ထိုင်းငါးဖမ်းလှေတွေပေါ် ရောင်းစားခံနေရတဲ့ လုပ်သားတွေအရေး ၃နိုင်ငံ စည်းဝေး

ဓာတ်ပုံ ရင်းမြစ်, MCOT
ငါးဖမ်း လှေ လုပ်သား တွေ အဖြစ် ခိုင်းစေ ဖို့ လူကုန်ကူး ခံရသူ အရေး ကာကွယ်ရေး နဲ့ တိုက်ဖျက်ရေး ကို ထိုင်း၊ မြန်မာ၊ အင်ဒိုနီးရှား နိုင်ငံတို့ နီးနီး ကပ်ကပ် ပူးပေါင်း ဆောင်ရွက်သွား မယ် လို့ သဘော တူညီ ခဲ့ကြ ပါတယ်။
ထိုင်းနိုင်ငံ ဖတ်ထယားမြို့ မှာ ဂျွန် ၅ ရက် တုန်းက ပြီးသွားတဲ့ အစည်းအဝေး မှာ ဆုံးဖြတ် ခဲ့ကြတာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံ က ငါးဖမ်း လှေတွေ မှာ ထိုင်း၊ မြန်မာ၊ ကမ္ဘောဒီးယား နဲ့ လော နိုင်ငံသား အလုပ် သမား တွေ လူကုန်ကူး ခံရပြီး အင်ဒိုနီးရှား နိုင်ငံ အထိ ငါးဖမ်းလှေ တွေ ရောက်သွားတဲ့ အတွက် ထိုင်း၊ မြန်မာ၊ အင်ဒိုနီးရှား နိုင်ငံတို့ က လူကုန်ကူးမှု တိုက်ဖျက်ရေး ကို အကောင်အထည် ဖေါ်ရတဲ့ ရဲတပ်ဖွဲ့ တွေ ၂ ရက်တာ ဆွေးနွေး အဖြေ ရှာခဲ့ကြတာ ဖြစ်ပါတယ်။
အခုလို ပထမ အကြိမ် ၃ နိုင်ငံ အစည်းအဝေး ကနေ လူကုန် ကူးမှု အချက်အလက် တွေကို ဖလှယ်ပြီး အရေး ယူဖို့ နဲ့ ကာကွယ်ရေး တွေ လုပ်ဆောင် သွားဖို့ သဘောတူ ခဲ့ကြ ပါတယ်။
၃ နိုင်ငံ ဆက်သွယ် ဆောင်ရွက် ရေး အတွက် တစ်နိုင်ငံချင်း ကနေ ကိုယ်စားလှယ် တစ်ဦး ကျဆီ ထားရှိဖို့ နဲ့ ၃ လ တစ်ကြိမ် အစည်းအဝေး လုပ်ကြဖို့ ကို လည်း သဘောတူ ညီခဲ့ကြတယ် လို့ ထိုင်း ဒီအက်စ်အိုင် အထူးမှုခင်း စုံစမ်း စစ်ဆေးရေး ဌာန က ညွှန်ကြားရေးမှူးချုပ် စူဝါ့နား စူဝမ်းကျူထါ့ က ပြောပါတယ်။
လာမယ့် အစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံ မှာ ပြုလုပ် မှာ ဖြစ်တယ်။
အဲ့ဒီ အစည်းအဝေး ကျရင် ကမ္ဘောဒီးယား ကိုလည်း ဖိတ်ခေါ်မှာ ဖြစ်ပြီး နောက်ပိုင်း လိုအပ်ရင် လောနိုင်ငံ ကို လည်း ဖိတ်ခေါ် သွားမယ် လို့ စူဝါ့နား စူဝမ်းကျူထါ့ က ဆိုပါတယ်။
လူကုန်ကူး ခံရပြီး ကျွန် ပြု ခိုင်းစေ ခံ နေရတာ ဟာ ငါးဖမ်း လှေ လုပ်သား တွေ ဖြစ်နေတာ ကြောင့် အခု ၃ နိုင်ငံ ဆက်သွယ် ဆောင်ရွက်ရေး ဟာ အဲဒီ့ ကိစ္စကို ပဲ အဓိက လုပ်ဆောင် သွားမှာ ဖြစ်ပါတယ်။
လူကုန် ကူးမှု တိုက်ဖျက် ရေး နိုင်ငံ တွေ အချင်းချင်း စုပေါင်း လုပ်ဆောင်မှု တွေ ဟာ အစည်းအဝေး နဲ့ အချိန် ကုန်နေပြီး လက်တွေ့ အကောင်းအထည် ဖော်မှု အားနည်း နေတယ် လို့ ငါးဖမ်း လုပ်သားအရေး တွေ ကို ကူညီ လုပ်ဆောင် နေတဲ့ အဲန်ဂျီအိုတွေ က ထောက်ပြ ပြောဆို ကြပါတယ်။
ထိုင်းနိုင်ငံ အနေ နဲ့ လူကုန် ကူးမှုကို ထိထိ ရောက်ရောက် မကိုင်တွယ်ဘူး ဆိုပြီး ဥရောပနဲ့ အမေရိကန် နိုင်ငံ တို့က ထိုင်း ရေထွက် ပစ္စည်း တွေကို မဝယ်ယူ ဖို့နဲ့ ကုန်ပစ္စည်း တင်ပို့မှု တွေကို ပိတ်ပင်ဖို့ အထိ သတိပေး ထားတာ ကြောင့်လည်း လူကုန်ကူးမှု တိုက်ဖျက်ရေး ကို ထိုင်းနိုင်ငံ က အပူတပြင်း လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံ မှာ ဖြစ်ပေါ် နေတဲ့ လူကုန်ကူးမှု အခြေ အနေ ကို အဆင့် သတ်မှတ်ဖို့ ကို အမေရိကန် နိုင်ငံ က အခု လကုန်ပိုင်း မှာ ထုတ်ပြန်ဖို့ ရှိပါတယ်။








