BBC navigation

သမ္မတ ဦးသိန်းစိန်ကို ဖင်လန်မှာ ဆန္ဒပြ

နောက်ဆုံး ရေးသားချိန် 2 မတ်လ 2013 - 18:01 GMT

ဖင်လန်ရောက် မြန်မာ သမ္မတ

  • စနေနေ့က မြို့တော် ဟယ်ဆင်ကီးရဲ့ လွှတ်တော် အဆောက် အအုံ ရှေ့မှာ ဖင်လန်ရောက် မြန်မာတိုင်းရင်းသား ပေါင်းစုံ ၄၀ လောက် ဆန္ဒပြခဲ့ကြပြီး....
  • တောင်းဆိုချက် ၃ ခုပါ အိတ်ဖွင့် ပေးစာကို ဖင်လန် အစိုးရထံ ပေးအပ် ခဲ့ပါတယ်။
  • ၂၀၀၈ ဖွဲ့စည်းပုံ ပြင်နိုင်အောင် ဖင်လန် အစိုးရက မြန်မာအပေါ် ဖိအားပေး ဆောင်ရွက်ရန်၊ ဖင်လန်ရဲ့ အကူအညီတွေ တကယ်လိုအပ်တဲ့ ပြည်သူတွေဆီ ရောက်တဲ့ထိ ဆောင်ရွက်ရန်၊ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကြား စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရရှိအောင် ကူညီဆောင်ရွက်ရန် ဆိုတဲ့ အချက် ၃ ချက်ဖြစ်ပါတယ်။
  • ဖင်လန် နိုင်ငံသားတွေပါ ဆန္ဒပြပွဲမှာ ပါဝင်ခဲ့ကြ။
  • သောကြာနေ့ကတော့ သမ္မတ ဦးသိန်းစိန်နဲ့ ဖင်လန် သမ္မတ Sauli Niinisto တို့ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲ လုပ်။
  • မြန်မာ ပြည်သူတွေ အတွက် အကျိုးဖြစ်စေပြီး သဘာဝ ပတ်၀န်းကျင်ကို မထိခိုက်စေအောင် ဆောင်ရွက် နိုင်တဲ့ ဖင်လန်က ကုမ္ပဏီတွေ မြန်မာပြည်မှာ ရင်းနှီးမြှပ်နှံဖို့ အတွက် ဆွေးနွေး။
  • ဖင်လန်ဘက်က နောက်နှစ် ၂၀၁၄ က စပြီး ၃ နှစ်တာ ကာလအတွက် ယူရို ၆ ဒသမ ၅ သန်း ဖွံ့ဖြိုးရေး အကူအညီပေးမယ်လို့ ကတိပြုခဲ့ပါတယ်။
  • ဆန္ဒပြမှုတွေ ရှိခဲ့ပြီးနောက် ဥရောပမှာ ရှိတဲ့ မြန်မာနိုင်ငံသားတွေရဲ့ ဆန္ဒတွေကိုလည်း နားထောင် သွားဖို့ ရှိတယ်လို့ သမ္မတ ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောပါတယ်။
  • ဖင်လန် သမ္မတဟောင်း ငြိမ်းချမ်းရေး နိုဗဲလ်ဆုရှင် Martti Ahtisaari နဲ့လည်း တွေ့ဆုံခဲ့။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။