လင်ကွန်း အထိမ်းအမှတ် ရုပ်ထုနား, ဂီတပွဲ ရှိခဲ့တဲ့ လင်ကွန်း အထိမ်းအမှတ် ရုပ်ထုနား
ပြီးခဲ့တဲ့ညက ဂီတပွဲ ရှိခဲ့တဲ့ လင်ကွန်း အထိမ်းအမှတ် ရုပ်ထုနား ထရမ့် ဇနီး မောင်နှံ ရောက်လာပြီ။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အမေရိကန်ရဲ့ ၄၅ ယောက်မြောက် သမ္မတဖြစ်လာမယ့် ဒေါ်နယ် ဂျေ ထရမ့်
ပြီးခဲ့တဲ့ညက ဂီတပွဲ ရှိခဲ့တဲ့ လင်ကွန်း အထိမ်းအမှတ် ရုပ်ထုနား ထရမ့် ဇနီး မောင်နှံ ရောက်လာပြီ။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ထရမ့်နဲ့ မလားနီးယား ဇနီး မောင်နှံ ဘလဲ စံအိမ်ကနေ ထွက်လာပြီး အိမ်ဖြူတော် အနီးက စိန့်ဂျွန် Episcopal ချာ့ချ် ဘုရားကျောင်းမှာ ဝတ်ပြု ဆုတောင်း နေပါတယ်။
ထရမ့်က ဝတ်နေကျ အတိုင်း နက်တိုင် လည်စည်း အနီ ဝတ်ထားပြီး၊ မလာနီးယား ကတော့ အပြာနုရောင် ဒရက်စ် ဝတ်ထားပါတယ်။
သူတို့နဲ့ အတူ သမီး ဖြစ်သူ အီဗန်ကာနဲ့ သားမက် ဂျားရက် ခွတ်ရှ်နာ တို့လည်း အတူ ရှိနေပါတယ်။

အမေရိကန် ရဲ့ ၁၅ ယောက် မြောက် သမ္မတ ဂျိမ်းစ် ဘတ်ခန်နန် ရဲ့ ၁၈၅၇ ခုနှစ် ကျမ်းကျိန်ပွဲဟာ ဓာတ်ပုံနဲ့ မှတ်တမ်း တင်နိုင်တဲ့ ပထမဆုံး ကျမ်းကျိန်ပွဲ ဖြစ်ပါတယ်။

အမေရိကန် ခေတ်သစ် သမိုင်းမှာ စိတ် ဂနာ မငြိမ် ဖြစ်စရာ အကောင်း၊ အမေရိကန် အုပ်ချုပ်သူ ရေပေါ်ဆီ တွေကြား စိတ်ဝမ်းကွဲမှု အများဆုံး သမ္မတသစ် ကျမ်းကျိန်ပွဲပဲ လို့ ရုရှား လွှတ်တော် ဒူမားရဲ့ နိုင်ငံခြားရေး ကော်မတီ ဥက္ကဌ အလက်ဇီ ပွတ်ရှ်ကော့ဗ်က တွိ လုပ်ပါတယ်။
ထရမ့် အနေနဲ့ အခက်အခဲတွေ ရင်ဆိုင် ရလိမ့်မယ် ဆိုပြီး တော့လည်း မစ္စတာ ပွတ်ရှ်ကော့ဗ် မှတ်ချက် ချပါတယ်။

အမေရိကန် သမ္မတသစ် ကျမ်းကျိန် မယ့်နေ့မှာ ထရမ့်နဲ့ ပတ်သက်တဲ့ နိုင်ငံတကာ ဆန္ဒပြပွဲတွေ ပေါ်ပေါက်နေ။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ရင်းမြစ်, Getty Images
မစ္စတာ ထရမ့်ဟာ သမ္မတ အဖြစ် ကျမ်းသစ္စာ ကျိမ်ဆိုရမယ့် နေ့မှာ သူ့ရဲ့ တွစ်တာ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ပထမဆုံး ပို့စ်ရေးသား ခဲ့ပြီ ဖြစ်ပါတယ်။
အရာအားလုံး ဒီကနေ့ စပြီ။ ၁၁ နာရီမှာ ကျမ်းသစ္စာ ဆိုဖို့ တွေ့ကြမယ် အစ ရှိသဖြင့် ရေးသား ထားတာ တွေ့ရပါတယ်။

ဂျပန် ဝန်ကြီးချုပ် ရှင်ဇို အာဘေးဟာ အမေရိကန် သမ္မတ ရွေးကောက်ပွဲ အပြီး ထရမ့်နဲ့ တွေ့ခဲ့တဲ့ ပထမဆုံး နိုင်ငံခြား တိုင်းပြည် တစ်ခုရဲ့ ခေါင်းဆောင်ပါ။
အမေရိကန်-ဂျပန် တို့ရဲ့ မဟာမိတ် ဆက်ဆံရေးဟာ ဂျပန် နိုင်ငံရဲ့ သံတမန် ရေးရာနဲ့ လုံခြုံရေး အတွက် အရေး အပါဆုံး အခြေခံ အုတ်မြစ်ပဲ အဖြစ် အမြဲ ရှိနေခဲ့တဲ့ အတိုင်း လက်ရှိ မှာရော၊ အနာဂတ် မှာပါ ဆက်လက် တည်မြဲ သွားမယ် ဆိုပြီး ဝန်ကြီးချုပ် အာဘေးက ဂျပန် ပါလီမန်ကို ပြီးခဲ့တဲ့ သောကြာနေ့က ပြောခဲ့ပါတယ်။
အမေရိကန် သမ္မတသစ် ဖြစ်လာမယ့် ဒေါ်နယ် ထရမ့် အတူ နှစ်နိုင်ငံ မဟာမိတ် ဆက်ဆံရေးကို ပိုပြီး အားကောင်းစေဖို့ မကြာခင် မှာပဲ အမေရိကန်ကို သွားမယ်လို့ ဝန်ကြီးချုပ် အာဘေးက ဆိုထားပါတယ်။
����ל��
