ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

ကပေါင်းကျနဲ့လိပ်ခြံရွာမှာ သေနတ်ထိမှန်သေဆုံးထားတဲ့အလောင်းတွေဟာ ဒေသခံရွာသားတွေဖြစ်ကြောင်းမိသားစုဝင်တွေပြော

တန့်ဆည်မြို့နယ်ထဲက ကပေါင်းကျကျေးရွာနဲ့လိပ်ခြံကျေးရွာတွေထဲမှာ စစ်ကောင်စီတပ်တွေဝင်ရောက်ပစ်ခတ်မှုတွေကြောင့် သေဆုံးမှုတွေရှိ

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. နယူးဒေလီ စစ်ရေးပြ အခမ်းအနားကို မြန်မာအာဏာသိမ်း စစ်ခေါင်းဆောင်ကို ဖိတ်မယ် ဆိုတဲ့ သတင်းတွေ အပေါ် အိန္ဒိယ နိုင်ငံခြားရေး ပြောခွင့်ရ ပယ်ချ

    လာမယ့်နှစ်၂၀၂၂ ဇန်နဝါရီလထဲ အိန္ဒိယနိုင်ငံမှာ နှစ်စဥ် ခမ်းခမ်းနားနား ပြုလုပ်လေ့ရှိတဲ့ ‘ရီပတ်ဘလစ်နေ့ စစ်ရေးပြ ချီတက်ပွဲ’ အခမ်းအနားကို မြန်မာ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖိတ်ဖို့ အိန္ဒိယ အစိုးရ စီစဥ်တယ် ဆိုတဲ့ သတင်းတွေကို အိန္ဒိယရဲ့ နိုင်ငံခြားရေးရုံး ဖြစ်တဲ့ ပြည်ပရေးရာ ဝန်ကြီး ဌာန MEA က ပယ်ချ လိုက်ပါတယ်။

    “ရှေ့လာမယ့်နှစ် ရီပတ်ဘလစ်နေ့ အခမ်းအနား အတွက် နိုင်ငံခြား ဧည့်သည်တော် စာရင်းနဲ့ ပတ်သက်ပြီး ခန့်မှန်း ရေးသားနေတာတွေကို မီဒီယာပေါ်မှာ တွေ့နေရတယ်။ အဲဒီသတင်းတွေဟာ မတိကျပါဘူး။ အချက်အလက်တွေ အပေါ် အခြေမခံဘူး” ဆိုပြီး MEA ပြောခွင့်ရ အာရင်ဒမ် ဘာ့ဂချီက ပြောပါတယ်။

    အစောပိုင်းတုန်းကတော့ နယူးဒေလီ ရီပတ်ဘလစ် စစ်ရေးပြ အခမ်းအနားကို BIMSTEC အဖွဲ့ဝင် နိုင်ငံတွေက ခေါင်းဆောင်တွေ အားလုံးကို အိန္ဒိယ အစိုးရက ဖိတ်ဖို့ စီစဥ်ထားတယ် ဆိုတဲ့ သတင်းတွေ ထွက်လာတာ ဖြစ်ပါတယ်။

    BIMSTECဆိုတာ ဘင်္ဂလား ပင်လယ်အော် နိုင်ငံများ နည်းပညာနဲ့ စီးပွားရေး ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ ရဲ့ အတိုကောက် ဖြစ်ပါတယ်။

    မြန်မာလည်း BIMSTECအဖွဲ့ဝင် နိုင်ငံ တစ်နိုင်ငံ ဖြစ်ပြီး၊ အရှေ့တောင်အာရှ နိုင်ငံတွေထဲက ထိုင်းနဲ့ အတူပါဝင်ပြီး၊ တောင်အာရှ ၅ နိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ နီပေါနဲ့ သီရိလင်္ကာတို့လည်း BIMSTECထဲပါဝင်ပါတယ်။

    ၁၉၅၀၊ ဇန်နဝါရီလ ၂၆ ရက်နေ့မှာ အိန္ဒိယနိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အသက်ဝင်လာတဲ့ အထိမ်းအမှတ် အနေနဲ့ စစ်ရေးပြ ချီတက်တဲ့ အခမ်းအနားကို နယူးဒေလီမြို့တော် ရာ့ဂျ်ပါ့သ် (ရာဇလမ်း) မှာ နှစ်စဥ် ခမ်းခမ်းနားနား ပြုလုပ်လေ့ ရှိပါတယ်။

    မြန်မာ အာဏာသိမ်း စစ်ခေါင်းဆောင်ကို နိုင်ငံတကာ စင်မြင့်ထက် ဖိတ်ကြားမယ် ဆိုတဲ့ သတင်းအပေါ် အိန္ဒိယ နိုင်ငံခြားရေး ဌာနဘက်က တရားဝင် ပယ်ချတာဟာ စစ်ကောင်စီ အတွက်တော့ သံတမန်ရေး နောက်တချီ ထိုးနှက် ခံရတာ ဖြစ်တယ်လို့ နိုင်ငံရေး အကဲခတ်တွေက ဆိုပါတယ်။

    စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ပြီးခဲ့တဲ့ သီတင်းပတ် ဘီဘီစီနဲ့ သီးသန့် မေးမြန်းခန်းမှာ စစ်ကောင်စီဟာ သံတမန်ရေး အထီးကျန် ဖြစ်မနေဘူး၊ ရုရှား၊ တရုတ်၊ အိန္ဒိယတို့နဲ့ အမြဲ အဆက်အသွယ် ရှိနေတယ်လို့ ပြောထားပါတယ်။

  2. NLDရွေးကောက်ခံ ကိုယ်စားလှယ်တွေနဲ့ ပါတီဝင်တွေ အိမ် ထပ်မံ ချိပ်ပိတ်ခံရ

    နိုဝင်ဘာလ ၂၃ ရက်နေ့က မန္တလေးတိုင်း မဲဆန္ဒနယ် အမှတ် ၁၁ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကျော်မြင့်ဦးရဲ့ လယ်ဝေးမြို့က နေအိမ်ကို စစ်ကောင်စီ တပ်တွေက ချိပ်ပိတ်လိုက်ပါတယ်။

    တနေ့တည်းမှာပဲNLDပါတီဝင် တွေ ဖြစ်ကြတဲ့ လယ်ဝေးမြို့နယ် သစ်ပုတ်ပင်ရွာက ကိုထွန်းထွန်းဝင်းရဲ့ နေအိမ်နဲ့ ပုဗ္ဗ သီရိမြို့နယ် ‌‌ဇီးကုန်းအုပ်စု ဇီးကုန်းရွာက ကိုရန်မျိုးအောင်ရဲ့ နေအိမ်လည်း ချိပ်ပိတ်ခံရတယ်လို့ NLDအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီရဲ့ ဗဟို ကော်မတီဝင် တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

    ဒါ့အပြင် တနင်္သာရီတိုင်းလောင်းလုံးမြို့နယ်က ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ် နှစ်ယောက်ရဲ့ နေအိမ်တွေလည်း နိုဝင်ဘာလ ၂၂ ရက် ညပိုင်းကချိပ်ပိတ် ခံရတယ်လို့ သူက အတည်ပြုပါတယ်။

    လောင်းလုံး မြို့နယ် မင်းရပ်ရွာကNLDတိုင်း လွှတ်တော်ကိုယ်စားလှယ် အမတ် ဦးမြင့်စန်းနဲ့ ကျောက်ဆင်ရွာကNLDတိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးဗိုလ်ထွေးတို့ရဲ့ နေအိမ်တွေ ချိပ်ပိတ်ခံခဲ့ရတာဖြစ်ပါတယ်။

    စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း ရွေးကောက်ခံNLDကိုယ်စားလှယ်တွေ၊NLDပါတီကို ထောက်ခံသူတွေရဲ့ နေအိမ်နဲ့ ပိုင်ဆိုင်မှုတွေကို ချပ်ပိတ် သိမ်းယူခဲ့ရာမှာ အခု နိုဝင်ဘာလမှာတော့ချိပ်ပိတ်တာတွေ ပိုပြီး ခပ်စိပ်စိပ်လုပ်လာတာတွေ့ရပါတယ်။

    ပုဒ်မ ၅၀၅ ထုတ်ပြန်ခံထားရလို့ တိမ်းရှောင်နေကြသူတွေကို PDF ဒေသကာကွယ်ရေးတပ်တွေနဲ့ ဆက်သွယ်မှု ဆက်စပ်မှုရှိတယ် ဆိုတဲ့ စွပ်စွဲချက်နဲ့အခုလ အတွင်း မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းထဲကNLDပါတီ ကိုယ်စားလှယ်တွေ အတော်များများ နေအိမ်တွေ ချိပ်ပိတ် သိမ်းယူ ခံခဲ့ကြရ ပါတယ်။

    အခုအချိန်အထိ အိမ်တွေ သိမ်းယူခံထားရသူ ၄၀ ကျော်ရှိသွားပြီ ဆိုတာ ဘီဘီစီက ရရှိထားတဲ့ စာရင်းတွေက ဖော်ပြနေပါတယ်။

  3. ဒီးမော့ဆိုမှာ ဒေသခံကာကွယ်ရေးနဲ့ စစ်တပ်တိုက်ခိုက်

  4. စစ်ကိုင်းတိုင်းထဲက စစ်ရှောင်ပြည်သူတွေရဲ့ အခြေအနေ

  5. တီဗီဇာတ်လမ်းတွေမှာ အမျိုးသမီးတွေ သရုပ်မဆောင်ဖို့ တာလီဘန်ပိတ်ပင်

  6. စစ်ကိုင်း ရေဦးထဲက ရွာတချို့မှာ NLD အမတ်တွေရဲ့ ဓာတ်ပုံတွေပြပြီး လူတွေကို စစ်မေးနေတယ်လို့ ဆို

