ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ပြင်သစ်ကို သွားရောက်မယ့် ခရီးစဉ်ကို သမ္မတ ပူတင် ပယ်ဖျက်
ဆီးရီးယား အရေးနဲ့ ပတ်သက်တဲ့ အငြင်းပွားမှုတွေ ပေါ်ပေါက်ခဲ့ပြီးနောက် ရုရှား သမ္မတ ဗလာ ဒီမီယာ ပူတင်က ပြင်သစ် နိုင်ငံကို သွားရောက်ဖို့ စီစဉ်ထားတဲ့ ခရီးစဉ်ကို ဖျက်သိမ်း လိုက်ပါတယ်။
သမ္မတ ပူတင်က အခုလ နှောင်းပိုင်းမှာ ပြင်သစ်ကို သွားရောက်ပြီး သမ္မတ ဖရန်ဆွာ ဟော်လွန်းဒ်နဲ့ တွေ့ဆုံဖို့နဲ့ အော်သိုဒေါ့စ် ဘုရားကျောင်း တစ်ခုကို ဖွင့်လှစ်ပေးဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။
ဒါပေမယ့် ပြင်သစ်သမ္မတက တွေ့ဆုံ ဆွေးနွေးမှုတွေ အားလုံးဟာ ဆီးရီးယား အရေးအတွက်ပဲ ဖြစ်သင့်တယ်လို့ ပြောဆိုခဲ့ပြီးနောက်မှာ သမ္မတ ပူတင်ရဲ့ ခရီးစဉ် အခုလို ပယ်ဖျက်လိုက်တဲ့ သတင်း ထွက်ပေါ်လာတာပါ။
ပြီးခဲ့တဲ့ စနေနေ့က ကုလ သမဂ္ဂ လုံခြုံရေး ကောင်စီမှာ ရုရှားနဲ့ ဆီးရီးယားတို့ရဲ့ အလက်ပိုမြို့အပေါ် ဗုံးကြဲ တိုက်ခိုက်မှုတွေကို ချက်ချင်းရပ်ဖို့ ပြင်သစ်ရဲ့ ဆုံးဖြတ်ချက်ကို ရုရှားက ဗီတို အာဏာနဲ့ ပယ်ချ ခဲ့ပါတယ်။
တနင်္လာနေ့မှာတော့ ပြင်သစ် သမ္မတ ဖရန်ဆွာ ဟော်လွန်းဒ်က အလက်ပိုမြို့ ဗုံးကြဲ တိုက်ခိုက်မှုတွေ အတွက် ရုရှား အနေနဲ့ စစ်ရာဇဝတ်မှု စွဲချက်တွေကို ရင်ဆိုင်ရနိုင်တယ်လို့ ရုပ်သံ အင်တာဗျူး တစ်ခုမှာ ပြောခဲ့ပါတယ်။
ဒီကနေ့ အင်္ဂါနေ့မှာ မစ္စတာ ပူတင်ရဲ့ ခရီးစဉ် ပယ်ဖျက်တဲ့ သတင်းကို ပူတင်ရဲ့ ပြောခွင့်ရသူကလည်း အတည်ပြု ပြောဆိုခဲ့ပါတယ်။