တတိယမြောက် ချားလ်စ်ဘုရင် နန်းတက်ဘိသိက်ခံပွဲ - ဘုရင်နဲ့မိဖုရားတို့ ဘက်ကင်ဟမ်နန်းတော်ပြန်ပြီ

လန်ဒန်မြို့ ဝက်စမင်စတာ ဘုရားကျောင်းမှာ ကျင်းပတဲ့ ချားလ်စ်ဘုရင်ရဲ့ နန်းတက်ဘိသိက်ခံပွဲ တိုက်ရိုက်တင်ဆက်မှု

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. မိုးရွာလာတဲ့ကြားက နန်းတက်ပွဲကို သောင်းသောင်းဖြဖြ ကြိုဆိုကြတဲ့ ပြည်သူ

    ဝက်စ်မင်စတာ ဘုရားကျောင်းမှာ ကျင်းပမယ့် နန်းတက်ပွဲအတွက် ဘက်ကင်ဟမ် နန်းတော်က ထွက်လာတဲ့ ချားလ်စ်ဘုရင်ကို ပြည်သူတွေက Whitehall ကနေ စောင့်ကြိုနေကြတာကို တွေ့ရပါတယ်။

    ဘက်ကင်ဟမ်နန်းတော် ကနေဒါဂိတ်ကနေ ဘုရင်ကြီးနဲ့ မိဖုရားတို့ ထွက်မလာခင်ကတည်းက မိုးရွာနေခဲ့ပြီး စာနယ်ဇင်းသမားတွေရဲ့ ခပ်တိုးတိုး အသံကလွဲလို့ အားလုံးက တိတ်ဆိတ်စွာ စောင့်နေခဲ့ကြပါတယ်။

    ရှေ့ပြေး တပ်သားတွေက ဗုံတွေတီး ခရာတွေ မှုတ်ခါ ထွက်လာကြပြီး ဘုရင်နဲ့ ဘုရင်မတို့ကိုလည်း the Mall လမ်းမပေါ်က မိုးရွာထဲမှာ စောင့်နေတဲ့ လူအုပ်က စမြင်ရတဲ့အခါမှာတော့ ဟေးခနဲ အားပေးသံတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။

    ဘုရင်ကြီး ချားလ်စ်ကတော့ ဝက်စ်မင်စတာ ဘုရားကျောင်းကို အခမ်းအနား မကျင်းပခင် ၁၀ မိနစ်လောက်အလိုမှာ အချိန်မှီ ရောက်ရှိလာခဲ့ပါတယ်။

    coronation

    ဓာတ်ပုံ ရင်းမြစ်, Reuters

  2. ပေါ့ပါး ရွှင်မြူးနေပုံပေါ်တဲ့ သားတော် မင်းသား ဟယ်ရီ

    မင်းသားဟယ်ရီ

    ဓာတ်ပုံ ရင်းမြစ်, Reuters

    ဓာတ်ပုံ ပုံစာ, မင်းသား ဟယ်ရီ

    တတိယမြောက် ချားလ်စ် ဘုရင်ရဲ့ ဘိသိက်ပွဲကို သားတော် ဆက်စက်မြို့စား မင်းသား ဟယ်ရီလည်း တက်ရောက်လာပါတယ်။

    ဝမ်းကွဲမောင်နှမတွေဖြစ်တဲ့ မင်းသမီး ဘီယာထရစ်၊ မင်းသမီး ယူဂျင်းတို့နဲ့အတူ ဝက်စ်မင်းစတာဘုရားကျောင်းထဲကို အတူဝင်လာတဲ့ မင်းသား ဟယ်ရီတစ်ယောက် ပေါ့ပါး ရွှင်မြူးနေပုံပေါ်နေပါတယ်။

    ဒီနေ့ ဘိသိက်ပွဲကိုတော့ မင်းသားဟယ်ရီရဲ့ ဇနီး ဆက်စက်မြို့စားကတော် မက်ဂန်မာကဲ တက်ရောက်တာ မတွေ့ရပါဘူး။

