်းပေါက်တွေ

မော်စကိုမြို့က ဆေးရုံတစ်ရုံမှာ မေလ ၉ ရက် က ဖြစ်ခဲ့တဲ့ မီးလောင်မှုကလည်း အသက်ရှူစက်က စလောင်တဲ့မီး ဖြစ်မလားလို့ သံသယရှိတယ်လို့ ရုရှား ကျန်းမာရေး စောင့်ကြည့်ရေး အဖွဲ့ Roszdravnadzor က ထုတ်ပြန်ပါတယ်။

ရုရှားထုတ် Aventa-M အမျိုးအစား အသက်ရှူစက်တွေကို အမေရိကန်ကိုလည်း ပို့ထားခဲ့ပေမဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတုန်း ဒါတွေကို မသုံးဘဲထားမယ်လို့ အမေရိကန်က ပြောပါတယ်။

ရုရှားဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု မြင့်တက်နေပြီး အမေရိကန်နဲ့ စပိန်ပြီးရင် ကူးစက်သူ တတိယ အများဆုံးနိုင်ငံ ဖြစ်ပါတယ်။

ရုရှားမှာ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်သူ စုစုပေါင်း၂၄၂,၂၇၁ ဦး ရှိပြီး သေဆုံးသူ ၂,၂၁၂ ယောက်ရှိပြီ ဖြစ်ပါတယ်။

မီးလောင်မှုက ခြောက်ထပ်မှာ ဖြစ်ခဲ့

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, မီးလောင်မှုက ခြောက်ထပ်မှာ ဖြစ်ခဲ့