၂ဝ၁၂ အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေး

ရန်ကုန်မြို့ သုဝဏ္ဏ အားကစားရုံ မှာ ကျင်းပခဲ့ တဲ့ ၂ဝ၁၂ အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ပေးပွဲမှာ လက်ပံ ဇာတ်ကားနဲ့ ပြေတီဦးနဲ့ ဖွေးဖွေးက အမျိုး သားနဲ့ အမျိုးသမီး ဇာတ်ဆောင် ဆုတွေ ရရှိ သွားကြ ပါတယ်။
ယွန်းယွန်းက တိမ်မင်းသမီး၏ ဒဏ္ဍာရီ ဇာတ်ကားနဲ့ ကလေး သရုပ်ဆောင် အထူးဆု ရရှိ ခဲ့ပါတယ်။
တခြား ဆုရသူ တွေကတော့
အသံဆု - တိုနီ(လင်း) (ကယန်းအလှ )
ဓာတ်ပုံဆု- အောင်ကိုလတ် (ကယန်းအလှ )
တေးဂီတဆု - ဝင်းကို ( အမွေခံထိုက်သူ ဖြစ်ပါစေ )
တည်းဖြတ်ဆု - ဇော်မင်း (ဟံသာမြေ)( ဥ )
အမျိုး သမီး ဇာတ်ပို့ဆု - ချောရတနာ ( ဥ )
ဒါရိုက်တာဆု - ကိုဇော် (အရုဏ်ဦး) ( ဥ )
တို့ဖြစ်ကြပြီး ဒီနှစ်မှာ အမျိုးသား ဇာတ်ပို့ဆု၊ ဇာတ်ညွှန်းဆုနဲ့ ဇာတ်ကားဆု တွေကို ချီးမြှင့်နိုင်ခြင်း မရှိပါဘူး။ ကယန်းအလှ ဇာတ်ကားဟာ မလေးရှား နိုင်ငံမှာ ကျင်းပခဲ့တဲ့ အာဆီယန် ရုပ်ရှင်ပွဲတော်မှာ ဂျူရီ အထူးဆု ဆွတ်ခူးခဲ့ပါတယ်။
မြန်မာ့ ရုပ်ရှင် ထူးချွန်ဆု တွေကို ၁၉၅၂ က စတင် ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။








