အမေရိကန်ရွေးကောက်ပွဲ - ‌‌ ထရမ့် အနိုင်ရပြီး တကျော့ပြန်သမ္မတဖြစ်လာမယ်

နိုဝင်ဘာ ၆ ရက် အမေရိကန်စံတော်ချိန် မနက်ပိုင်းမှာပဲ သမ္မတဟောင်းထရမ့် ပြန်အနိုင်ရသွားပြီး အမေရိကန်ရဲ့ ၄၇ ဆက်မြောက်သမ္မတဖြစ်လာပါပြီ။

အနှစ်ချုပ်

  • ထရမ့်က သူအနိုင်ရပြီလို့ ကြေညာပြီးတဲ့နောက်မှာ ယူကေအပါအဝင် နိုင်ငံခေါင်းဆောင်တချို့က ဂုဏ်ပြုကြောင်းပြောကြား
  • မက်စ်ဟာ ရီပတ်ဘလီကန်ပါတီရဲ့ ''တက်သစ်စ ကြယ်ပွင့်ပဲ'' - ဒေါ်နယ်ထရမ့်
  • လုပ်ကြံရန်ကြိုးပမ်းခံရမှုကနေ လွတ်ခဲ့တာ အကြောင်းမဲ့မဟုတ်ဘူးလို့ ထရမ့်ပြော
  • “ကျွန်တော်တို့ နိုင်ငံကို အနာကျက်အောင် ကုသပေးမှာပါ” - ဒေါ်နယ် ထရမ့်
  • အထက်လွှတ်တော်ကို ရီပတ်လီကန်တွေ ထိန်းချုပ်တော့မှာလား
  • အကြိတ်အနယ်ပြိုင်ရမယ့်နေရာပြည်နယ်ဆုကို ထရမ့်ယူပြီလား
  • ထရမ့်ရဲ့ “မိန့်ခွန်း” ကို ရီပတ်ဘီလီကန်ထောက်ခံသူတွေစောင့်ဆိုင်းနေကြ
  • “ထရမ့်ခေတ်ကို ထပ်ပြီး ဖြတ်သန်းနိုင်ပါ့မလား မသိဘူး” - ဒီမိုကရက်တစ်ထောက်ခံသူတစ်ဦးစောင့်ကြည့်ရမယ့် ပြည်နယ် ၇ ခုလုံးမှာ ကနဦးရလဒ် ထရမ့် ဦးဆောင်နေ
  • ဂျော်ဂျီယာမှာ ထရမ့် အနိုင်ရဖို့ နီးပြီ၊ ၃ ရာခိုင်နှုန်းအသာနဲ့ ထရမ့်က ဟဲရစ်ကို ဦးဆောင်နေ
  • မဲယိမ်းပြည်နယ် ၆ ခုထဲက ၃ ခုမှာ ထရမ့်အသာစီးဆက်ရနေ
  • ကိုလံဘီယာခရိုင်အပါအဝင် ပြည်နယ် ၄၀ ကျော်က မဲရုံတွေပိတ်လိုက်ပါပြီ။
  • ကနဦးမဲရလဒ်တွေနဲ့ ကောက်ချက်ချမစောသင့်၊ အိမ်ဖြူတော်ကိုရောက်နိုင်ဖိုအတွက် အဆုံးဖြတ်ပေးနိုင်မယ့် ပြည်နယ် (၇) ခုထဲက အနည်းဆုံး (၃) ခု မှာ အနိုင်ရဖို့လို
  • အဆုံးအဖြတ်ပေးနိုင်တဲ့ပြည်နယ် ၇ ခုထဲက ပြည်နယ် ၃ ခုမှာ မဲရုံတွေပိတ်လိုက်ပြီ၊ အမျိုးသမီးမဲဆန္ဒရှင် ၅၄ ရာခိုင်နှုန်းက ဟဲရစ်ကိုထောက်ခံပြီး ထရမ့်ကို ၄၄ ရာခိုင်နှုန်းထောက်ခံ
  • အကြွေစေ့ ခေါင်းနဲ့ပန်းလိုပဲ ကျောချင်းကပ်နေပေမယ့် အမြင်တွေမတူကွဲပြားပြီး အကြိတ်အနယ်အားပြိုင်နေတဲ့ ပါတီကိုယ်စားလှယ်တွေ
  • ပန်ဆယ်ဗေးနီးယားပြည်နယ်၊ ဖီလာဒဲလ်ဖီးယားမြို့မှာ မဲလိမ်မှုရှိတယ်လို့ ထရမ့်ပထမဆုံးစွပ်စွဲ
  • ပန်ဆယ်ဗေးနီးယားပြည်နယ်က မဲရုံထဲ လုံခြုံရေးတင်းကြပ်ထားသလို ပါတီနဲ့ဆက်စပ်တဲ့ မဲရေတွက်စောင့်ကြည့်လေ့လာသူတွေကိုလည်း စည်းကမ်းတင်းကြပ်ထား
  • ဒေါ်နယ် ထရမ့်နဲ့ ကာမလာ ဟဲရစ်တို့ အကြိတ်အနယ် ယှဉ်ပြိုင်နေကြတဲ့ ရွေးကောက်ပွဲအတွက် အမေရိကန်နိုင်ငံတဝန်းမှာ ပြည်သူသန်းပေါင်းများစွာ မဲပေးနေကြပြီး မဲပေးတဲ့ နောက်ဆုံးနာရီတွေကို ရောက်လာပါပြီ။ ပြည်နယ်တချို့မှာ မဲရုံတွေ စပိတ်နေပါပြီ။
  • မဲပေးခဲ့သူတွေဆီက အစောဆုံး မဲရုံထွက်စစ်တမ်းရလဒ်တွေအရ ဒီမိုကရေစီရေးနဲ့ စီးပွားရေးကို အရေးကြီးဆုံး ကိစ္စရပ်တွေအဖြစ် သတ်မှတ်ပြီး သမ္မတလောင်း ရွေးချယ်မဲပေးခဲ့ကြတယ်လို့ သိရပါတယ်။
  • ထရမ့်က ဖလော်ရီဒါမှာ မဲလာထည့်ခဲ့ပြီး ဟဲရစ်က ပြီးခဲ့တဲ့ သီတင်းပတ်က စာတိုက်ကနေ ကြိုတင်မဲထည့်ခဲ့ပါတယ်။
  • ဟဲရစ်က အမျိုးသမီးတွေ သန္ဓေသားလောင်း ဖျက်ချခွင့်ကို ထောက်ခံပြောဆိုခဲ့ပြီး လုပ်ငန်းခွင်ဝင် မိသားစုတွေအတွက် အစားအသောက်နဲ့ နေထိုင်မှုစရိတ်တွေ လျော့ကျအောင် ဆောင်ရွက်ပေးမယ်လို့ ကတိပြုခဲ့ပါတယ်။
  • ထရမ့်က နယ်စပ်တွေ လုံခြုံအောင် တားဆီးဆောင်ရွက်သွားမယ်လို့ ကတိပြုခဲ့ပြီး ဒေါ်လာ ထရီလျံပေါင်းများစွာ အခွန်လျှော့ချပေးမယ်လို့ ကတိပြုခဲ့ပါတယ်။
  • အမေရိကန်ပြည်သူတွေက သမ္မတကိုပဲ ရွေးကောက် တင်မြှောက်မှာ မဟုတ်ပါဘူး။ အမေရိကန် ကွန်ဂရက်လွှတ်တော်က အမတ်တွေကိုလည်း ရွေးချယ် မဲပေးကြမှာဖြစ်ပြီး ပြည်နယ်တချို့မှာဆိုရင် သန္ဓေသားလောင်း ဖျက်ချခွင့် ရှိမရှိ ဆိုတာကိုပါ မဲပေးကြမှာ ဖြစ်ပါတယ်။
  • ရွေးကောက်ပွဲနေ့ မတိုင်ခင်ကတည်းက လူ ၈၂ သန်းကျော် ကြိုတင်မဲ ပေးခဲ့ကြပြီး ဖြစ်ပါတယ်။ လူထုစစ်တမ်း ရလဒ်တွေအရ သမ္မတလောင်း နှစ်ဦးအပေါ် ထောက်ခံမဲတွေက မတိမ်းမယိမ်း အခြေအနေမှာ ရှိနေတယ်လို့ သိရပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ဓာတ်ပုံ စုစည်းချက် - အမေရိကန်ရဲ့ အီလက်ထရောနစ် မဲပေးစက်အလုပ်လုပ်ပုံ

