ကိုရိုနာ ဗိုင်းရပ်စ် သတင်းများ တင်ဆက်မှု - ဧပြီ ၃ ရက်

မြန်မာ နဲ့ ကမ္ဘာ တစ်ဝန်းမှာ ဖြစ်ပွားနေတဲ့ ကိုရိုနာ ဗိုင်းရပ်စ် သတင်းများ တင်ဆက်မှု

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ကိုရိုနာ ကူးစက်ခံထားရသူ ၄ ဦး ထပ်မံ တွေ့ရှိ

    • ပေါက်ခေါင်း မြို့နယ်မှာ ဆေးကုသမှု ခံယူနေတဲ့ လူ ၄ ယောက်မှာ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံထားရတာ စစ်ဆေး တွေ့ ရှိရတယ်လို့ ကျန်းမာရေး နဲ့ အားကစား ဝန်ကြီးဌာန က သတင်းထုတ်ပြန်ပါတယ်။
    • အသက် ၄၇ နှစ်အရွယ် အမျိုးသား တစ်ဦး၊ အသက် ၁၀ နှစ်အရွယ် ယောက်ျားလေး တစ်ဦး၊ အသက် ၈ နှစ်နဲ့ ၁၈ နှစ် အရွယ် အမျိုးသမီး တစ်ဦးစီမှာ စစ်ဆေး တွေ့ ရှိခဲ့ရတာ ဖြစ်ပါတယ်။
    • သူတို့ ကို မတ်လ ၃၁ ရက်နေ့ကတည်းက အသွားအလာ ကန့်သတ်ပြီး စောင့်ကြပ် ကြည့်ရှုနေခဲ့တာဖြစ်ပါတယ်။
    ကျန်းမာရေး ဝန်ကြီးဌာန

    ဓာတ်ပုံ ရင်းမြစ်, ကျန်းမာရေး ဝန်ကြီးဌာန

    ဓာတ်ပုံ ပုံစာ, ကျန်းမာရေး ဝန်ကြီးဌာန
  2. သတင်းထူး, ဗြိတိန်မှာ သေဆုံးမှုနှုန်း မြင့်တက်

    • ဗြိတိန်မှာ ကိုရိုနာ ဗိုင်းရပ်စ် ကြောင့် သေဆုံးသူ ၂၉၂၁ ဦး ရှိပြီလို့ အမျိုးသား ကျန်းမာရေး ဌာနက သတင်းထုတ်ပြန်ပါတယ်။
    • မနေ့က ညနေ ငါးနာရီ အချိန်အထိ စာရင်း ကောက်ယူမှုတွေ လုပ်ခဲ့တာဖြစ်ပြီး ဆေးရုံတက်နေသူတွေရဲ့ စာရင်းလည်း ပါဝင်ပါတယ်။
    • လက်ရှိ အချိန်မှာ လူပေါင်း တစ်သိန်းကျော်ကို ဆေးစစ်မှုတွေ ဆောင်ရွက်ပြီးစီး ခဲ့ပြီး ၃၃၇၁၈ ယောက်မှာ ဗိုင်းရပ်စ် ကူးစက် ခံထား ရတယ်လို့ NHS လူမှု ကွန်ရက် စာမျက်နှာမှာ သတင်းထုတ်ပြန်ထားပါတယ်။
  3. ကိုရိုနာ အတွက် ယတြာ ကိုအားကိုးနေတဲ့ ဒေသခံတွေ

  4. အပြင်ထွက်တိုင်း မျက်နှာဖုံး တပ်သင့်ပြီလား

    ကိုယ်တိုင် နေမကောင်း ဖြစ်ပြီး ဖျားနာ နေသူတွေ နဲ့ ကျန်းမာရေး ဝန်ထမ်း တွေသာ မျက်နှာဖုံး ဝတ်ဆင်သင့်တယ်လို့ WHO က အကြံပြု ထားတာ အားလုံး သိပြီးသားပါ။

    အခုတော့ ဒီအကြံပြုချက်ကို ပြောင်းသင့်ပြီလား ဆိုတာကို WHO အကြံပေး တွေက အစည်းအဝေး ထိုင်ပြီး သုံးသပ်နေကြပါပြီ။

