ရခိုင်မှာ စစ်တပ်နဲ့ အေအေ လူ ၆၀ လောက် အပြန်အလှန် ဖမ်းထား

ဓာတ်ပုံ ရင်းမြစ်, MYINT LWIN
ရခိုင်ပြည်နယ်ထဲမှာ စစ်ကောင်စီနဲ့ ရက္ခိုင်တပ်တော် အေအေတို့ အခုရက်ပိုင်းအတွင်း နှစ်ဖက် အပြန်အလှန်ဖမ်းဆီးနေကြတယ်လို့ ဒေသခံတွေကပြောပါတယ်။
ဇွန်လ ၂၇ ရက်နေ့အထိ စစ်တပ်ဘက်က ဖမ်းထားတဲ့ ရခိုင်ဒေသခံ ၄၀ ခန့်ရှိပြီလို့ အေအေဘက်က ထုတ်ပြန်ပြီးတော့ အေအေဘက်က ဖမ်းသွားတဲ့ စစ်ကောင်စီ ဘက်ကဝန်ထမ်း ၂၀ ကျော်ခန့်ရှိမယ်လို့လည်း ဒေသခံတွေက တစ်ဆင့်သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်နေ့က စစ်ကောင်စီရဲ့ အစိုးရအဖွဲ့ရုံးစိုက်ရာ စစ်တွေမြို့မှာ ရေတပ်အရာရှိတစ်ဦးကို လက်နက်တွေနဲ့အတူ ရက္ခိုင့်တပ်တော် အေအေဘက်ကနေ ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
ဇွန်လ ၂၃ရက်၊ မွန်းတည့် ၁၂နာရီကျော်မှာ စစ်တပ်က ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦး ရခိုင်ပြည်နယ် စစ်တွေမြို့၊ အနောက်စံပြရပ်ကွက်ထဲက ဆိုင်ကယ်ပြင်ဆိုင်မှာ ရောက်နေစဥ် အေအေဘက်က ဖမ်းဆီးတာကို ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ်တောင်ဘက်ခြမ်း မြို့နယ်တစ်ခုဖြစ်တဲ့ ကျောက်ဖြူမြို့နယ်အတွင်းမှာ ဇွန်လ ၂၄ ရက်နေ့လယ်ပိုင်းက လူငယ်နှစ်ဦးကို စစ်တပ်က ဖမ်းဆီးခဲ့ပြီး မိသားစုတွေနဲ့ အဆက်အသွယ်မရ ဖြစ်နေတယ်လို့ ဒေသခံတွေနဲ့ မိသားစုတွေက ပြောဆိုကြပါတယ်။
ဇွန်လ ၂၇ ရက်နေ့ နောက်ဆုံးထပ်မံရရှိတဲ့ သတင်းတွေအရ ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းမှာ ရက္ခိုင့်တပ်တော် အေအေနဲ့ စစ်ကောင်စီတပ်တို့ ဒီကနေ့ ဇွန်လ ၂၇ ရက်နေ့ မနက်ပိုင်းက တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့ကြတယ်လို့ ပလက်ဝဒေသခံတွေက ပြောဆိုကြပါတယ်။
တိုက်ပွဲဖြစ်ပွားတဲ့အသံတွေကို ပလက်ဝမြို့ရဲ့မြောက်ဘက် တစ်မိုင်ခန့်အကွာ အဘောင်သား အောက်ရွာအနီးဝန်းကျင်က ကြားရပြီး မနက်ပိုင်း ၉ နာရီလောက်က စတင်ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
ကျောက်ဖြူမြို့က ဖမ်းဆီးခံလိုက်ရတဲ့ လူငယ်တွေဟာ ကလန့်တဲ့ကျေးရွာအုပ်စု မူရွင်းကျေးရွာက ကိုစိုင်းဝဏ္ဏကျော်နဲ့ ကိုထွန်းထွန်းဇော် တို့ဖြစ်ကြပြီး ဇင်ချောင်းကျေးရွာက ဆောက်လုပ်ရေးလုပ်ငန်း တစ်ခုမှာ အလုပ်ဝင်ရောက်လုပ်ကိုင်နေကြသူတွေ ဖြစ်ကြပါတယ်။
ဇွန်လ ၂၄ ရက်နေ့က သူတို့နှစ်ဦးဟာ ရဲစခန်းရှေ့က ဆောက်လုပ်ရေးပစ္စည်းအရောင်းဆိုင်မှာ ဝယ်ယူထားတဲ့ပစ္စည်းတွေ အတွက် သွားရောက်ငွေရှင်းပေးရင်း အဲ့ဒီအနီးက ကွမ်းယာဆိုင်မှာ ကွမ်းဝယ်စားနေစဉ် ကျောက်ဖြူမြို့အခြေစိုက် ခလရ ၃၄ တပ်က စစ်သား ၄/၅ ဦးခန့်ရောက်ရှိလာခဲ့ကာ စစ်ဆေးစရာရှိတယ်လို့ ပြောဆိုပြီး ခေါ်ဆောင်သွားခဲ့တာဖြစ်တယ်လို့ ကိုစိုင်းဝဏ္ဏကျော်ရဲ့အစ်ကိုဖြစ်သူ က ပြောပါတယ်။