    အမေရိကန်ပြည်ထောင်စုမှာ ကျင်းပနေတဲ့ ရွေးကောက်ပွဲမှာ အသုံးပြုတဲ့ အီလက်ထရောနစ် မဲပေးစက် မြင်ကွင်း စုစည်းချက်ဖြစ်ပါတယ်။

    တစ်ချိန်တည်းမှာပဲ ပြည်နယ်ပေါင်း ၅၀ ရှိတဲ့ အမေရိကန်ပြည်ထောင်စုမှာ ဒေသစံတော်ချိန်အရ မဲရုံတွေအစောဆုံးဖွင့်ခဲ့တဲ့ နိုင်ငံအရှေ့ပိုင်းပြည်နယ်တွေမှာ မဲရုံတွေလည်း တဖြည်းဖြည်းပိတ်လာပြီဖြစ်ပါတယ်။

    မီချီဂန် ပြည်နယ်မှာ မဲရုံတွေပိတ်တဲ့အခါ  ကာလာမာဇူးမြို့က မဲရုံတစ်ခုမှာ မဲရုံဝန်ထမ်း ၂ ဦးက နောက်ဆုံးမဲထည့်စက်ကို ပိတ်လိုက်တာဖြစ်ပါတယ်

    ဓာတ်ပုံ ရင်းမြစ်, EPA

    ဓာတ်ပုံ ပုံစာ, မီချီဂန် ပြည်နယ်မှာ မဲရုံတွေပိတ်တဲ့အခါ ကာလာမာဇူးမြို့က မဲရုံတစ်ခုမှာ မဲရုံဝန်ထမ်း ၂ ဦးက နောက်ဆုံးမဲထည့်စက်ကို ပိတ်လိုက်တာဖြစ်ပါတယ်
    လူကိုယ်တိုင်လာရောက်ပေးပို့တဲ့ အီလက်ထရောနစ်မဲပေးစက်တွေက ထုတ်ထားတဲ့ မမ်မိုရီကဒ်တွေကို ဂျော်ဂျီယာပြည်နယ်၊ ယူနီယံမြို့က မြို့နယ်အဆင့်မဲရုံမှာ မြို့နယ်အဆင့် ရွေးကောက်ပွဲဝန်ထမ်းက ချိတ်ပိတ်ထားတဲ့ အိတ်တွေ ထဲကနေ ထုတ်နေတာဖြစ်ပါတယ်

    ဓာတ်ပုံ ရင်းမြစ်, EPA

    ဓာတ်ပုံ ပုံစာ, လူကိုယ်တိုင်လာရောက်ပေးပို့တဲ့ အီလက်ထရောနစ်မဲပေးစက်တွေက ထုတ်ထားတဲ့ မမ်မိုရီကဒ်တွေကို ဂျော်ဂျီယာပြည်နယ်၊ ယူနီယံမြို့က မြို့နယ်အဆင့်မဲရုံမှာ မြို့နယ်အဆင့် ရွေးကောက်ပွဲဝန်ထမ်းက ချိတ်ပိတ်ထားတဲ့ အိတ်တွေ ထဲကနေ ထုတ်နေတာဖြစ်ပါတယ်
    ဂျော်ဂျီယာ ပြည်နယ်၊ ယူနီယံမြို့က မြို့နယ်အဆင့်မဲရုံမှာ မြို့နယ်အဆင့် ရွေးကောက်ပွဲဝန်ထမ်းတွေက မဲတွေရေတွက်ဖို့ ကြိုတင်မဲပေးစက်တွေထဲကနေ မမ်မိုရီ ကဒ်ကို ဖြုတ်နေတာဖြစ်ပါတယ်

    ဓာတ်ပုံ ရင်းမြစ်, EPA

    ဓာတ်ပုံ ပုံစာ, ဂျော်ဂျီယာ ပြည်နယ်၊ ယူနီယံမြို့က မြို့နယ်အဆင့်မဲရုံမှာ မြို့နယ်အဆင့် ရွေးကောက်ပွဲဝန်ထမ်းတွေက မဲတွေရေတွက်ဖို့ ကြိုတင်မဲပေးစက်တွေထဲကနေ မမ်မိုရီ ကဒ်ကို ဖြုတ်နေတာဖြစ်ပါတယ်
    ဂျော်ဂျီယာ ပြည်နယ်၊ ယူနီယံမြို့က မြို့နယ်အဆင့်မဲရုံမှာ မြို့နယ်အဆင့် ရွေးကောက်ပွဲဝန်ထမ်းတွေက မဲတွေရေတွက်ဖို့ ကြိုတင်မဲပေးစက်တွေထဲကနေ မမ်မိုရီ ကဒ်ကို ဖြုတ်နေတာဖြစ်ပါတယ်

    ဓာတ်ပုံ ရင်းမြစ်, EPA

    ဓာတ်ပုံ ပုံစာ, ဂျော်ဂျီယာ ပြည်နယ်၊ ယူနီယံမြို့က မြို့နယ်အဆင့်မဲရုံမှာ မြို့နယ်အဆင့် ရွေးကောက်ပွဲဝန်ထမ်းတွေက မဲတွေရေတွက်ဖို့ ကြိုတင်မဲပေးစက်တွေထဲကနေ ဖြုတ်ထားတဲ့ မမ်မိုရီ ကဒ် မြင်ရတာဖြစ်ပါတယ်
  2. အမေရိကန်ရွေးကောက်ပွဲအပေါ် ရုရှားရဲ့အမြင်

    အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ဟာ အိမ်ဖြူတော်ကနေ ထွက်ခွာခဲ့ပြီးကတည်းက ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်နဲ့ ၇ ခါလောက် သူဖုန်းပြောခဲ့တယ်ဆိုတဲ့ စွပ်စွဲပြောဆိုချက်တွေကို အတည်ပြုတာမျိုး ဒါမှမဟုတ် ငြင်းဆိုတာမျိုးလုပ်ဖို့ ငြင်းဆန်ထားခဲ့ပါတယ်။

    ဒီစွပ်စွဲမှုတွေဟာ အမေရိကန်သတင်းထောက် ဘော့ဘ် ဝတ်ဒ်ဝါ့ဒ်ရဲ့ စာအုပ်သစ်ထဲမှာ ဖော်ပြထားတာပါ။ ထရမ့်က ပူတင်နဲ့ ဆက်ဆံရေး ကောင်းမွန်တယ်ဆိုပြီး မဲဆွယ်စည်းရုံးပွဲတွေမှာ ကြွားလုံးထုတ်ခဲ့ပါတယ်။

    သူ့ပြိုင်ဘက် ကာမလာ ဟဲရစ်ကတော့ ပူတင်ဟာ လူသတ်သမား အာဏာရှင် တစ်ဦးဖြစ်တယ်လို့ ဖော်ညွှန်း ပြောခဲ့ပါတယ်။ ဒီတော့ အမေရိကန် ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ရုရှားမှာ ဘယ်လို ယူဆ ပြောဆိုနေကြပါလဲ။

    ဗီဒီယို ပုံစာ, အမေရိကန်သမ္မတ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ရုရှားအစိုးရက ဘယ်လိုအမြင်သဘောထားမျိုး ရှိနေပါလဲ
  3. အကြွေစေ့ ခေါင်းနဲ့ပန်းလိုပဲ

    မီချီဂန်ပြည်နယ်၊ ဒီထရိုက်က မဲပေးရုံမှာ လူကိုယ်တိုင် မဲပေးနေတဲ့မြင်ကွင်းတွေ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, မီချီဂန်ပြည်နယ်၊ ဒီထရိုက်က မဲပေးရုံမှာ လူကိုယ်တိုင် မဲပေးနေတဲ့မြင်ကွင်းတွေ

    ဘီဘီစီသတင်းထောက်ဟာ မြောက်ကယ်ရိုလိုင်းနားပြည်နယ်မှာ မဲရုံတွေမပိတ်ခင် တစ်နာရီ အလိုအထိ ပါတီနှစ်ဖက်စလုံးရဲ့ သတင်းရင်းမြစ်တွေနဲ့ တိုက်ဆိုင်စစ်ဆေးပြီး စောင့်ကြည့်နေခဲ့ပါတယ်။

