ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အာဖဂန် ဗလီတစ်ခုမှာ အသေခံ ဗုံးခွဲ၊ ၂၇ဦး သေဆုံး
အာဖဂန် နစ္စတန် နိုင်ငံ၊ ကာဘူးမြို့တော်က ဗလီ တစ်ခုမှာ အသေခံ ဗုံးခွဲ တိုက်ခိုက်ခဲ့လို့ အနည်းဆုံး ၂၇ ယောက် သေဆုံးတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
မြို့အနောက်ပိုင်းက ရှီးယား မွတ်ဆလင်တွေရဲ့ ဗလီမှာ ဘာသာရေး အခမ်းအနား တစ်ခု ပြုလုပ်စဉ်အတွင်း အသေခံ ဗုံးခွဲသူ တစ်ယောက်က ဖောက်ခွဲခဲ့တာလို့ သတင်းတွေက ဆိုပါတယ်။
အနည်းဆုံး ၃၅ ယောက် ဒဏ်ရာရပြီး သေဆုံးသူ တိုးလာနိုင်တဲ့ အနေအထား ရှိနေပါတယ်။
IS အစ္စလာမ္မစ် နိုင်ငံအဖွဲ့က ဒီတိုက်ခိုက်မှုကို သူတို့ လုပ်တာလို့ ပြောပါတယ်။
အာဖဂန်က ရှီးယား မွတ်ဆလင်တွေအပေါ် ဆွန်နီ စစ်သွေးကြွအဖွဲ့ရဲ့ ပစ်မှတ်ထား တိုက်ခိုက်မှုတွေ လတ်တလော ဖြစ်ပွားနေရာမှာ ဒါက နောက်ဆုံးတစ်ခု ဖြစ်ပါတယ်။