ဖမ်းဆီးခံလိုက်ရတဲ့ လူငယ်နှစ်ဦးအနက် ကိုထွန်းထွန်းဇော်မှာ အသက် ၂၀ ဝန်းကျင်သာ ရှိသေးပြီး နည်းပညာတက္ကသိုလ်တက် ရောက်ဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။
သူတို့နှစ်ဦးကို ဖမ်းဆီးသွားတဲ့ နေ့ကတော့ ဇင်ချောင်းရဲစခန်းမှာ ထားရှိပေမယ့် တွေ့ခွင့်မရခဲ့တဲ့အတွက် ဇွန်လ၂၅ ရက်နေ့မှာ မိဘတွေနဲ့အတူ ရဲစခန်းကိုသွားရောက်ခဲ့ရာမှာတော့ တွေ့ခွင့်ရခဲ့ပြီး သူတို့ဖုန်းထဲမှာ အချက်အလက်တချို့ကို တွေ့ရှိ ထားတဲ့အတွက် စစ်ဆေးစရာတွေရှိနေကြောင်းနဲ့ စစ်ဆေးလို့ပြီးရင် ပြန်လွှတ်ပေးမှာဖြစ်တယ်လို့ ဗိုလ်ကြီးအဆင့်ရှိတဲ့ စစ်ကောင်စီအရာရှိတစ်ဦးက ပြောဆိုကြောင်း မိသားစုဝင်တွေက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP/Getty Images
အခုလို ဖမ်းဆီးခဲ့တာဟာ သူတို့ ကိုင်ဆောင်တဲ့ဖုန်းတွေထဲမှာ အေအေနဲ့ပတ်သက်တဲ့ အချက်အလက်တချို့ကိုတွေ့ရှိ တယ်ဆိုပြီး ဖမ်းဆီးထားတာဖြစ်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ရခိုင်မြောက်ပိုင်းမြို့နယ်တွေမှာလည်း ဖမ်းဆီးခံထားရတဲ့အရပ်သားတွေထဲ ULA/AA အဖွဲ့ဝင်တွေမဟုတ်တဲ့ လူတွေအများအပြားပါဝင်နေတာဖြစ်ပါတယ်။
အဲ့ဒီလူတွေဟာလည်း အခုလို သူတို့ရဲ့ဖုန်းတွေထဲမှာ ရှိနေတဲ့ သီချင်း၊ ဓာတ်ပုံနဲ့ တခြားအချက်အလက်တွေကို စစ်ဆေးတွေ့ရှိတာကြောင့် အေအေအဖွဲ့ဝင်တွေဆိုပြီး စွပ်စွဲကာ ဖမ်းဆီးခံနေကြရတာဖြစ်ပါတယ်။
ကျောက်ဖြူမြို့နယ်အတွင်းမှာတော့ ယခင်ကနဲ့မတူဘဲ စစ်ကောင်စီတပ်တွေရဲ့ လှုပ်ရှားမှုတွေက တိုးချဲ့တာတွေရှိနေသလို လမ်းသွားလမ်းလာတွေကို ရှာဖွေတာတွေ၊ ဖုန်းတွေကို စစ်ဆေးတာတွေလည်းရှိနေတယ်လို့ သိရပါတယ်။
အရင်နှစ်တွေကဆိုရင် စစ်ကောင်စီတပ်စခန်းတွေနဲ့ ရဲစခန်းတွေဟာ သီးခြားစီရှိနေခဲ့ပြီး စစ်ကြောင်းသွားလာတာမျိုးတွေလောက်ပဲ ရှိခဲ့ပေမယ့် လက်ရှိမှာတော့ ရဲစခန်းတွေအတွင်းမှာလည်း စစ်ကောင်စီက နေရာယူထားတာတွေကို တွေ့မြင်ရေတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ML
ဒါကြောင့် လူအသွားအလာတွေကိုလည်း စစ်ဆေးမှုတွေရှိနေတဲ့အတွက် ဒေသခံတွေအနေနဲ့ သွားရေးလာရေးတွေမှာလည်း တော်တော်လေးကို သတိထားပြီး သွားလာနေကြရတယ်လို့ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးကျော်လွင်က ပြောပါတယ်။
"ဒေသခံတွေကတော့ အကုန်လုံးစိုးရိမ်ကြတာပေါ့။ ခုခေတ်မှာက ဖုန်းဆိုတာ လူတိုင်းသုံးနေကြတာ။ ဖုန်းနံပါတ်တွေကလည်း ဘယ်သူခေါ်ထားမှန်းမသိ ဖုန်းထဲမှာရှိနေနိုင်တယ်။ ဓာတ်ပုံဆိုလဲ အဲ့လိုပဲ ကိုယ်တိုင်မဟုတ်တောင် သူငယ်ချင်းတွေဆီက ပို့ပေးတာတို့ တနည်းနည်းနဲ့ ရှိနေနိုင်တာပေါ့။ ဖုန်းတွေကို စစ်တယ်ဆိုကတည်းက စိုးရိမ်မှုက အကုန်လုံးမှာရှိနေကြပြီ။ စစ်တပ်က လိုက်စစ်နေတော့ အရင်လို လွတ်လပ်စွာသွားလာခွင့်တွေမရတော့ဘဲ ပြည်သူတွေရဲ့ လွတ်လပ်ခွင့်တွေ ဆုံးရှုံးသွားတာပေါ့။"လို့ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးကျော်လွင်က ပြောပါတယ်။