    မြောက်ကယ်ရိုလိုင်းနား ရီပတ်ဘလီကန် အထက်လွှတ်တော် ကိုယ်စားလှယ် ခရစ်စတီးစလူဒါက သူက အကောင်းဆုံးရလဒ်တွေရဖို့ ‌မျှော်လင့်တဲ့အ‌ကြောင်းပြောပြီး

    “လွန်ခဲ့တဲ့ လေးနှစ်အတွင်း အမေရိကန်ပြည်သူတွေအပေါ် ကျူးလွန်ခဲ့တဲ့အမှားတွေကို ဒီနေ့မှာပဲ ပြင်ဆင်ပေးသွားနိုင်ဖို့ မျှော်လင့်ပါတယ်” လို့ ပြောခဲ့ပါတယ်။

    တစ်ချိန်တည်းမှာပဲ ကတ်တော်ဘာ ကောင်တီရဲ့ ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ မိုက်ကယ်မက်လန့်ကလည်း “ရီပတ်ဘလီကန်ထောက်ခံသူများတဲ့ အနီရောင်ခရိုင်မှာတောင် ကိုယ်ဝန်‌ဖျက်ချခွင့်နဲ့ပတ်သက်တဲ့အခွင့်အရေးကြောင့် ဒီမိုကရက်တစ်ဘက်ကို မဲပေးတဲ့ မဲဆန္ဒရှင်အများအပြားကို ကျွန်တော်တို့တွေ့နေရတယ်” လို့ပြောပြီး “ကာမလာ ဟဲရစ်ဟာ ဒီနောက်ဆိုးဂိမ်းကို အကောင်းဆုံးနဲ့ အောင်မြင်အောင်လုပ်နိုင်မယ်လို့ ထင်ပါတယ်၊ သူလုပ်ကိုလုပ်မှာပါ” လို့ တုံ့ပြန်ထားပါတယ်။

    ဒီဖော်ပြမှုတွေဟာ အကြွေစေ့ ခေါင်းနဲ့ပန်းလိုပဲ ကျောချင်းကပ်နေပေမယ့် အမြင်တွေမတူကွဲပြားပြီး ပါတီ ၂ ခုရဲ့ ကိုယ်စားလှယ်တွေကြားမှာလည်း အကြိတ်အနယ်အားပြိုင်နေတဲ့အခြေအနေကို မြင်သာစေပါတယ်။

  4. ၂၀၂၄ ရွေးကောက်ပွဲမှာ မဲလိမ်မှုရှိတယ်လို့ ထရမ့်က ပထမဆုံးစွပ်စွဲ

    သမ္မတလောင်း ဒေါ်နယ်ထရမ့်

    ဓာတ်ပုံ ရင်းမြစ်, AFP

    ဓာတ်ပုံ ပုံစာ, သမ္မတလောင်း ဒေါ်နယ်ထရမ့်

    ပန်ဆယ်ဗေးနီးယားပြည်နယ်၊ ဖီလာဒဲလ်ဖီးယားမြို့မှာ ကြီးကြီးမားမား မဲလိမ်မှုတွေရှိနေတယ်လို့ ဥပဒေစိုးမိုရေးအဖွဲ့တွေလာနေကြပြီလို့ဆိုပြီး သမ္မတလောင်း ဒေါ်နယ်ထရမ့်က သူ့ရဲ့ Truth ဆိုရှယ်မီဒီယာကနေ ၂၀၂၄ ရွေးကောက်ပွဲရဲ့ ပထမဆုံးစွပ်စွဲမှုကို စတင်လိုက်ပါတယ်။

    ဖီလာဒဲလ်ဖီးယားရဲတပ်ဖွဲ့ကတော့ ထရမ့်ရဲ့ ပြောဆိုချက်ဟာ မမှန်ကန်ကြောင်း ပယ်ချလိုက်ပါတယ်။

    ထရမ့်က မဲလိမ်မှုတွေရှိနေတယ်လို့ပြောနေပေမဲ့ အသေးစိတ်တိတိကျကျပြောတာမရှိသလို သက်သေနဲ့ပြတာမျိုးလည်းမရှိပါဘူး။

    ဖီလာဒဲလ်ဖီးယား ခရိုင်ရှေ့နေ Larry Krasner က "ဒီလိုအခြေအမြစ်မရှိလျှောက်ပြောနေတဲ့ စွပ်စွဲချက်ကို ခွင့်ပြုထားတဲ့ တရားဥပဒေဆိုတာမရှိဘူး" လို့ တုံ့ပြန်ပါတယ်။

    မြို့ မဟာမင်းကြီးကတော့ ''ဒါ စွပ်စွဲမှု သက်သက်ပါ။ သတင်းအမှားဆိုတဲ့ ဥပမာနောက် တစ်ခုဆိုတာလည်း ပြနေတယ်။ မြို့မှာ အားလုံး လုံလုံခြုံခြုံမဲပေး‌နေကြပါတယ်'' လို့ပြောပါတယ်။

  5. ပန်ဆယ်ဗေးနီးယားပြည်နယ်မှာ မဲ‌‌ရေတွက်နေတဲ့မြင်ကွင်း

    ပန်ဆယ်ဗေးနီးယားပြည်နယ်၊ ဖီလာဒဲလ်ဖီးယားမြို့မှာ  မဲရေတွက်နေကြတဲ့မြင်ကွင်း
    ဓာတ်ပုံ ပုံစာ, ပန်ဆယ်ဗေးနီးယားပြည်နယ်၊ ဖီလာဒဲလ်ဖီးယားမြို့မှာ မဲရေတွက်နေကြတဲ့မြင်ကွင်း

    ပန်ဆယ်ဗေးနီးယားပြည်နယ်၊ ဖီလာဒဲလ်ဖီးယားမြို့က စာတိုက် က ရောက်လာတဲ့ မဲတွေကို ရေတွက်တဲ့ဌာနထဲက မြင်ကွင်းတွေဖြစ်ပါတယ်။

    မဲရုံအတွင်း ဒါဇင်ပေါင်းများစွာရှိတဲ့ ရွေးကောက်ပွဲဝန်ထမ်းတွေဟာ စာအိတ်တွေထဲက မဲစာရွက်တွေကို ထုတ်ယူကြပြီး မဲဆန္ဒရှင်ရဲ့ ကိုယ်ရေးအချက်အလက် (ID) တွေနဲ့ ကိုက်ညီမှုရှိ မရှိ စစ်ဆေးပြီး အဲဒီမဲတွေကို စက်နဲ့ပြန်ရေတွက်ဖို့ ပြင်ဆင်နေပါတယ်။

    လုံခြုံရေးကိုလည်း အင်အားအပြည့်ချထားပါတယ်။ သတင်းထောက်တွေကလည်း ရဲစခန်းကထုတ်ပေးထားတဲ့ ဝင်ခွင့်အထောက်အထားကိုင်ဆောင်ထားရပြီး ဒီမဲရုံ ထဲက မဲရေတွက်တဲ့ဘယ်နေရာမှာပဲ သတင်းယူယူ အရာရှိက စောင့်ကြပ်လိုက်ပါ ပို့ဆောင်ပါတယ်။ ပြီးတော့ မဲရေတွက်တဲ့ ဧရိယာအတွင်း သတင်းမီဒီယာတွေအတွက် သတ်မှတ်ပေးထားတဲ့နေရာ ကနေပဲ သတင်းယူရပါတယ်။

    ပါတီတွေနဲ့ ဆက်စပ်တဲ့ မဲရေတွက်စောင့်ကြည့်လေ့လာသူတွေကိုလည်း သတ်မှတ်ကန့်သတ်ထားတဲ့ အနောက်ကနေပဲ မဲရေတွက်စေပြီး “စောင့်ကြည့်လေ့လာသူတွေ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေ”ဆိုပြီး ညွှန်ကြားထားတာတွေလည်းရှိပါတယ်။ မဲရေတွက်နေတာကို ဝင်ရောက်မစွက်ဖက်နိုင်တာ သေချာအောင် တင်းကျပ် ထားသလို အနှောင့်အယှက်ပေးသူတွေကိုလည်း အဲဒီဧရိယာထဲကနေ ဖယ်ရှားသွားမှာဖြစ်ပြီး သူတို့ကို မဲရေတွက်တဲ့နေရာကို လေ့လာခွင့်ပေးထားတဲ့ ခွင့်ပြုချက်ကိုလည်း ရုပ်သိမ်းသွားမှာပါ။

