အမေရိကန်လွှတ်တော်အဆောက်အအုံမှာ ဖြစ်ခဲ့တဲ့အဓိကရုဏ်းနဲ့ဆက်နွှယ်သူတွေကို လွတ်ငြိမ်းခွင့်ပေး
သမ္မတ ထရမ့်ဟာ အိမ်ဖြူတော်မှာ သူ လက်မှတ်ရေးထိုး ထုတ်ပြန်တဲ့အမိန့်တွေထဲမှာ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၆ ရက်တုန်းက အမေရိကန်လွှတ်တော် အဆောက်အဦမှာဖြစ်တဲ့အဓိကရုဏ်း နောက်ဆက်တွဲ အမှုတွေနဲ့ ပြစ်ဒဏ် ချမှတ်ခံရတဲ့ Oath Keepers နဲ့ ပရောက်ဘွိုင်းစ် Proud Boys တို့ကို လွတ်ငြိမ်းခွင့် ပေးတာလည်းပါဝင်ပါတယ်။
အမေရိကန်လွှတ်တော်အဆောက်အအုံမှာ ဖြစ်ခဲ့တဲ့အဓိကရုဏ်းနဲ့ဆက်နွှယ်နေသူ ၁၆၀၀ လောက်ကိုလည်း ထရမ့်က လွတ်ငြိမ်းခွင့် ပေးလိုက်တာပါ။
အဲဒီထဲက လက်ဝဲစွန်း Proud Boys ခေါင်းဆောင်အပါအဝင် အများစုဟာ လာမယ့် နာရီပိုင်းအတွင်း ပြန်လွတ်လာမယ်လို့ ယူဆရပါတယ်။
အစွန်းရောက် လက်ယာဝါဒီ ပရောက်ဘွိုင်းစ် Proud Boys အဖွဲ့ဝင်တွေ ဝါရှင်တန်မြို့လမ်းတွေပေါ်မှာ စီတန်းလမ်းလျှောက်ခဲ့ကြတာကို တွေ့ရပါတယ်။
သူတို့ အမှတ်တံဆိပ်ဖြစ်တဲ့ အနက်နဲ့အဝါရောင် ရှပ်အင်္ကျီတွေ ဝတ်ဆင်ထားပြီး ထရမ့်ကို ထောက်ခံတဲ့ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ထားကြတာကို တွေ့ရပါတယ်။