ကိုထွန်းထွန်းဇော်မှာ တက္ကသိုလ်ကျောင်းသားတစ်ဦးဖြစ်သလို ကိုစိုင်းဝဏ္ဏကျော်မှာလည်း ကာလသားခေါင်းဆောာင် တစ်ဦးဖြစ်ကာ ရပ်ရွာတိုးတက်ရေးအတွက် ပရဟိတလုပ်ငန်းတွေကိုပဲ တစိုက်မတ်မတ်လုပ်ကိုင်နေသူဖြစ်ပြီး နိုင်ငံရေးနဲ့ပတ်သက်တဲ့ ဘယ်အဖွဲ့အစည်းနဲ့မှလည်း အဆက်အသွယ်မရှိဘူးလို့ မိသားစုတွေက ပြောဆိုကြပါတယ်၊။
စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် အေအေတို့အကြား နှစ်ဖက်စစ်ရေးတင်းမာမှုတွေမြင့်တက်လာခဲ့ပြီးနောက်ပိုင်း ကျောက်ဖြူမြို့နယ်အတွင်းမှာ အေအေတပ်ဖွဲ့ဝင်တွေကို စစ်ကောင်စီက လိုက်လံရှာဖွေတာတွေ၊ ဖမ်းဆီးမှုတွေလည်း ရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။
ပြီးခဲ့တဲ့ မေလ ၂၆ ရက်နေ့ကလည်း ကျောက်ဖြူမြို့ပေါ်က ဦးသန်းလှိုင်နဲ့ ဒေါ်ခင်အုန်းနွဲ့တို့နှစ်ဦးကို အေအေအတွက် အမျိုးသားရန်ပုံငွေ ကောက်ခံတယ်ဆိုပြီး ဈေးဆိုင်တစ်ခုကနေ ဖမ်းဆီးသွားခဲ့ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲဆိုထားတာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ARAKANARMY
လက်ရှိမှာတော့ အေအေဘက်ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပြန်လည်ဖမ်းဆီးမှုတွေပြုလုပ်လာနေပြီး နှစ်ဖက်တပ်တွေအကြား အပြန်အလှန်ဖမ်းဆီးမှုတွေအကြားမှာ စစ်ကောင်စီလက်ထဲမှာ အရပ်သား ၄၀ လောက်ထိ ဖမ်းဆီးခံနေကြရပြီး မိသားစုတွေနဲ့ အဆက်အသွယ်မရဖြစ်နေကြပါတယ်။
ဖမ်းဆီးခံလိုက်ရသူတွေထဲ အချို့လည်း စစ်ကြောရေးမှာ ဒဏ်ရာရရှိပြီး သေဆုံးသွားတာတွေလည်းရှိနေတယ်လို့ သတင်းတွေကြားသိနေရလို့ မိသားစုတွေက စိုးရိမ်နေမှုတွေရှိနေတယ်လို့ ပြောဆိုကြပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း စစ်ကောင်စီက ဖမ်းဆီးတာခံရတဲ့ သူတွေထဲမှာ အသက်မပြည့်သေးတဲ့ လူငယ် ၄ ဦးလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
ကျောက်တော် မြောက်ဦး ပုဏ္ဏားကျွန်း ကျော်ကဖြူစတဲ့မြို့တွေ့က ဖမ်းဆီးခံရသူတွေအထဲ ၃ ဦးသာ ပြန်လွတ်လာသေးပြီး ရခိုင်ပြည်နယ်အတွင်းက တခြားမြို့နယ်တွေမှာလည်း စစ်ကောင်စီက ဖမ်းဆီးမှုတွေ လုပ်နေဆဲလို့ အေအေက ဒီနေ့ ဇွန်လ ၂၇ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
အေအေဘက်ကတော့ မှတ်ပုံတင်နေရပ်လိပ်စာမှာ စစ်တွေ အမြောက်တပ်ဆိုပြီး ဖြည့်ထားလို့ သင်္ကာမကင်းဖြစ်ပြီး ဖမ်းဆီးခဲ့တဲ့ စစ်ကောင်စီအကြီးတန်း စက်မှုအရာရှိတစ်ဦးကို စစ်ရေးနဲ့