    ဒီလိုတွေ တင်းကျပ်ထားတာ အကြောင်းပြချက်ရှိပါတယ်။ ၂၀၂၀ ခုနှစ်မှာ ပန်ဆယ်ဗေးနီးယားပြည်နယ်က စာတိုက်စနစ်ကနေ မဲပေးလာတဲ့အရေအတွက်ကို ရေတွက်တဲ့အခါ ရက်ပေါင်းများစွာ အချိန်ယူခဲ့ရပါတယ်။

    လူကိုယ်တိုင်လာရောက်မဲပေးတဲ့စနစ်ရဲ့ အစောပိုင်းရလဒ်တွေမှာ ရီပတ်ဘလီကန်ဘက် အသာစီးရခဲ့ပေမယ့် နောက်ပိုင်းရက်တွေမှာတော့ ဒီမိုကရက်တစ်ဘက်ကို စာတိုက်ကနေ မဲပေးတဲ့သူအများအပြားရှိလာခဲ့တာကြောင့် ထရမ့်အသာစီးရမှုတွေ လျော့နည်းခဲ့ပါတယ်။

    အဲဒီလိုအခြေအနေတွေက သမ္မတဟောင်းထရမ့်အတွက် လိမ်လည်လှည့်ဖြားမှုတွေရှိနေတယ်ဆိုပြီး သက်သေလည်းမရှိဘဲ ပြောခွင့်ပေးလိုက်သလိုဖြစ်စေခဲ့ပါတယ်။

    ဒီတစ်ကြိမ်မှာ အဲဒီလို တူညီတဲ့ တောင်းဆိုမှုတွေကိုငြင်းဆန်ဖို့ တာဝန်ရှိသူတွေက ဒီရေတွက်မှုကို စောင့်ကြည့်စစ်ဆေးနေပြီး လုံခြုံရေးတွေ တင်းတင်းကျပ်ကျပ် ယူထားပါတယ်။

    ဖီလာဒဲလ်ဖီးယားရဲ့ ရွေးကောက်ပွဲတာဝန်ခံ (၃) ဦးပါတဲ့ ဘုတ်အဖွဲ့ ဒုဥက္ကဋ္ဌ လီဆာ ဒီးလီကတော့ စာတိုက်ကနေ လျှို့ဝှက်မဲပေးလာတဲ့ မဲဆန္ဒရှင်တွေရဲ့ ID စိစစ်တဲ့စနစ်ကို ဒစ်ဂျစ်တယ်နည်းပညာနဲ့ဆောင်ရွက်နေတာကြောင့် ၂၀၂၀ ကထက်ပိုပြီးခပ်မြန်မြန်ရေတွက်နိုင်ဖို့ မျှော်လင့်ထားပါတယ်လို့ ဘီဘီစီကိုပြောပါတယ်။

  6. ကာမလာ ဟဲရစ် အကြောင်း သိထားသင့်တဲ့ အဓိက အချက်များ

    ကာမလာဟားရစ်

    ဟဲရစ်ဟာ ဒီမိုကရက်တစ်ပါတီရဲ့ သမ္မတလောင်းပြိုင်ပွဲမှာ ထူးခြားတဲ့အခြေအနေတွေ ကြုံခဲ့ရပါတယ်။ သမ္မတဘိုင်ဒန်က သမ္မတလောင်းအဖြစ်ကနေ ဇူလိုင်လကျမှ လက်လွှတ်ပေးခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် သူ့နေရာယူဖို့ ဟဲရစ်ကို သူက ထောက်ခံမှုပေးခဲ့ပါတယ်။ အဲဒီအချိန်ကျမှ ဟဲရစ်အတွက် အိမ်ဖြူတော်ကို ရောက်နိုင်ဖို့ မမျှော်လင့်နိုင်ခဲ့တဲ့ အခွင့်အရေး ပေါ်လာပါတယ်။

    နောက်အကျဆုံးအချိန်မှာ ပြိုင်ပွဲထဲရောက်လာတဲ့ သမ္မတလောင်းအကြောင်း အပြည့်အစုံကို ဒီလင့်ခ်မှာ ဖတ်ရှုနိုင်ပါတယ်။

  7. ဟဲရစ်ကို ထောက်ခံသူတွေက မဲရလဒ်စောင့်ကြည့်ဖို့ သူတက်ခဲ့ဖူးတဲ့ တက္ကသိုလ်မှာ လာရောက်စုဝေး

    အမေရိကန် ရွေးကောက်ပွဲ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဝါရှင်တန် ဒီစီမြို့မှာ ကာမလာ ဟဲရစ်ကို ထောက်ခံသူတွေက ဟဲရစ် ပညာဆည်းပူးခဲ့ဖူးရာနေရာလည်းဖြစ်၊ ဒီကနေ့ည ရွေးကောက်ပွဲ မဲရလဒ် စောင့်ကြည့်ရာ နေရာလည်းဖြစ်တဲ့ ဟားဝါ့ဒ်တက္ကသိုလ်ကျောင်း အပြင်ဘက်မှာ စုဝေးရောက်ရှိလာနေကြပါတယ်။

    စိတ်လှုပ်ရှားနေတဲ့ လူအုပ်ကြီးထဲမှာ ဟဲရစ်နဲ့ ဟားဝါ့ဒ်တက္ကသိုလ်အတူ တက်ခဲ့သူ ရှယ်ရယ်လ် တေလာ ကိုလည်း တွေ့ရပါတယ်။ တေလာဟာ ဟဲရစ် ပထမနှစ် ကျောင်းသူဘဝမှာ အမေရိကန်နိုင်ငံရဲ့ ပထမဆုံး လူမည်းကျောင်းသူအသင်းဖြစ်တဲ့ အယ်လ်ဖာ ကက်ပါ အယ်လ်ဖာ အသင်းထဲ ဝင်ဖို့ တိုက်တွန်းခဲ့သူ ဖြစ်ပါတယ်။

    အသက် ၁၉ နှစ်အရွယ်ကတည်းကိုက ဟဲရစ်ဟာ ဦးဆောင်သူတစ်ဦးအဖြစ် ထင်ရှားခဲ့ပါတယ်။ ဟဲရစ်ဟာ “ချောမော၊ သွက်လက် ချက်ချာပြီး စိတ်သဘောထားကောင်းသူတစ်ဦးပါ” လို့ တေလာ က ပြောပြပါတယ်။

    ရွေးကောက်ပွဲရလဒ် စောင့်ကြည့်ပွဲကို ဟားဝါ့ဒ်တက္ကသိုလ်မှာ ကျင်းပဖို့ ဟဲရစ်က ဆုံးဖြတ်ခဲ့တာကြောင့် တေလာ အရမ်းကို ဝမ်းသာ ကြည်နူး သွားခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါဟာ ဟဲရစ်အနေနဲ့ “လူမည်းတွေရဲ့ သူမတူ ထူးချွန်မှုစွမ်းအားအကြောင်း” သိအောင် ပြသပေးခဲ့တဲ့ ဟားဝါ့ဒ် တက္ကသိုလ်ဟာ သူ့ရဲ့ ဘဝခရီးလမ်းမှာ ဘယ်လောက်အရေးပါသလဲဆိုတာကို အသိအမှတ်ပြု ဖော်ပြလိုက်တာ ဖြစ်တယ်လို့ တေလာက ပြောပါတယ်။

    ဒါ့အပြင် အံ့မခန်းစရာ ထူးချွန်သူ ဟဲရစ်ရဲ့ လူမျိုးရေးနောက်ခံအကြောင်းနဲ့ ပတ်သက်လို့ တိုက်ခိုက်ပြောဆိုခဲ့မှုတွေကိုလည်း တေလာက အရေးမစိုက်ဘူးလို့ ဆိုပါတယ်။ ဒုသမ္မတ ဟဲရစ်ကို လူမည်းအမျိုးသမီးတစ်ဦးအဖြစ် သတ်မှတ်နေကြတာအပေါ် ဒေါ်နယ်ထရမ့်က သူ့ရဲ့မဲဆွယ်ပွဲအတွင်း မေးခွန်းထုတ်ခဲ့ပါသေးတယ်။

