နယူးမက္ကဆီကိုပြည်နယ်မှာ ဘိုင်ဒန် နိုင်ခြေရှိ
နယူးမက္ကဆီကိုပြည်နယ်မှာ ဘိုင်ဒန် နိုင်ခြေရှိတယ်လို့ ခန့်မှန်းထားပါတယ်။
တချိန်တုန်းက အကြိတ်အနယ် ပြိုင်ခဲ့ရတဲ့ ပြည်နယ်တစ်ခု ဖြစ်ခဲ့တဲ့ နယူးမက္ကဆီကိုပြည်နယ်ဟာ အခုနောက်ပိုင်း ရွေးကောက်ပွဲတွေမှာ ဒီမိုကရက်တွေဘက်ကို အကြီးအကျယ် ယိမ်းသွားခဲ့ပါတယ်။ နယ်စပ် နယူးမက္ကဆီကိုပြည်နယ်ရဲ့ လက်တင်အမေရိကနွယ်ဖွား မဲဆန္ဒရှင်တွေဆီက ထောက်ခံအားပေးမှုတွေ တိုးပွားလာတာကြောင့် ၂၀၁၆ ခုနှစ်မှာ ဟီလာရီ ကလင်တန် အနိုင်ရခဲ့ပါတယ်။

















