တိုကျိုဆေးတက္ကသိုလ် အုပ်ချုပ်သူတွေက နစ်နာရသူတွေကို တောင်းပန်

တိုကျိုဆေးတက္ကသိုလ် အုပ်ချုပ်သူတွေက နစ်နာခဲ့ရသူတွေကို တောင်းပန်

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, တိုကျိုဆေးတက္ကသိုလ် အုပ်ချုပ်သူတွေက နစ်နာခဲ့ရသူတွေကို တောင်းပန်
ရေးသားခဲ့သည်။

ကျောင်းသူတွေကို ဝင်ခွင့်ရမှတ် ကန့်သတ်ခဲ့တဲ့ နာမည်ကျော် ဂျပန်ဆေးတက္ကသိုလ်ရဲ့ မန်နေဂျင်းဒါရိုက်တာက နစ်နာခဲ့တဲ့သူတွေကို တောင်းပန်လိုက်ပါတယ်။

၂ဝ၀၆ က စပြီး တိုကျိုဆေးတက္ကသိုလ်က ကျောင်းသူတွေရဲ့ ဝင်ခွင့်စာမေးပွဲ ရလဒ်တွေကို ပြင်ပစ်တယ်လို့ စုံစမ်းဖော်ထုတ် ခဲ့အပြီးမှာ အခုလိုလူသိထင်ရှား တောင်းပန်တာ ဖြစ်ပါတယ်။

ကျောင်းသူတွေအပေါ် ကန့်သတ်တဲ့ ဝင်ခွင့်စာမေးပွဲ ရလဒ်တွေကို ၄ ကြိမ်ထက်မနည်း ပြင်ပစ်တာကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

လာမယ့်စာသင်နှစ်မှာတော့ ကျောင်းသူတွေအတွက် ဝင်ခွင့်ရမှတ်ကို မျှမျှတတ ဖြစ်စေရမယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, လာမယ့်စာသင်နှစ်မှာတော့ ကျောင်းသူတွေအတွက် ဝင်ခွင့်ရမှတ်ကို မျှမျှတတ ဖြစ်စေရမယ်

လူထုရဲ့ယုံကြည်မှုကို သစ္စာဖောက်တဲ့ လုပ်ရပ်ကို လုပ်ခဲ့မိတဲ့အပေါ် အထူးတောင်းပန်ပါတယ်လို့ တိုကျိုဆေးတက္ကသိုလ်ရဲ့ မန်နေဂျင်းဒါရိုက်တာ တက်ဆုအို ယူကီယိုကာက သြဂုတ်လ ၇ ရက်က ပြုလုပ်တဲ့ စာနယ်ဇင်း ရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောပါတယ်။

လာမယ့်စာသင်နှစ်မှာတော့ ကျောင်းသူတွေအတွက် ဝင်ခွင့်ရမှတ်ကို မျှမျှတတ ဖြစ်စေရမယ်လို့ တိုကျိုဆေးတက္ကသိုလ် ဒုဥက္ကဋ္ဌက ပြောပါတယ်။

ဂျပန်ရဲ့ အကြီးဆုံး သတင်းစာကြီးဖြစ်တဲ့ ယိုမီယူရီရှင်ဘွန်းက တိုကျို ဆေးတက္ကသိုလ်က ကျောင်းသူ အရေအတွက်ကို ၃ဝ ရာခိုင်နှုန်းအောက်ပဲ ရှိအောင် ၂ဝ၁၁ က စပြီး ဝင်ခွင့် စာမေးပွဲ ရလဒ်တွေကို ပြင်ပစ်တယ်ဆိုတဲ့ သတင်းကို ဖော်ပြလိုက်ပြီးနောက် အခုလို ပြည်သူတွေအကြား ဂယက်ရိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

အမျိုးသမီးတွေဟာ ဆေးကျောင်းပြီးအောင် မတက်ကြတာ၊ ဆရာဝန်ဖြစ်ပြီး နောက်ပိုင်း အိမ်ထောင်သည် ဖြစ်သွားချိန်မှာ ဆေးကုတဲ့အလုပ်ကို စွန့်လွှတ်သွားကြလို့ ဆေးတက္ကသိုလ်ဘက်က အဲဒီ လုပ်တာလို့လည်း သတင်းတွေမှာ ဖော်ပြပါတယ်။

တိုကျို ဆေးတက္ကသိုလ်

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, တိုကျို ဆေးတက္ကသိုလ်

အမျိုးသမီးဘွဲ့ရတွေဟာ ကျန်းမာရေး လုပ်ငန်းခွင်တွေမှာ တကယ်ဝင်မလုပ်ကြတဲ့အတွက် ကျောင်းသူ အရေအတွက်လျှော့ဖို့ ဝင်ခွင့်ရမှတ်တွေ ပြင်ဖို့ အာဏာပိုင်တွေ တိတ်တဆိတ် နားလည်မှု ယူခဲ့တယ်ဆိုပြီး သတင်းရင်းမြစ်တခုကလည်း ဂျပန်သတင်းစာတစောင်ကို ပြောဆိုခဲ့ပါတယ်။

၂၀၁၀ မတိုင်ခင်ကတော့ ကျောင်းသူ ၄၀ ရာခိုင်နှုန်းကို ဝင်ခွင့်ပေးခဲ့တယ်လို့လည်း ဆိုပါတယ်။ ဒီလို ခွဲခြား ဆက်ဆံတယ် ဆိုတဲ့ သတင်းထွက်နေတာကို စုံစမ်း စစ်ဆေးမယ်လို့ ပုဂ္ဂလိက ဆေးတက္ကသိုလ်ဘက်က တုံ့ပြန်ပါတယ်။