    “ဒီမှာ ဒီကိစ္စကို ကျွန်မတို့ ရေးကြီးခွင်ကျယ် လုပ်မနေပါဘူး”လို့ တေလာက ပြောပါတယ်။

    “ကျွန်မတို့ရဲ့ ဟားဝါ့ဒ်တက္ကသိုလ် ကျောင်းတက်ဖော်တစ်ဦးလည်းဖြစ် အမျိုးသမီးတစ်ဦးလည်းဖြစ်တဲ့ ဟဲရစ် ဒီအဆင့်နေရာအထိ တက်လာနိုင်တာကိုက အရမ်းကို ဝမ်းသာစရာကောင်းပါတယ်။ ဒီည ဒီနေရာမှာ ရှိနေရတာကိုက ကျွန်မအတွက် အတိုင်းမသိ ပျော်စရာ ဖြစ်နေပါပြီ။”

  8. ထရမ့်ရဲ့ မဲရလဒ်စောင့်ကြည့်ပွဲ ပြင်ဆင်မှု

    ထရမ့်ရွေးကောက်ပွဲရလဒ်စောင့်ကြည့်ပွဲနေရာ

    ဓာတ်ပုံ ရင်းမြစ်, Reuters

    ဒေါ်နယ်ထရမ့်ရဲ့ ရွေးကောက်ပွဲရလဒ် စောင့်ကြည့်ပွဲ ကျင်းပရာမှာ မီဒီယာတွေ ရောက်နေပါပြီ။

    ထရမ့်ရဲ့ မဲဆွယ်ပွဲ ကြွေးကြော်သံ ဖြစ်တဲ့ “ထရမ့်က ပြုပြင်ပေးမယ်” ဆိုတဲ့ စာတမ်းကိုလည်း တွေ့ရပါတယ်။ ရုပ်သံလိုင်းမျိုးစုံရဲ့ ထုတ်လွှင့်မှုတွေကို ရုပ်သံဖန်သားပြင်ကြီးတွေမှာ တွေ့ရပါတယ်။

    မကြာခင်မှာ ဖိတ်ထားတဲ့ ဧည့်သည်တွေရောက်လာပြီး ရွေးကောက်ပွဲည ဘယ်လို ဖြစ်လာမလဲဆိုတာကို စောင့်ကြည့်ကြမှာပါ။

    အခုတော့ ထရမ့်က မာရာလာဂိုမှာ ညစာစားနေပါတယ်။ နောက်နာရီ အနည်းငယ် အကြာမှာတော့ မိသားစုတွေ၊ မိတ်ဆွေတွေ အပါအဝင် တက်စလာနဲ့ အိတ်စ် ပိုင်ရှင် အီလွန်မာ့စ်ခ်လို အလှူရှင်တွေနဲ့အတူ ရှိနေမှာ ဖြစ်ပါတယ်။

  9. အမေရိကန်ရွေးကောက်ပွဲ မဲရလဒ်တွေကို ဘယ်အချိန်မှာ ဘယ်လို ရေတွက်မှာလဲ

    အမေရိကန် ရွေးကောက်ပွဲ

    ဓာတ်ပုံ ရင်းမြစ်, EPA-EFE/REX/Shutterstock

    ရွေးကောက်ပွဲ မဲရလဒ်တွေက မဲတွေအားလုံးရေတွက် အတည်ပြုပြီးချိန်အထိ တရားဝင်ထွက်လာဦးမှာ မဟုတ်ပါဘူး။ မဲတွေအားလုံး ရေတွက် အတည်ပြုဖို့ဆိုတာက တချို့နေရာတွေမှာ ရက်နဲ့ချီ ကြာနိုင်ပါတယ်။

    နှစ်ဖက်စလုံး နိုင်ခြေရှိပြီး အဆုံးအဖြတ်ပေးနိုင်တဲ့ အကြိတ်အနယ် ပြည်နယ်တွေမှာ မဲရေတွက်မှုတွေကို အသေအချာ စေ့စေ့စပ်စပ် စောင့်ကြည့်သွားမှာ ဖြစ်ပါတယ်။ မဲပေးမှု လုပ်ငန်းစဉ် အတော်များများက ယုံကြည်စိတ်ချရပါ့မလားလို့ ထရမ့်က မေးခွန်းထုတ်နေပြီး ၂၀၂၀ ရွေးကောက်ပွဲတုန်းက မဲရုံအတော်များများက မဲရလဒ်တွေကို သူက စိန်ခေါ် မေးခွန်းထုတ်ခဲ့ပါတယ်။

    အခု ၂၀၂၄ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ သိထားသင့်တဲ့ အချက်တွေကို ကြည့်ကြရအောင်ပါ။

    မဲတွေကို ဘယ်တော့ စရေတွက်မှာလဲ၊ မဲရေတွက်တာ ဘယ်လောက်ကြာမှာလဲ

    ပထမဆုံးမဲရုံကို အင်္ဂါနေ့ ဂရင်းနစ်စံတော်ချိန် ည ၁၁ နာရီမှာ စပိတ်မှာပါ။ ဒါပေမဲ့ မဲရေတွက်မှုတွေကတော့ အဲဒီနောက်ပိုင်းအကြာကြီးကြာမှ လုပ်မှာ ဖြစ်ပါတယ်။

    အများစုကတော့ ပြည်နယ် စည်းမျဉ်း စည်းကမ်းတွေကြောင့် တရားဝင်မဲရလဒ် ထွက်လာနိုင်ဖို့ သီတင်းပတ်နဲ့ချီ ကြာနိုင်ပါတယ်။

    ဘယ်သူတွေက မဲရေတွက်မှာလဲ

    မဲရေတွက်တာကလည်း နေရာဒေသတစ်ခုနဲ့ တစ်ခု မတူကွဲပြားသလို အသုံးပြုတဲ့ စက်ပစ္စည်းတွေပေါ်မှာလည်း မူတည်နေပါတယ်။

    ခရိုင်တချို့မှာ မဲပြားတွေကို စကင်နာနဲ့ ဖတ်ပြီး မဲထည့်ပေမဲ့ တခြားခရိုင်တွေမှာတော့ ဖန်သားပြင်ကို ထိပြီး မဲပေးတဲ့စနစ် ဒါမှမဟုတ် မဲပြားတွေကို အမှတ်အသားလုပ်ပြီး မှတ်တမ်းယူထားတဲ့ စနစ်မျိုးကို သုံးပါတယ်။

    ဘာတွေက မဲရေတွက်မှုကို နှေးကွေးစေနိုင်သလဲ

    ကြားဝင် နှောင့်ယှက်တာတွေ၊ ဥပဒေကြောင်းအရ ကန့်ကွက်တာ ဒါမှမဟုတ် ယာယီမဲပေးခွင့်လက်မှတ်နဲ့ မဲပေးသူတွေရဲ့မဲတွေနဲ့ပတ်သက်လို့ ရှုပ်ထွေးမှုတွေ စတာတွေကြောင့် မဲရေတွက်မှုကို နှေးကွေးစေနိုင်ပါတယ်။

    ဥပဒေကြောင်းအရ ကန့်ကွက်စိန်ခေါ်မှုအများအပြားလည်း ရှိခဲ့ပြီး ဖြစ်ပါတယ်။

    မဲပြန်ရေတွက်တာကို ဘယ်အချိန်မှာ လုပ်သလဲ

    ပြည်နယ်တစ်ခုချင်းစီမှာ မဲပြန်ရေတွက်တာနဲ့ဆိုင်တဲ့ သက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေ ရှိပါတယ်။

    နှစ်ဖက်နိုင်ခြေရှိနေပြီး အဆုံးအဖြတ်ပေးနိုင်တဲ့ အကြိတ်အနယ် ပြည်နယ်တွေဖြစ်တဲ့ ပန်ဆယ်လ်ဗေးနီးယားနဲ့ မီရှီဂန် ပြည်နယ်တွေမှာတော့ ပြိုင်ဘက်သမ္မတလောင်း နှစ်ဦးရတဲ့ မဲ အရေအတွက် မတိမ်းမယိမ်းဖြစ်နေရင် မဲရေတွက်တာကို အလိုအလျောက် ပြန်လုပ်လေ့ရှိပါတယ်။

  10. မဲပေးခဲ့သူတွေဆီက စစ်တမ်းရလဒ်တွေအရ နိုင်ငံရေးသဘောကွဲလွဲနေမှုကို ထင်ဟပ်ပြနေ, သုံးသပ်ချက် - အန်တိုနီ ဇာချာ၊ မြောက်အမေရိကရေးရာ ဘီဘီစီသတင်းထောက်