    အမေရိကန် ကျန်းမာရေး တာဝန်ရှိသူတွေ ကလည်း မျက်နှာဖုံး ဝတ်ဆင် သင့်ပြီ ဆိုတဲ့ နည်းလမ်း ကို ပြည်သူတွေဆီကို အကြံပေးမလားဆိုတဲ့ အချက် ကို စဉ်းစားနေပါတယ်။

    ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းမှာ လူတွေ အနေနဲ့ အချိန်တိုင်း မျက်နှာဖုံး ဝတ်ဆင် ထားသင့်တယ် ဆိုတဲ့ တောင်းဆိုမှုတွေက ပိုမို ကျယ်ပြန့်လာခဲ့တာပါ။ လေ့လာမှု တွေမှာတော့ အသံတိတ် ရောဂါပိုး သယ်ဆောင်မှု ရှိနေတယ်လို့ ဆိုထားပါတယ်။

    ဒါပေမယ့် ကွဲပြားတဲ့ အယူအဆ တချို့လည်း ရှိနေပြီး မျက်နှာဖုံးကို နာမကျန်း ဖြစ်နေသူ တွေသာ ဝတ်သင့်တယ် ဆိုတဲ့ အယူအဆလည်း ရှိနေပါတယ်။

    ဗိုင်းရပ်စ် ကူးစက်ခံရသူမှာ ရောဂါကူးစက်မှုလက္ခဏာတွေ မပြခင် ကတည်း က ဗိုင်းရပ်စ် ပျံ့နှံ့မှု ၂၀ ရာခိုင်နှုန်း ကနေ ၄၀ ရာခိုင်နှုန်း အထိ ရှိတယ်လို့ ဟောင်ကောင် တက္ကသိုလ် က ကူးစက်ရောဂါ ပျံ့ပွားခြင်း နဲ့ ကာကွယ်ရေး ဆိုင်ရာ ပညာရှင် ဘင်ဂျမင် ကောလင်း က ဆိုထားပါတယ်။

    အာရှ နိုင်ငံတွေမှာတော့ လူတိုင်းနီးပါး မျက်နှာဖုံး တပ် ထားကို နေ့စဉ် မြင်တွေ့ရမှာပါ။

    ချက် ပြည်ထောင်စု သမ္မတ နိုင်ငံနဲ့ ဆလိုဗက်ကီးယား နိုင်ငံတွေ မှာတော့ အပြင်ထွက်ရင် မျက်နှာဖုံး မတပ်မနေရ သတ်မှတ် ထားပါတယ်။

    မကြာခင် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက WHO သတ်မှတ်လာခဲ့ရင်တော့ ကျန်တဲ့ နိုင်ငံတွေမှာလည်း ဒီလို သတ်မှတ်ချက်မျိုး ချမှတ်တာတွေ ရှိလာ နိုင်ပါတယ်။

    အမျိုးသမီး တစ်ဦး မျက်နှာဖုံးတပ်ဆင်ထားတာကို မြင်တွေ့ရစဉ်

    ဓာတ်ပုံ ရင်းမြစ်, Reuters

    ဓာတ်ပုံ ပုံစာ, မျက်နှာဖုံး တပ်ပြီးမှ အပြင်ထွက်သင့်ပြီလား
  5. ဥရောပ နိုင်ငံ တချို့က ကိုရိုနာ ကြောင့် သေဆုံးမှု စာရင်း

