မြန်မာနဲ့ ထိုင်းနိုင်ငံ က ပြင်းထန်ငလျင်ရဲ့ နောက်ဆက်တွဲသတင်းများကိုစုစည်းပြီး တိုက်ရိုက်တင်ဆက်ပေးနေပါတယ်။
ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
နှစ်ပေါင်း ၁၀၀ ကျော်အတွင်းအဆိုးရွားဆုံး မြန်မာ့ငလျင်လှုပ်ခတ်မှုနောက်ဆုံးရသတင်းများ
မြန်မာနိုင်ငံတွင်း နေပြည်တော်အပါအဝင် ဒေသကြီး ၆ ခုနဲ့ ထိုင်းနိုင်ငံ တို့မှာ ပြင်းထန်ငလျင်လှုပ်ခတ်ခဲ့မှု နောက်ဆက်တွဲ သတင်းများကိုစုစည်းပြီးတိုက်ရိုက်တင်ဆက်ပေးနေပါတယ်။
အနှစ်ချုပ်
- မြန်မာငလျင်ကို ကူညီမယ်လို့ အမေရိကန် သမ္မတပြော
- မြေသားပျော့လာတဲ့ အန္တရာယ်ကြုံနိုင်တယ်လို့ အမေရိကန် ဘူမိဗေဒဌာနပြော
- နောက်ဆက်တွဲ ငလျင်တွေ ဆက်လှုပ်တယ်လို့ မိုးဇလ ထုတ်ပြန်
- မန္တလေးမြို့ခံတွေ လမ်းမတွေပေါ် ထွက်အိပ်နေကြရ
- ငလျင်ကြောင့် နေပြည်တော်နဲ့ မန္တလေး လေဆိပ်တွေယာယီပိတ်
- နေပြည်တော်အပါအဝင် ဒေသ ၆ ခုမှာ ပြင်းထန်ငလျင်လှုပ်ခတ်ခဲ့လို့ စစ်တပ်က အရေးပေါ် အခြေအနေကြေညာ
- မြေငလျင် ဒဏ်ကို မန္တလေး လေဆိပ်မှာ သိသိသာသာခံစားခဲ့ရ
- မြေငလျင် ဗဟိုချက် ဖြစ်တဲ့ စစ်ကိုင်းမှာ ထိခိုက်ပျက်စီးမှု အများအပြား ရှိခဲ့
- စစ်ကိုင်း တံတားဟောင်း ပြိုကျ