    စစချင်းရုတ်တရက် ကြည့်လိုက်ရင် မဲပေးသူတွေရဲ့ ကနဦး စစ်တမ်းရလဒ်တွေက အရမ်းကြီး အံ့အားသင့်စရာ မကောင်းတဲ့ပုံပါပဲ။ စီးပွားရေးနဲ့ ဒီမိုကရေစီနိုင်ငံအရေး ကိစ္စရပ်တွေက အခုနှစ် အမေရိကန်ရွေးကောက်ပွဲ မဲပေးသူတွေအတွက် အဓိက ကိစ္စရပ်ကြီး နှစ်ခုအဖြစ် တွေ့ရပါတယ်။ လပေါင်းများစွာ ကောက်ယူခဲ့တဲ့ လူထုစစ်တမ်းရလဒ်တွေနဲ့ အတူတူပဲ ဖြစ်ပါတယ်။

    ဒါပေမဲ့ နက်နက်နဲနဲ လေ့လာ သုံးသပ်ကြည့်တဲ့အခါမှာတော့ ပါတီနှစ်ခုအကြား သိသိသာသာ သဘောကွဲလွဲမှုကြီးက ထင်ရှားနေပါတယ်။

    ရီပတ်ဘလီကန်တွေအတွက် လူဝင်မှုကြီးကြပ်ရေး ကိစ္စရပ်က စီးပွားရေးနဲ့အတူ သူတို့ရဲ့ အဓိကနီးပါး စိုးရိမ်တဲ့ ကိစ္စရပ်ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီမိုကရက်တွေကတော့ လူဝင်မှုကြီးကြပ်ရေးကိစ္စရပ်ကို စကားထဲတောင် ထည့်မပြောခဲ့ပါဘူး။ ဒီမိုကရက်တွေအတွက် သန္ဓေသားလောင်း ဖျက်ချခွင့် ကိစ္စရပ်က ဒီမိုကရေစီအရေးနဲ့အတူ အများကြီး ပိုအရေးပါတာ တွေ့ရပါတယ်။

    နိုင်ငံရေး စကားစစ်ထိုးပွဲတွေမှာ ကိုဗစ်အလွန်ကာလ ငွေကြေးဖောင်းပွမှုတွေ မြင့်တက်လာနေတာအပေါ် အဓိကထား ပြောဆိုဆွေးနွေးခဲ့ပေမဲ့ အမေရိကန် မဲဆန္ဒရှင်ပြည်သူတွေအတွက် စီးပွားရေးကိစ္စရပ်က ထိပ်ဆုံးဦးစားပေး ကိစ္စရပ်အဖြစ် ရှိမနေတာက နည်းနည်းတော့ အံ့အားသင့်စရာပါပဲ။

    ဒါက ဒီမိုကရက်တွေနဲ့ အကြောင်းရင်းခံ မတူကွဲပြားပေမဲ့လည်း အမေရိကန်နိုင်ငံအရေးကိစ္စရပ်နဲ့ ပတ်သက်လို့ ရီပတ်ဘလစ်ကန်တချို့က စိုးရိမ်နေကြလို့ ဖြစ်နိုင်ပါတယ်။

    မဲပေးခဲ့သူတွေဆီက ရလာတဲ့ ဒီစစ်တမ်းရလဒ်တွေဟာ အတည်အဖြစ် မမှတ်ယူသင့်တဲ့ အကြမ်းဖျင်း အချက်အလက်တွေသာ ဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲရဲ့ တကယ့်မဲရလဒ်ကိုတော့ စောင့်ကြည့်ရဦးမှာပါ။

  11. ၂၀၂၄ အမေရိကန်ရွေးကောက်ပွဲ ရလဒ် - ဟဲရစ် နဲ့ ထရမ့် ဘယ်သူနိုင်မလဲဆိုတာ ဘယ်တော့သိရမလဲ

    အမေရိကန်ရွေးကောက်ပွဲ

    မဲရုံတွေ ပိတ်သွားချိန်မှာ မဲရလဒ်က အကွာကြီး မကွာတာမျိုးဖြစ်လာနိုင်ပေမဲ့ ဘယ်သူ နိုင်သွားလဲဆိုတာကို ချက်ချင်းကြေညာဖို့ မဖြစ်နိုင်သလို ရက်ချီ၊ သီတင်းပတ်နဲ့တောင် ချီပြီး ကြာမြင့်နိုင်ပါတယ်။

    ဆိုတော့ ၂၀၂၄ အမေရိကန်ရွေးကောက်ပွဲ ရလဒ် ဘယ်တော့လောက် ထွက်လာနိုင်ခြေရှိလဲ။

    မဲရလဒ်တွေ အရင် ရွေးကောက်ပွဲမှာရော ဘယ်အချိန်သိရခဲ့လဲ စတဲ့ ရှင်းပြချက်တွေကို ဆောင်းပါးအပြည့်အစုံမှာ ဖတ်ရှုနိုင်ပါတယ်။

  12. ဟဲရစ်ကို မဲပေးခဲ့သူတွေက ဒီမိုကရေစီစနစ်ကို ဦးစားပေးပြီး ထရမ့်ကို မဲပေးခဲ့သူတွေက စီးပွားရေးကို အဓိကထား- မဲပေးခဲ့သူတွေဆီက စစ်တမ်းရလဒ်

    မဲပေးခဲ့သူတွေဆီကရတဲ့ အစောဆုံး မဲရုံထွက် စစ်တမ်းရလဒ် အသေးစိတ်တချို့ကို ကြည့်ကြရအောင်ပါ။

    မဲပေးခဲ့သူအားလုံးရဲ့ ဦးစားပေးကိစ္စရပ်တွေက ဒီမိုကရေစီရေးနဲ့ စီးပွားရေး ကိစ္စရပ်တွေ ဖြစ်တယ်လို့ အစောဆုံး စစ်တမ်းတွေအရ သိရပါတယ်။

    ကာမလာ ဟဲရစ်ကို မဲပေးခဲ့သူတွေထဲမှာ

    - ၁၀ ယောက်မှာ ၆ ယောက်နီးပါးလောက်က သူတို့ရဲ့ အဓိက ဦးစားပေးကိစ္စရပ်က ဒီမိုကရေစီနိုင်ငံအရေး ဖြစ်တယ်လို့ ဘီဘီစီရဲ့ မိတ်ဖက်မီဒီယာ သတင်းဌာနဖြစ်တဲ့ CBS မှာ ဖော်ပြပါတယ်။

    - သန္ဓေသားလောင်း ဖျက်ချခွင့်ကိစ္စက ဒုတိယလိုက်ပါတယ်။ ဟဲရစ်ကို မဲပေးခဲ့သူ ၅ ယောက်မှာ ၁ ယောက်က ဒီကိစ္စကို အဓိကထား စဉ်းစားပါတယ်။

    - ဟဲရစ်ကို မဲပေးခဲ့သူ ၁၀ ယောက်မှာ ၁ ယောက်ကသာ စီးပွားရေးကိစ္စရပ်ကို အဓိကထားတယ်လို့ သိရပါတယ်။

    ဒေါ်နယ် ထရမ့်ကို မဲပေးခဲ့သူတွေအထဲမှာ

    - တစ်ဝက်လောက်က စီးပွားရေးက သူတို့ရဲ့ အဓိက နံပါတ်တစ် ကိစ္စရပ်လို့ ဆိုပါတယ်။

    - ၅ ယောက်မှာ ၁ ယောက်ကတော့ လူဝင်မှုကြီးကြပ်ရေးကိစ္စက အဓိကကိစ္စရပ်လို့ ပြောပါတယ်။

    - ၁၀ ယောက်မှာ ၁ ယောက်ကပဲ ဒီမိုကရေစီနိုင်ငံအရေးကို အများဆုံး ဦးစားပေး စဉ်းစားတယ်လို့ ဆိုပါတယ်။

  13. ပထမဆုံး မဲရုံတွေ စပိတ်

    အမေရိကန် ရွေးကောက်ပွဲမှာ အင်ဒီယားနားနဲ့ ကင်တပ်ကီတို့မှာ မဲရုံတွေကို အစောဆုံး စပိတ်လိုက်ပါပြီ။