    • စပိန် နဲ့ အီတလီ နိုင်ငံမှာ ကိုရိုနာ ကူးစက်မှုတွေ နှေးသွားတယ်လို့ တာဝန်ရှိသူတွေက ပြောကြပါတယ်။
    • ကိုဗစ် ၁၉ ကြောင့် သေဆုံးမှုတွေကတော့ အီတလီမှာ ၁၃၁၅၅ နဲ့ စပိန် မှာ ၉၀၅၃ ယောက် ရှိနေပါပြီ။
    • ပြင်သစ်မှာတော့ ဂရမ်း အိစ် ဒေသ က လူနာတွေကို ပြုစု စောင့်ရှောက်မှု ပေးတဲ့ ဂေဟာတွေမှာ သေဆုံး သူ အရေအတွက် ၅၇၀ဦး ရှိခဲ့တယ်လို့ ဆိုပါတယ်။
    • ပြင်သစ် တာဝန် ရှိသူတွေက ဆေးရုံတွေမှာ သေဆုံးသူ အရေအတွက် ကိုပဲ တွက်ချက်ထားတာကြောင့် အဘိုးအဖွားတွေကို ပြုစု စောင့်ရှောက်မှုပေးတဲ့ ဂေဟာတွေမှာ သေဆုံးမှုတွေ ရှိနိုင်သေးတယ် ဆိုပြီး စိုးရိမ်နေကြပါတယ်။
    • ရုရှား မှာလည်း ၂၄ နာရီ အတွင်းမှာ ကိုဗစ် ၁၉ ကူးစက်ခံရသူ ၇၇၁ ဦး ရှိခဲ့ တာကြောင့် စုစုပေါင်း ကူးစက်ခံရသူ ၃၅၄၈ ဦး ရှိသွားပါပြီ။
    ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှုတွေကို စိုးရိမ်လို့ အပြင်မထွက်ရတားမြစ်ထား

    ဓာတ်ပုံ ရင်းမြစ်, Reuters

  6. သတင်းထူး, စပိန်မှာ အလုပ်လက်မဲ့ နှုန်းမြင့်တက်

    စပိန်မှာ အလုပ်လက်မဲ့တွေ များလာတာကြောင့် အစိုးရ ထောက်ပံ့ကြေး လျှောက်ထားသူတွေ အလွန်များပြား ခဲ့ပါတယ်။

    မတ်လ အတွင်း လူ သုံးသိန်းကျော် ဟာ ထောက်ပံ့ကြေး လျှောက်ထား ခဲ့ကြတယ်လို့ ဆိုပါတယ်။

    လူမှုဖူလှုံရေး ဝန်ကြီး ဌာန ရဲ့ ပြောဆိုမှု အရ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံရမှု စတင်ခဲ့ပြီးနောက်မှာ လူ ၉ သိန်း နီးပါး ထောက်ပံ့ကြေးတွေ လျှောက်ထား ခဲ့ကြတယ်လို့ သိရပါတယ်။

  7. မြန်မာ ကိုဗစ် လူနာ အမှတ် ၁၆ နဲ့ ထိတွေ့ ခဲ့သူတွေကို စိစစ်

    မြောက်ဥက္ကလာမှာ နေထိုင်ခဲ့တဲ့ အသက် ၆၃ နှစ်အရွယ် ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ လူနာအမှတ် ၁၆ နဲ့ ထိတွေ့ခဲ့ တဲ့ ကျန်းမာရေး ဝန်ထမ်း အရေအတွက်ကို အချက်အလက်စုပြီး စိစစ်နေဆဲလို့ ကျန်းမာရေးနဲ့ အားကစားဝန် ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခင်ခင်ကြီးက ဘီဘီစီကိုပြောပါတယ်။

    သက်ဆိုင်ရာဆေးရုံ၊ ကုသရေးနဲ့ သက်ဆိုင်ရာဌာနတွေက လူနာနဲ့ထိတွေ့မိခဲ့တဲ့ ဝန်ထမ်းအရေအတွက်ကို အချက်အလက်စုဆောင်းနေတာဖြစ်ပါတယ်။

    လူနာအမှတ် ၁၆ မှာရောဂါပိုးတွေ့ရှိတယ်လို့ ထုတ်ပြန်ပြီးနောက် သူနေထိုင်ခဲ့တဲ့ မြောက်ဥက္ကလာ မြို့နယ်အတွင်းက အိမ်နီးချင်းတွေက လူနာအမှတ် ၁၆သွားလာခဲ့တဲ့ ဈေးတွေ၊ ဆေးရုံမသွားခင်၊ ဆေးခန်း မှာကုသမှုတွေရှိခဲ့တာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေကိုသွားရောက်ခဲ့တာတွေရှိတာကို လူမှုကွန်ရက် တွေမှာ ရေးသားလာကြပါတယ်။