    စစ်ကိုင်းတိုင်းထဲက မြို့နယ်တချို့မှာ စစ်ကောင်စီရဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဒေသခံတွေကို NLD တိုင်းဒေသကြီးလွှတ်တော် အမတ်တချို့ရဲ့ ဓာတ်ပုံတွေပြပြီး လိုက်လံ စစ်ဆေးမေးမြန်း နေတယ်လို့ သိရပါတယ်။

    ရေဦးထဲက ကျေးရွာတွေမှာ ရေဦးမြို့နယ် တိုင်းအမတ် ဦးမြင့်ထွေးနဲ့ ဝက်လက်က တိုင်းအမတ် ဒေါက်တာနိုင်အောင်တို့ရဲ့ ပုံတွေကို ပြပြီး ပုံထဲကသူတွေကိုသိလား၊ ဘယ်မှာ ရှိလဲ ဆိုတဲ့ မေးခွန်းမျိုးတွေ မေးမြန်းတာမျိုး ဖြစ်တယ်လို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။

    ရွာသားတချို့ ရိုက်နှက် စစ်ဆေးခံရတယ်လို့ ကနဦး သတင်းတွေက ဆိုပေမယ့် သီးခြား အတည်ပြုနိုင်အောင် ဆက်လက် စုံစမ်းနေပါတယ်။

    အဲဒီ NLD အမတ်တွေကို စစ်ကောင်စီတပ်ဖွဲ့တွေက အလိုရှိနေတာ ဖြစ်ပြီး၊ ဦးမြင့်ထွေးရဲ့ အိမ်ကို ချိပ်ပိတ်ထားပါတယ်။ ဒေါက်တာနိုင်အောင်နဲ့ ဆွေမျိုးရင်းချာ မိသားစုဝင်တွေလည်း ပစ်မှတ်ထားခံရ၊ ကားလိုမျိုး ပိုင်ဆိုင်မှုတွေ သိမ်းဆည်းခံထားရတယ်လို့ နားလည်ရပါတယ်။

  7. ယာခင်းနဲ့ အိမ်တို့ရဲ့ အ‌ဝေးက ဘဝများ

  8. လက္ကာကျေးရွာသားတွေကို အမိန့်မချဘဲ အကြိမ်ကြိမ်ရက်ရွှေ့ဆိုင်းနေတာဟာ နှိပ်စက်မှုပုံစံဖြစ်နေတယ်လို့ မိသားစုတွေပြော

  9. မကွေးနဲ့ စစ်ကိုင်းတိုင်းတွင်း တိုက်ပွဲများ

  10. တရုတ်အာဆီယံ ထိပ်သီးညီလာခံ မြန်မာစစ်ခေါင်းဆောင် တက်ခွင့်မရ

  11. မဲခေါင်မြစ်ဝှမ်း အတွင်းနဲ့ အပြင် သို့မဟုတ် အာဆီယံထဲက မြန်မာ့အရေး ကွဲလွဲမှု

  12. အမေရိကန်မှာ လူအုပ်ထဲ ကားနဲ့ ဝင်တိုက်လို့ ၅ဦး သေပြီး အများအပြားဒဏ်ရာရ

  13. ကျိုက်နဲရေလယ်ဘုရားဖူး သေဆုံးသူ ၂၀ ဦး အထိ ရှိလာပြီး ပျောက်ဆုံးနေသူတွေရှိနေဆဲ

  14. ဆူဒန် စစ်တပ်က သူတို့ ဖြုတ်ချထားတဲ့ ဝန်ကြီးချုပ်ကို ပြန်လည် ခန့်အပ်

  15. သမီးရဲ့ရုပ်အလောင်းကို ပြန်လိုချင်တဲ့အဖေ

  16. အကောင့်တုတွေနဲ့ မထောက်လှမ်းဖို့ LAရဲတွေကို ဖေ့စ်ဘွတ်ခ်ပြော

  17. ပလက်ဝ နေရပ်ပြန် စစ်ဘေးရှောင်တွေ နေထိုင်စားသောက်ရေး ခက်ခဲ

  18. စစ်ကောင်စီခန့် စစ်ကိုင်း ဝန်ကြီးချုပ် ယာဥ်တန်း မိုင်းဆွဲခံရ

  19. ဦးဇေယျာသော် ဖမ်းဆီးခံရမှု NLD အပေါ်ရိုက်ခတ်နိုင်သလား

  20. တီးတိန်၊ အပ်လွယ်ရွာက အမျိုးသမီးနှစ်ဦးရဲ့ ငရဲခန်း