  14. နှောင့်နှေးမှုတွေကြောင့် ခရိုင်တချို့မှာ မဲရုံတွေ အချိန်ပို ဖွင့်ထားပေးမယ်

    ပန်ဆယ်လ်ဗေးနီးယားပြည်နယ် လူဇဲန်းခရိုင်မှာ မဲရုံတွေ ဖွင့်တာနောက်ကျတဲ့အတွက် မဲပေးချိန် မိနစ် ၉၀ ထပ်တိုးပေးမယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

    လက်ဖ်လင်မြို့နယ်က မဲရုံဆိုရင် အခုအခါ ဒေသစံတော်ချိန် ည ၉ နာရီခွဲကျမှ ပိတ်မှာ ဖြစ်ပါတယ်။

    ဂျော်ဂျီယာပြည်နယ် ကော့ဘ်ခရိုင်က မဲရုံနှစ်ရုံ ဆိုရင်လည်း ဖွင့်ချိန် နောက်ကျခဲ့တာကြောင့် နောက်ကျတဲ့အထိ မဲရုံဆက်ဖွင့်ထားဖို့ အစောပိုင်းတုန်းက ခွင့်ပြုချက်ရခဲ့ပြီး ဖြစ်ပါတယ်။

    အမေရိကန်နိုင်ငံတဝန်းမှာ မဲရုံပိတ်ချိန်တွေ မတူကွဲပြားတဲ့အတွက် ပထမဆုံးမဲရုံ ပိတ်ချိန်က ဒီကနေ့ည ဂရင်းနစ် စံတော်ချိန် ည ၁၁ နာရီမှာ ဖြစ်ပြီး နောက်ဆုံးမဲရုံ ပိတ်ချိန်က ဗုဒ္ဓဟူးနေ့ မနက်လင်းအားကြီး ဂရင်းနစ်စံတော်ချိန် မနက် ၆ နာရီမှာ ဖြစ်ပါလိမ့်မယ်။

  15. ဘယ်သူ့ကိုမဲပေးရမလဲ မဝေခွဲနိုင်သူ မဲဆန္ဒရှင်တွေ အခက်တွေ့ရတဲ့နေ့

    နှစ်ဖက်စလုံးကနိုင်ခြေရှိနေပြီး အဆုံးအဖြတ်ပေးနိုင်တဲ့ ပြည်နယ်တစ်ခုဖြစ်တဲ့ အရီဇိုးနားပြည်နယ်က ဖီးနစ်စ်မြို့ အထက်တန်းကျောင်းတကျောင်းမှာရှိတဲ့ မဲရုံဆီကို မဲပေးမယ့်လူတန်းကြီး တရွေ့ရွေ့ သွားနေပါတယ်။

    မဲရုံရှေ့မှာတော့ ဒီဂျေတစ်ယောက်က စက်တွေချပြီး တီးလုံးတွေ အကျယ်ကြီး ဖွင့်ထားပါတယ်။

    အဲဒီမှာ မဲဆန္ဒရှင်အတော်များများက ဘယ်သူ့ကို သူတို့မဲပေးရမှန်း မဝေခွဲနိုင်ကြဘူးလို့ ပြောပြပါတယ်။ သမ္မတလောင်း နှစ်ဦးစလုံးကို သမ္မတအဖြစ် မဲမပေးချင်ကြဘူးလို့ ဆိုပါတယ်။

    “အမှန်အတိုင်းပြောရရင် မဲလာမပေးဘဲတောင် နေတော့မလို့ပါ” လို့ အသက် ၂၇ နှစ်အရွယ် ကလေးနှစ်ယောက်မိခင်ဖြစ်သူ ဗီယန်နီ မားကက်ဇ် က မဲရုံထဲဝင်ခွင့် စတစ်ကာကို သူ့အင်္ကျီမှာကပ်ရင်း ပြောပြပါတယ်။

    “ကိုယ့်ရဲ့ ရပ်တည်ချက်သဘောထားကို ဖွင့်ပြဖို့ လိုတယ်လို့ စဉ်းစားမိတယ်”၊ “ထရမ့် သူ့ကိုယ်သူ ပုံဖော် ပြောပုံပြောနည်းကို ကျွန်မလုံးဝမကြိုက်ဘူး။ အထူးသဖြင့် အမျိုးသမီးတွေနဲ့ ပတ်သက်လို့ပေါ့” လို့ သူက ဆက်ပြောပါတယ်။

    မဲရုံကနေ ထွက်လာတဲ့ ခရစ္စတယ်လ် ကိုလ်တာ ကလည်း “သမ္မတလောင်း နှစ်ယောက်ထဲက တစ်ယောက်ကိုမှ ကျွန်မ မဲမပေးချင်ဘူး” လို့ ပြောပါတယ်။

    နောက်ဆုံးမတော့ ဟဲရစ်ကို မဲပေးဖို့ သူဆုံးဖြတ်ခဲ့ပါတယ်။ ဝင်ငွေနည်းတဲ့ မိသားစုတွေ၊ တစ်ကိုယ်ရည်မိခင်တွေနဲ့ သန္ဓေသားလောင်းဖျက်ချခွင့်တွေကို အကာအကွယ်ပေးဖို့ ဟဲရစ်က ကြိုးပမ်းနေတဲ့အတွက်ကြောင့်လို့ ဆိုပါတယ်။

    “သန္ဓေသားလောင်းဖျက်ချတာနဲ့ ပတ်သက်လို့ ကိစ္စအများစုကို ကျွန်မအားမပေးတဲ့အတွက် ပြောရတာ အတော်ခက်ပါတယ်။ ဒါပေမဲ့ အဓမ္မပြုကျင့်ခံရတာမျိုး ဒါမှမဟုတ် သွေးသားတော်စပ်သူအချင်းချင်း မှားယွင်းမိခဲ့တာမျိုးလို အခြေအနေမျိုးဆိုရင်တော့ တွေးတောင် မတွေးဝံ့ပါဘူး။ ကျွန်မသာ အဲဒီလို ဖြစ်ခဲ့ပြီး ကလေးမယူမနေရ ဆိုရင် အတော့်ကို ခက်မှာပဲ။”

    အမေရိကန် ရွေးကောက်ပွဲ
  16. အမေရိကန်တစ်လွှားက မဲပေးကြသူတွေရဲ့ မြင်ကွင်းတွေ

    အက်တလန်တာ၊ ဂျော်ဂျီယာက မဲပေးသူတွေ

    ဓာတ်ပုံ ရင်းမြစ်, Reuters

    ဓာတ်ပုံ ပုံစာ, အက်တလန်တာ၊ ဂျော်ဂျီယာက မဲပေးသူတွေ
    ဖီလာဒယ်ဖီးယား၊ ပန်ဆယ်လ်ဗေးနီးယား
    ဓာတ်ပုံ ပုံစာ, ဖီလာဒယ်ဖီးယား၊ ပန်ဆယ်လ်ဗေးနီးယား
    နယူးယောက်

    ဓာတ်ပုံ ရင်းမြစ်, Reuters

    ဓာတ်ပုံ ပုံစာ, နယူးယောက်
    နယူးယောက်

    ဓာတ်ပုံ ရင်းမြစ်, Reuters

    ဓာတ်ပုံ ပုံစာ, နယူးယောက်
    ရာလီ၊ မြောက်ကယ်ရိုလိုင်းနားက လမ်းမဘေးနေရာတစ်ခု

    ဓာတ်ပုံ ရင်းမြစ်, Reuters

    ဓာတ်ပုံ ပုံစာ, ရာလီ၊ မြောက်ကယ်ရိုလိုင်းနားက လမ်းမဘေးနေရာတစ်ခု
  17. အမေရိကန် ရွေးကောက်ပွဲ ဘယ်လို ကျင်းပလဲ၊ လူထုဆန္ဒမဲ ပိုရတိုင်း သမ္မတ ဖြစ်နိုင်လား။

    အမေရိကန် သမ္မတရွေးကောက်ပွဲမှာ သန်းနဲ့ချီတဲ့ ပြည်သူတွေ မဲတွေ ပေးနေကြပါပြီ။ ဒါပေမဲ့ မဲဆန္ဒရှင်လူထုရဲ့ မဲတွေ အများဆုံးရတိုင်းလည်း သမ္မတ ဖြစ်တာ မဟုတ်ပါဘူး။

