မြန်မာ့လက်ရွေးစင် အသင်းနည်းပြချုပ်အဖြစ် အန်တွမ်နီဟေး တာဝန်ယူမှာဖြစ်ပြီး ဦးကြည်လွင် လက်ထောက်နည်းပြ ဖြစ်လာ

ဓာတ်ပုံ ရင်းမြစ်, AFP
အာရှမှာ တစ်ချိန်က အောင်မြင်မှု ရခဲ့တဲ့ မြန်မာ့ လက်ရွေစင်အသင်းဟာ ဆိုးရွားတဲ့ ရလဒ်တွေကြောင့် နည်းပြချုပ် ရာဒူလိုဗစ်ကို ရာထူးက ထုတ်ပယ်လိုက်ပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ကတော့ မွန်တီနီဂရိုး နည်းပြချုပ်နဲ့ နှစ်ဖက် သဘောတူညီမှုအရ စာချုပ်ဖျက်သိမ်းပြီးနောက် နောက်ထပ် နည်းပြတစ်ဦးကို ထပ်မံ အပြောင်းလဲလုပ်ခဲ့တာပါ။
ရာဒူလိုဗစ်ဟာ ပြီးခဲ့တဲ့ ဧပြီလကမှ လက်ရွေးစင် အသင်းနည်းပြချုပ်အဖြစ် ခန့်အပ်ခံထားရသူဖြစ်ပြီး သူ့လက်ထက်မှာ လက်ရွေးစင်အသင်းဟာ ဆိုးရွားတဲ့ ရလဒ်တွေနဲ့ ဆက်တိုက် ကြုံတွေ့ခဲ့ရပြီး ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ ဆက်တိုက် ရှုံးပွဲတွေနဲ့ ရင်ဆိုင်ခဲ့ရတာပါ။ သူကိုင်တွယ်ခဲ့တဲ့ ၅ပွဲမှာ စင်ကာပူ တစ်သင်းထဲကိုပဲ ခြေစမ်းပွဲမှာ အနိုင်ရခဲ့ပြီး ၄ပွဲရှုံးခဲ့တာ ဖြစ်ပါတယ်။ အဆိုးရွားဆုံးက ကမ္ဘာ့ဖလား ခြေစစ်ပွဲ ၃ပွဲ ကန်ခဲ့အပြီးမှာ မွန်ဂိုးလီးယား၊ ဂျပန်၊ ကာဂျစ္စတန်တို့ကို ရှုံးခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီ ရှုံးခဲ့တဲ့ ၃ပွဲမှာ ၁၀ဂိုးအထိ ပေးခဲ့ရပြီး သွင်းဂိုးလုံး၀ မရှိခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
ဒီလို အနေအထားတွေကြောင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ကတော့ နည်းပြချုပ်နဲ့ လမ်းခွဲပြီးနောက် အရင် မြန်မာအသင်းကို ကိုင်ခဲ့ဖူးတဲ့ ဂျာမန် နည်းပြ အန်တိုနီယိုဟေးကို ပြန်လည် ခန့်အပ်ခဲ့ပါတယ်။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် နည်းစနစ် ကော်မတီကတော့ ကစားခဲ့ပြီးတဲ့ ရလဒ်တွေကို လေ့လာသုံးသပ်ခဲ့ပြီးနောက် အန်တိုနီဟေးကို နည်းပြချုပ်အဖြစ်နဲ့ ခန့်အပ်မှာဖြစ်သလို မြန်မာဘောလုံး ပရိသ်တွေရဲ့ အချစ်တော်နည်းပြ ဦးကြည်လွင်ကိုလည်း လက်ထောက်နည်းပြအဖြစ် ခန့်အပ်မှာ ဖြစ်ပါတယ်။ ဦးကြည်လွင်ဟာ မြန်မာ ယူ-၂၃အသင်းကို ၂၀၁၅ခုနှစ် ဆီးဂိမ်းစ်ပြိုင်ပွဲမှာ ဖိုင်နယ် အထိ တက်အောင် စွမ်းဆောင်ပေးခဲ့သူဖြစ်ပြီး ပရိသတ် ကြိုက်နှစ်သက်တဲ့ မြန်မာနည်းပြ တစ်ဦးလည်း ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
မြန်မာ့ လက်ရွေးစင်း အသင်း နည်းပြများ
အီဗန်ကိုလက်ဗ် ( ဘူဂေးရီးယား) - တိုက်ဂါးဖလား ဆီမီးဖိုင်နယ် ( ၂၀၀၄-၀၅)
ဆန်းဝင်း ( မြန်မာ) - မာဒေးကား ချန်ပီယံ ( ၂၀၀၆)
ဖလော်ပါ ( ဘရာဇီး) - မာဒေးကား ဒုတိယ ( ၂၀၀၇)
တင်မြင့်အောင် ( မြန်မာ) ၂၀၀၉
ဒရာဂိုမာမစ် ( ခရိုအေးရှား) - ၂၀၀၉ မှ ၂၀၁၀
မီလန် ဇီဘာဒီနိုဗစ် ( ဆားဘီးယား) - ၂၀၁၁
ပတ်ဆောင်ဟွာ ( တောင်ကိုရီးယား) - ၂၀၁၁ မှ ၂၀၁၃
ဂတ်ဇီ ( ဂျာမနီ) - ၂၀၁၅ မှ ၂၀၁၈
အန်တိုနီယိုဟေး ( ဂျာမနီ) - ၂၀၁၈
ရာဒူလိုဗစ် ( မွန်တီနီဂရိုး) - ၂၀၁၉
(ဦးဆန်းဝင်း၊ ဦးတင်မြင့်အောင်၊ ဦးဇော်ဝင်းထွန်း၊ ဦးမျိုးမင်းထွန်း လည်း ယာယီနည်းပြအဖြစ် ကိုင်ခဲ့ကြ )
အောင်မြင်မှု
အိုလံပစ် - ( ၁၉၇၂၊ အသန့်ရှင်းဆုံးဆု)
အာရှဖလား - ( ၁၉၆၈၊ ဒုတိယ )
အာရှအားကစားပြိုင်ပွဲ - ( ၁၉၆၆၊ ၇၀ ချန်ပီယံ)
တိုက်ဂါးဖလား/ အာဆီယံ ချန်ပီယံရှစ် - ဆီမီးဖိုင်နယ်၊ စတုတ္ထ








