ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဂျပန် မူလတန်း ကနေ အထက်တန်း ကျောင်းသား အရွယ် ကလေးသူငယ် ၂၅၀ ဟာ ကိုယ့်ကိုယ်ကိုယ် သတ်သေ ခဲ့ကြ
ပြီးခဲ့တဲ့ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေး နှစ် အတွင်းမှာ မူလတန်း ကနေ အထက်တန်း ကျောင်းသား အရွယ် ကလေးသူငယ် ၂၅၀ ဟာ ကိုယ့်ကိုယ်ကိုယ် သတ်သေ ခဲ့ကြ တယ်လို့ စာရင်းတွေမှာ ဖော်ပြပါတယ်။
ဒီစာရင်း အရ လွန်ခဲ့တဲ့ ၂ နှစ် ကျော်က ထက် ၅ ယောက် ပိုမိုများပြား နေတယ်လို့ ဆိုပါတယ်။ နောက်ပြီး ၁၉၈၆ ခုနှစ် ကနေ စတင် ရေတွက် မယ်ဆိုရင် အမြင့်ဆုံးနှုန်းထားနဲ့ ကလေးသူငယ် အရွယ်တွေ ကိုယ့်ကိုယ်ကိုယ် သတ်သေမှု ဖြစ်ပါတယ်။
ဒီလို သတ်သေမှု တွေ ဖြစ်ရတာက ကလေးတွေဟာ ကျောင်းမှာ အနိုင်ကျင့် ခံရတာ၊ မိသားစု အတွင်းမှာ ပြဿနာတွေ ရှိနေတာ နဲ့ သူတို့ရဲ့ အနာဂတ် ကို စိုးရိမ် ပြီး ကိုယ့်ကိုယ်ကိုယ် သေကြာင်း ကြံစည်မှုတွေ များလာ တာ ကြောင့် ဖြစ်ပါတယ်။
ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ် သတ်သေမှု ၁၄၀ ကတော့ သတ်သေမှု မှာတမ်း သဘောမျိုး မထား ခဲ့တာကြောင့် သူတို့ ဘာ အကြောင်းကြောင့် သတ်သေ ကြသလဲ ဆိုတာကို မသိရှိရဘူးလို့ စာသင်ကျောင်း တာဝန်ခံတွေက ဆိုပါတယ်။
ဂျပန်နိုင်ငံမှာ အထက်တန်း ပညာရေးကို အသက် ၁၈ နှစ် အရွယ် အထိ သင်ကြား ကြရပါတယ်။ သတ်သေမှု အများအပြား ဟာလည်း အထက်တန်း ကျောင်းသား အရွယ်တွေ ဖြစ်ကြတယ်လို့ သိရပါတယ်။
သတ်သေမှု အများအပြား ဟာလည်း နှစ်တနှစ်ရဲ့ ကျောင်းစ ဖွင့်တဲ့ ရက် ဖြစ်တဲ့ စက်တင်ဘာလ ၁ ရက်နေ့မှာ အဖြစ်များ တယ်လို့ စာရင်းတွေမှာ ဖော်ပြပါတယ်။
၂၀၁၅ ခုနှစ် တုန်း က ဂျပန် နိုင်ငံဟာ ကမ္ဘာပေါ်မှာ ကိုယ့်ကိုယ်ကိုယ် သတ်သေမှု အများဆုံး နိုင်ငံများ စာရင်းထဲမှာ ထိပ်ဆုံးက ရပ်တည် ခဲ့ပါတယ်။
ဒါပေမယ့် ကာကွယ်မှုတွေ၊ ပညာပေးမှုတွေ လုပ်ဆောင်ခဲ့ပြီးနောက် ၂၀၁၈ ခုနှစ်မှာတော့ ကမ္ဘာ့ အဆင့် ၄ ကို ကျဆင်း သွားခဲ့တယ်လို့ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီး WHO ရဲ့စာရင်းတွေမှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က ကိုယ့်ကိုယ်ကို သတ်သေမှုပေါင်း နှစ်သောင်း တထောင် ရှီခဲ့ပြီး ၂၀၀၃ ခုနှစ် က သုံးသောင်းလေးထောင့်နဲ့ ငါးရာ သတ်သေမှု ဖြစ်ပွား တာထက် စာရင် ကျဆင်းသွားခဲ့တာကို တွေ့ရပါတယ်။
ဒါပေမယ့် ကလေးသူငယ် အရွယ်တွေ ကိုယ့်ကိုယ်ကိုယ် သတ်သေမှု ဖြစ်ပွား တဲ့ နှုန်း ထား မြင့်တက် နေတာက အရေးတကြီး တားမြစ် နိုင်ဖို့ ကြိုးစား ဆောင်ရွက် ရမယ့် ကိစ္စ ဖြစ်ကြောင်း ပညာရေး ဝန်ကြီး နိုရီယာကီ ကီတာဇာကီ က ပြောဆို ခဲ့ပါတယ်။