    ဘာကြောင့်လဲဆိုတော့ အမေရိကန်သမ္မတရွေးကောက်ပွဲဟာ လူထုကနေ ‘တိုက်ရိုက်’ ရွေးချယ်တာ မဟုတ်တဲ့အတွက် ဖြစ်ပါတယ်။ Electoral College လို့ခေါ်တဲ့ သမ္မတနဲ့ ဒုတိယသမ္မတရွေးချယ်ရေးအဖွဲ့ ဝင်တွေက ရွေးချယ်တာကြောင့် ဖြစ်ပါတယ်။

    သမ္မတရွေးချယ်ရေးအကြောင်း ရှင်းပြချက်အပြည့်အစုံကို ဒီဆောင်းပါးမှာ ဖတ်ရှုနိုင်ပါတယ်။

    မဲပေးပုံ
  18. ပြည်နယ်အတော်များများမှာ ဖြစ်ခဲ့တဲ့ ဗုံးခြိမ်းခြောက်မှုအတုတွေကို ရုရှားက နောက်ကွယ်ကနေ လုပ်ခဲ့တယ်လို့ FBI ပြော

    ပြည်နယ်အတော်များများက မဲရုံတွေမှာ ဗုံးခွဲမယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေ ရှိခဲ့ပြီး အဲဒီခြိမ်းခြောက်မှု အများအပြားဟာ ရုရှားအစိုးရ ထိန်းချုပ်တဲ့ အီးမေးလ်တွေကနေ အစပြု ရောက်လာပုံရတယ်လို့ FBI အမေရိကန် ထောက်လှမ်းရေးအဖွဲ့က ပြောပါတယ်။

    အဲဒီခြိမ်းခြောက်မှုတွေထဲက တစ်ခုကမှ အထောက်အထား ခိုင်လုံတာမျိုး မတွေ့ရဘူးလို့ ဆိုပါတယ်။

    ဂျော်ဂျီယာပြည်နယ်မှာ ဗုံးခြိမ်းခြောက်မှု အတုတွေ ရှိခဲ့တယ်ဆိုတာကို ဘီဘီစီက အစောပိုင်းကဖော်ပြခဲ့ပါတယ်။ အဲဒီခြိမ်းခြောက်မှုတွေဟာ အထောက်အထားခိုင်လုံမှု မရှိဘဲ ရုရှားဆီကနေ အစပြု လာတာလို့ ဂျော်ဂျီယာပြည်နယ်အတွင်းရေးမှူး ဘရက် ရက်ဖန်စပါဂါ က ပြောပါတယ်။

    ရွေးကောက်ပွဲကို ဂုဏ်သိက္ခာအမြင့်ဆုံးဖြစ်အောင် ဦးစားပေးဆောင်ရွက်နေကြောင်းနဲ့ ပြည်နယ်နဲ့ ဒေသန္တရ ရဲ၊စစ်တပ်အဖွဲ့တွေနဲ့ အတူပူးပေါင်းဆောင်ရွက်နေကြောင်း FBI က ပြောပါတယ်။

  19. ဝါရှင်တန်ဒီစီမြို့က ကာပီတယ်လ် လွှတ်တော်အဆောက်အအုံမှာ မီးကျည်သေနတ်ပါလာသူ အမျိုးသားတစ်ဦးကို ဖမ်းဆီးလိုက်

    အမေရိကန် ရွေးကောက်ပွဲ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    “ဓာတ်ဆီလို အနံ့မျိုးထွက်နေပြီး” “မီးကျည်သေနတ်တစ်လက်” လက်ဝယ်ရှိသူ အမျိုးသားတစ်ဦးကို ဝါရှင်တန် ဒီစီမြို့က ကာပီတယ်လ် လွှတ်တော်အဆောက်အအုံထဲက ဧည့်ဂေဟာခန်းမမှာ ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ အဲဒီက ရဲတွေက ပြောပါတယ်။

    ဧည့်ဂေဟာခန်းမမှာ စစ်ဆေးရှာဖွေမှုတွေ လုပ်ခဲ့စဉ် အဲဒီအမျိုးသားကို ရပ်တန့်စစ်ဆေးခဲ့တာဖြစ်တယ်လို့ ကာပီတယ်လ် လွှတ်တော်ရဲတွေက X လူမှုကွန်ရက်ပေါ်မှာ တင်ထားပါတယ်။

    “အဲဒီအမျိုးသားဟာ ဓာတ်ဆီနံ့ ထွက်နေပြီး သူ့မှာ လက်နှိပ်ဓာတ်မီးတစ်လက်နဲ့ မီးကျည်သေနတ်တစ်လက် ပါလာတယ်”လို့ ဖော်ပြထားပါတယ်။

    ရဲတွေ စုံစမ်းစစ်ဆေးနေစဉ် ဧည့်ဂေဟာခန်းမထဲ ဧည့်သည်တွေ ဝင်ခွင့် ပိတ်ထားလိုက်တယ်လို့လည်း ဆိုပါတယ်။

  20. “ကျွန်တော်တို့ အားရပါတယ်” လို့ ဟဲရစ်ရဲ့ ဒုသမ္မတလောင်း ဝေါလ်ဇ်က ဝါရှင်တန် ဒီစီကိုသွားစဉ် ပြောခဲ့

    အမေရိကန် ရွေးကောက်ပွဲ

    ဓာတ်ပုံ ရင်းမြစ်, US Pool

    ပန်ဆယ်လ်ဗေးနီးယားပြည်နယ်မှာ မဲဆန္ဒရှင်တွေနဲ့ တွေ့ဆုံနေတဲ့ ဒီမိုကရက်တစ်ပါတီ ဒုတိယ သမ္မတလောင်း တင်မ် ဝေါလ်ဇ် က ဝါရှင်တန် ဒီစီမြို့မှာ မဲသွားထည့်ဖို့ လေယာဉ်နဲ့ မထွက်ခွာခင်မှာ သတင်းသမားတွေနဲ့ စကားပြောခဲ့ပါတယ်။ ရွေးကောက်ပွဲအတွက် အားရကျေနပ်နေပါတယ် လို့ သူက ပြောသွားပါတယ်။

    မင်နီဆိုတာ အုပ်ချုပ်ရေးမှူး ဝေါလ်ဇ်က သူ့ရဲ့ သမ္မတလောင်း ဟဲရစ်ရဲ့ မဲဆွယ်ပုံတွေနဲ့ ထရမ့်ရဲ့ မဲဆွယ်ပုံ အကွာကြီး ကွာတယ်ဆိုတာကို ပြောသွားပါတယ်။ ဟဲရစ်ရဲ့ မဲဆွယ်စည်းရုံးမှုတွေက မျှော်လင့်ချက်နဲ့ စည်းလုံးညီညွတ်မှုပေါ် အခြေခံပြီး ထရမ့်ရဲ့ မဲဆွယ်စကားတွေက စိတ်ညစ်ညူးစရာ၊ စိတ်ဝမ်းကွဲစရာတွေ ဖြစ်တယ်လို့ နှိုင်းယှဉ်ပြောသွားခဲ့ပါတယ်။

    ဒီမိုကရေစီနည်းအရ ရွေးကောက်ပွဲ ကျင်းပနေတယ်ဆိုတာကို သူယုံကြည်ကြောင်း ဝေါလ်ဇ်က ပြောသွားခဲ့ပြီး အမေရိကန်နိုင်ငံရဲ့ ရွေးကောက်ပွဲတွေဟာ အလွတ်လပ်ဆုံးနဲ့ လုံခြုံမှုအရှိဆုံး ရွေးကောက်ပွဲတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့လည်း မဲရလဒ်တွေရဖို့ အချိန်ကြာကောင်းကြာဖွယ် ရှိတယ်လို့တော့ ပြောသွားခဲ့ပါတယ်။

    ဒီကနေ့မနက်က နောက်ဆုံးအကျော့ ရေဒီယို အင်တာဗျူး ပေးခဲ့စဉ်မှာ ဝေါလ်ဇ်က ဒီထရွိုက်၊ မီလ်ဝေါင်ကီး၊ မြောက်ကယ်ရိုလိုင်းနား၊ အက်တလန်တာနဲ့ ဖီလာဒယ်လ်ဖီယားမြို့တွေက နားဆင်နေသူတွေကို မဲရုံတွေဆီသွားပြီး ဟဲရစ်ကို မဲပေးကြဖို့ တိုက်တွန်းခဲ့ပါတယ်။