  3. ဘုရင်နဲ့ မိဖုရားတို့ နန်းတော်ကနေ ထွက်ခွာ

    တတိယမြောက် ချားလ်စ် ဘုရင်နဲ့ မိဖုရား ကမီလာတို့ ဟာ ဘာကင်ဟမ် နန်းတော် ကနေ ထွက်ခွာပြီး နန်းတက်ဘိသိက်ခံမယ့် ဝက်စ်မင်စတာ ဘုရားကျောင်းကို သွားရောက်နေပါပြီ။ လမ်းတစ်လျှောက်မှာ လူတွေကလည်း သောင်းသောင်းဖျဖျကြိုဆိုနေကြပါတယ်။

    ဘုရင်နဲ့ မိဖုရားတို့ နန်းတော်ကနေ ထွက်ခွာ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ဘုရင်နဲ့ မိဖုရားတို့ နန်းတော်ကနေ ထွက်ခွာ
  4. နန်းတက်ပွဲဧည့်သည်တော် အမေရိကန်သမ္မတကတော်

    အမေရိကန်သမ္မတကတော်

    ဓာတ်ပုံ ရင်းမြစ်, Reuters

    နန်းတက်ပွဲကျင်းပမယ့် ဝက်စမင်စတာ ဘုရားကျောင်းထဲကို ဧည့်သည်တော်တွေ တဖွဲဖွဲဝင်လာနေချိန်မှာပဲ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ဇနီး သမ္မတကတော် ဂျေးလ် ဘိုင်ဒန်လည်း မြေးဖြစ်သူနဲ့အတူ ရောက်လာတာမြင်ရပါတယ်။

    သမ္မတကတော်ဟာ မိုးကုတ်သဘာဝနီလာ‌ကျောက်အရောင် အပြာ‌ရောင်ဝတ်စုံကို ဝတ်ဆင်ပြီး ပွဲကိုတက်ရောက်လာတာမြင်ရပါတယ်။

    မြေးဖြစ်သူ ဖင်းနဂန်(ဝဲ)နဲ့အတူ ခန်းမထဲ ဝင်လာတဲ့သမ္မတ ကတော်

    ဓာတ်ပုံ ရင်းမြစ်, Reuters

    ဓာတ်ပုံ ပုံစာ, မြေးဖြစ်သူ ဖင်းနဂန်(ဝဲ)နဲ့အတူ ခန်းမထဲ ဝင်လာတဲ့သမ္မတ ကတော်

    ဒါပေမဲ့ သမ္မတဘိုင်ဒန်တော့ ဒီနေ့နန်းတက်ပွဲကို တက်ရောက်တာမတွေ့ရပါဘူး။

  5. ဘုရင်စနစ် ဆန့်ကျင်ရေး ဆန္ဒပြသူတွေ အဖမ်းခံရ

    ဘုရင်စနစ် ဆန့်ကျင်ရေး အဖွဲ့တခုဖြစ်တဲ့ Republic က ဆန္ဒပြသူကို ဒါဇင်ဝက်လောက်ကို လန်ဒန်ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။

    အဲဒီ ဆန္ဒပြသူတွေဟာ လန်ဒန်မြို့တွင်း ထရာဖားလ်ဂါး ရင်ပြင် မြောက်ဘက်မှာ ဆန္ဒပြ ဆိုင်းဘုတ်တွေ သယ်လာတဲ့ ဗင်ကားပေါ်က ဆင်းလာတဲ့အချိန် အခုလို အဖမ်းခံလိုက်ရတာ ဖြစ်ပါတယ်။

    သူတို့သယ်လာတဲ့ ဆိုင်းဘုတ်တွေမှာ တပ်ထားတဲ့ ကြိုးတွေကို အများပြည်သူနေရာတွေမှာ ခန္ဓာကိုယ်နဲ့ တခုခု သော့ခတ်ပြီး ပိတ်ဆို့ ဆန္ဒပြမယ်လို့ ရဲက မှားယွင်းယူဆတဲ့အတွက် ဒီလို အဖမ်းခံရတာလို့ အဖမ်းခံရသူ တဦးဖြစ်တဲ့ မက်တမ်းဘူးက ဆိုပါတယ်။

