ကရင်စာသင်ကျောင်းတွေ ပျောက်ကွယ်နေ

ကရင် ပြည်နယ် ထဲ က ဒေသခံ တွေ ရဲ့ ကိုယ်ထူ ကိုယ်ထ ကျောင်း တွေ ဟာ အစိုးရ ရဲ့ အထောက်အပံ့ တွေ ရရှိ လာတဲ့ အတွက် ကျောင်း အဆောက်အဦ ပိုင်း ဆိုင်ရာ မှာ တိုးတက်မှု တွေ ရှိပေမယ့် တစ်ဘက်က လည်း ကရင်စာနဲ့ သမိုင်းတွေ သင်ကြား ပေး နိုင် တဲ့ အခွင့်အရေး လက်လွှတ် ဆုံးရှုံး လာရ တယ် ဆိုပြီး ကရင်စာပေ ဖွံ့ဖြိုး ရေး အတွက် ဆောင်ရွက် နေသူ တွေ က ပြောပါတယ်။
ကရင် ပြည်နယ် အတွင်း အစိုးရ နဲ့ ဒေသခံ လက်နက်ကိုင် တွေ ကြား တိုက်ပွဲ တွေ မရှိ တော့ ပဲ အေးဆေး သွားချိန် မှာ ရှိနှင့်ပြီး တဲ့ ကရင် ဒေသခံ ကျောင်း တွေ ဟာ အစိုးရ က ခေါ် လာတဲ့ အလှူရှင် NGO အဖွဲ့ တွေ ရဲ့ ရံပုံ ငွေ နဲ့ ပြုပြင် တည် ဆောက်ပြီး အစိုးရ ကျောင်း တွေ အဖြစ် ပြောင်းလဲ လာကြတာ ဖြစ်ပါတယ်။
ဒါပေမယ့် အဲဒီ့ ကျောင်း တွေ ဟာ ဗမာစာပေ နဲ့ သမိုင်း ကိုသာ အခြေပြု သင်ကြား တဲ့ ပညာရေး စံနစ် ကို သွပ်သွင်း ခံ လိုက် ရတယ် လို့ ကရင်စာပေ ဖွံ့ဖြိုးမှုအဖွဲ့ ခေါင်းဆောင် ဖဒိုလာဆေး က ဘီဘီစီ ကို ပြောပါတယ်။
မူလ ကရင် ဒေသခံ ကျောင်း တွေ မှာ အစဉ်အဆက် စံပြု ထားတဲ့ ကိုယ်ပိုင် သင်ရိုး ရှိ ပြီး ကရင်၊ ဗမာ နဲ့ အင်္ဂလိပ် ဘာသာ ၃ မျိုး အခြေပြု စံနစ် ဖြစ်တယ် လို့လည်း ဖဒိုလာဆေး က ဆိုပါတယ်။
အခုလို ကရင် ကျောင်း တွေ ကို သိမ်းယူ တဲ့ အစိုးရ ရဲ့ စီမံချက် တွေ မှာ ကရင်စာ ပေ နဲ့ ယဉ်ကျေး မှု အတွက် ဆောင်ရွက် နေသူ တွေ နဲ့ တိုင်ပင် ဆွေးနွေး ခဲ့တာ မျိုး မရှိဘူး ဆိုပြီး ဖဒိုလာဆေး က ပြောပါတယ်။




