ကမ္ဘာပေါ်မှာ မြန်မာနိုင်ငံသာ မြေမြုပ်မိုင်းသုံး

ရေးသားခဲ့သည်။
ကမ္ဘာပေါ်မှာ မြန်မာ အစိုးရသာ မြေမြုပ်မိုင်းကို အသုံးချနေတာဖြစ်တယ်လို့ နိုင်ငံတကာ မြေမြုပ်မိုင်း ပပျောက်ရေး လှုပ်ရှားမှု အဖွဲ့က ပြောပါတယ်။
ရုရှားက မြေမြုပ်မိုင်းကို လက်နက်သဖွယ် မသုံးတော့ဘဲ ၂ဝဝ၉ခုနှစ်ဟာ ဆယ်စုနှစ်အတွင်း မြေမြုပ်မိုင်း အနည်းဆုံးသုံးတဲ့နှစ်ဖြစ်တယ်လို့ ဆိုပါတယ်။
၁၉၉ရ ခုနှစ် အိုတာဝါမြို့မှာ ချုပ်ဆိုခဲ့တဲ့ မြေမြုပ်မိုင်း အသုံးပြုမှုလျော့ချရေး နိုင်ငံတကာ သဘောတူ စာချုပ်ကို ဒီအဖွဲ့ကြီးက ထောက်ခံအားပေးခဲ့ပါတယ်။
မြန်မာ တနိုင်ငံတည်းသာ မြေမြုပ်မိုင်းတွေကို ဆက်လက်သုံးနေပြီး ဒါတွေကို ဘယ်နိုင်ငံက ရသလဲဆိုတာ မဖော်ထုတ်နိုင်သေးပေမယ့် နိုင်ငံသုံးခုလောက်သာ ဒီလက်နက်တွေကို ထုတ်လုပ်နေတာ ဖြစ်ပါတယ်လို့ အဲဒီအဖွဲ့က ဆိုပါတယ်။




