ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အာဖဂန်မှာ ဒီနှစ်ထဲ ဘိန်းထွက်တိုးလာ
အာဖဂန်နစ္စတန်နိုင်ငံမှာ ၂၀၁၆အတွင်း ဘိန်းစိုက်ပျိုးမှု ၁၀ ရာခိုင်နှုန်းတက်လာတယ်လို့ ကုလသမဂ္ဂ ရာဇဝတ်မှုနဲ့ မူးယစ်ဆေးဝါးရုံးက ပြောဆိုလိုက်ပါတယ်။
အခုလို စိုက်ပျိုးမှုများလာတာကြောင့် အာဖဂန်မှာ ဘိန်းစိုက်ဧရိယာ ၂သိန်းကျော်အထိ ဖြစ်လာပါတယ်။
ဒီနှစ်ရာသီဥတုကောင်းနေတဲ့အတွက် ဘိန်းအထွက်နှုန်း မနှစ်ကထက် ၄၀ရာခိုင်နှုန်း ပိုထွက်မယ်လို့လည်း ဒီရုံးက ခန့်မှန်းထုတ်ပြန်ထားပါတယ်။
အာဖဂန်မှာ နိုင်ငံတကာ အကူအညီရတာ နည်းလာတာနဲ့ ဒေသတွင်းလုံခြုံရေး အားနည်းလာတာကြောင့် ဘိန်းစိုက်ခင်းအသစ်တွေလည်း တိုးလာတာ ဖြစ်ပါတယ်။
နိုင်ငံအတွင်းမှာ ဘိန်းခင်းဖျက်စီးမှုနှုန်းကလဲ ဟက်တာ သုံးရာကျော်ပဲရှိတဲ့အထိ ကျဆင်းသွားပါတယ်။