    ယူကေနိုင်ငံမှာ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းကပဲ အခုလို အများပြည်သူနေရာမှာ ခန္ဓာကိုယ်နဲ့ တခုခု သော့ခတ်ပြီး ဆန္ဒပြတာက တရားမဝင်ဘူးဆိုပြီး လတ်တလော ဥပဒေ ပြဌာန်းထားတာ ဖြစ်ပါတယ်။

    coronation

    ဓာတ်ပုံ ရင်းမြစ်, Reuters

  6. နန်းတက်ပွဲမတိုင်ခင် မနက်ခင်းပိုင်းမှာ ပထမဆုံး မြင်ရတဲ့ချားလ်စ် ဘုရင်

    နန်းတက်ပွဲမတိုင်ခင် မြင်ရတဲ့ ချားလ်စ် ဘုရင်

    ဓာတ်ပုံ ရင်းမြစ်, Reuters

    တတိယမြောက် ချားလ်စ် ဘုရင်ကို သူ့ရဲ့နန်းတက်ပွဲမတိုင်ခင်မှာ ဒီကနေ့ ပထမဆုံးမြင်တွေ့ရတာဖြစ်ပါတယ်။

    နန်းတက်ပွဲမတိုင်ခင် ကားတစ်စီးထဲမှာ တဒင်္ဂမြင်တွေ့ရတာဖြစ်ပါတယ်။

  7. နန်းတက်ပွဲ စီတန်းလှည့်လည်ရာ လမ်းမှာ ပရိသတ်တွေ ကြိုဆိုနေကြ

    ပရိသတ်တွေ

    ဓာတ်ပုံ ရင်းမြစ်, Reuters

  8. ဝက်စမင်စတာဘုရားကျောင်းထဲမှာ ဧည့်သည်တော်တွေ စတင်ရောက်ရှိ

    ဝက်စမင်စတာ ဘုရားကျောင်းထဲကို ဧည့်သည်တွေတော် ရောက်ရှိလာကြပြီ ဖြစ်ပါတယ်။ သူတို့အတွက် သတ်မှတ်ပေးထားတဲ့နေရာတွေမှာ အကောင်းဆုံး ဝတ်စုံတွေ၊ တောက်ပတဲ့ ဝတ်စုံတွေနဲ့ ဦးထုပ်တွေ ဆောင်းပြီး တက်ရောက်နေရာ ယူထားကြပြီ ဖြစ်ပါတယ်။

    ဧည့်သည်တော်တွေ ရောက်ရှိ

    ဓာတ်ပုံ ရင်းမြစ်, Reuters

  9. မင်္ဂလာပါ။ တတိမြောက် ချားလ်စ်ဘုရင်ရဲ့ နန်းတက်ဘိသိက်ခံပွဲကို ဒီကနေ့ စနေနေ့မှာ ဒေသစံတော်ချိန် မနက် ၁၁ နာရီမှာ လန်ဒန်မြို့ ဝက်စမင်စတာ ဘုရားကျောင်းမှာ ကျင်းပမှာ ဖြစ်ပါတယ်။ ဒီစာမျက်နှာကနေ အဲဒီအခမ်းအနား ကျင်းပပုံတွေကို တိုက်ရိုက်တင်ဆက်ပေးမှာ ဖြစ်ပါတယ်။ အဲဒီအခမ်းအနားမတင်ဆက်မီမှာ အခမ်းအနားဘယ်လိုကျင်းပမယ်ဆိုတာနဲ့ ချားလ်စ်ဘုရင် အကြောင်း စတာတွေကို အထူးစုစည်းထားတဲ့စာမျက်နှာမှာလည်း ဖတ်ရှု၊ ကြည့်ရှုနိုင်ကြပါတယ်။