ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
နိုဘယ်ဆုရှင် ဒတ်စမွန် တူးတူး အကူအညီနဲ့ သေလို
ရေးသားခဲ့သည်။
တောင်အာဖရိကက ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဂိုဏ်းချုပ် ဘုန်းတော်ကြီး ဒတ်စမွန်တူးတူးက အချိန်တိုင်လာရင် သူများ အကူအညီနဲ့ သေရတာကို လိုလားတယ်လို့ ပြောကြား လိုက်ပါတယ်။
ဘဝနဲ့ ရှင်သန်ခြင်းရဲ့ တန်ဖိုးကို သူနားလည်ပေမယ့် ကုန်ကျစရိတ်တွေနဲ့ အသက်ရှင်ရတာကို သူမလိုလားဘူးလို့ ဝါရှင်တန်ပို့စ် သတင်းစာမှာ သူက ရေးသား ခဲ့ပါတယ်။
ဘုန်းတော်ကြီး ဒတ်စမွန်တူးတူး အသက် ၈၅ နှစ် ပြည့်သွားပါပြီ ။ ပြီးခဲ့တဲ့ နှစ်တွေ အတွင်း သူ ဆေးရုံတက်လိုက် ဆင်းလိုက် ဖြစ်နေခဲ့ပါတယ်။
သူ့ဘဝ နေဝင်ချိန် နီးလာပြီမို့ ဘယ်လို နိဂုံးသတ်ရမယ် ဆိုတာကိုပဲ နှလုံးသွင်းနေမိတယ်လို့လည်း ဒတ်စမွန် တူးတူးက ဆိုပါတယ်။