ဟိုတယ် မန္တလေးက အမျိုးသမီးဝန်ထမ်းတွေမှာ ကိုဗစ်ရောဂါပိုးတွေ့

မန္တလေးမြို့ပေါ်ရပ်ကွက် တွေမှာ လည်းကူးစက်မှုတွေရှိလာ

ဓာတ်ပုံ ရင်းမြစ်, KZH/MPA

ဓာတ်ပုံ ပုံစာ, မန္တလေးမြို့ပေါ်ရပ်ကွက် တွေမှာ လည်းကူးစက်မှုတွေရှိလာ
ရေးသားခဲ့သည်။

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်ရှိ ဟိုတယ်မန္တလေးက ဝန်ထမ်း ၁၈ဦးမှာ ကိုဗစ် ရောဂါ ပိုး ကူးစက်ခံထားရတယ်လို့ မဟာအောင်မြေမြို့နယ် အုပ်ချုပ်ရေးမှူး ဦးနိုင်အောင်က ဘီဘီစီကို ပြောပါတယ်။

အခုလို မန္တလေးက ဟိုတယ်တစ်ခုထဲမှာ ကိုဗစ် ရောဂါ အတည်ပြုလူနာ ၁၈ယောက် တွေ့ရတဲ့အတွက် အဲဒီက တစ်ဆင့် ကူးစက်မှုတွေ များလာမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

သြဂုတ်လလယ်က စပြီး မြန်မာနိုင်ငံမှာ ကိုဗစ် ရောဂါ ကူးစက်မှုတွေ ပြန်မြင့်လာပြီးနောက် ရန်ကုန်က သင်္ဃန်းကျွန်း မြို့နယ်ရှိ ကေတီဗီနဲ့ စားသောက်ဆိုင်တစ်ခုကတစ်ဆင့် အများအပြား ကူးစက် ပြန့်ပွားမှုတွေ ရှိခဲ့ပါတယ်။

ဟိုတယ်မန္တလေးက စက်တင်ဘာ ၂၁ ရက်နေ့က ကိုဗစ်ရောဂါ ပိုးထပ်တွေ့ သူတွေဟာ အမျိုးသမီးဝန်ထမ်းတွေ အများစု ဖြစ်တယ်လို့လည်း မန္တလေးက ‌ဒေသခံတွေက ပြောပါတယ်။

မန္တလေးက တစ်ကျော့ပြန် ကိုဗစ်ရောဂါကြောင့်သေဆုံးသူ တစ်ဦးရှိ

ဓာတ်ပုံ ရင်းမြစ်, KZH/MPA

ဓာတ်ပုံ ပုံစာ, မန္တလေးက တစ်ကျော့ပြန် ကိုဗစ်ရောဂါကြောင့်သေဆုံးသူ တစ်ဦးရှိ

ကိုဗစ် ရောဂါပိုး ကူးစက်မှုတွေ ပြန်မြင့်လာပြီးနောက် ရန်ကုန်က ကူးစက်မှုအများဆုံးဖြစ်ခဲ့ပြီး၊ ဒုတိယအများဆုံးကတော့ ရခိုင်ပြည်နယ်က ပြည်တွင်းကူးစက် မှုတွေဖြစ်ပါတယ်၊ မန္တလေးကတော့ တတိယ ကူးစက်မှုအများဆုံးဖြစ်ကာ ကိုဗစ် ရောဂါပိုး ကူးစက်မှု ၂၀၀ ခန့်အထိရှိလာ နေပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၀ရက်နေ့မှာ ဟိုတယ်ကို လော့ဒေါင်းချခဲ့ပြီး သံသယလူနာ ဝန်ထမ်းတွေကို ဒီရက်ပိုင်းအတွင်း စစ်ဆေးခဲ့ရာက အခုလို ကိုဗစ် ရောဂါ ကူးစက်ခံရမှု ရှိနေတာကို သိခဲ့ရတာ လို့လည်း မဟာအောင်မြေမြို့နယ် အုပ်ချုပ်ရေးမှူး ကပြောပါတယ်။

ဟိုတယ်ကို လော့ဒေါင်းလုပ် ထားသလို၊ ဝန်ထမ်း ၁၁၃ဦးကို ကွာရန်တင်းထား စောင့်ကြည့်နေရပါတယ်။ ဝန်ထမ်းတွေကူးစက်ခံရမှုကို မေးမြန်းနေရပြီး ဘယ်လိုကူးစက်ခံရလဲဆိုတာတော့ စုံစမ်းလို့မရသေးဘူးလို့ မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

" အတည်ပြုလူနာ မတွေ့ခင် ဟိုတယ်မှာ တချို့ နေမကောင်းဖြစ်ကြတယ်။ ဟိုတယ်က တချို့ရက်တွေမှာ လာတည်းတဲ့သူ လေးငါးယောက် လောက်ပဲ ရှိတယ်။ တချို့ရက်တွေ ဧည့်သည်တောင်မရှိဘူးဆိုတာ ဟိုတယ်က ဧည့်စာရင်း စာရွက်တွေအရ သိရပါတယ်"လို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်အောင်က ဘီဘီစီကို ပြောပါတယ်။

မြန်မာနိုင်ငံ ကိုဗစ်-၁၉ ပျံ့နှံ့ဖြစ်ပွားမှု ၂၀၂၀၊ ၂၀ အောက်တိုဘာ

ပိုးတွေ့ ပိုးတွေ့ပြန်လည်သက်သာ ပိုးတွေ့သေဆုံးလူနာ
စက်ဝိုင်းကိုအတည်ပြုမှုအရေအတွက်ကိုပြသထားတယ်။
ဒေသ
ပိုးတွေ့
ပိုးတွေ့ပြန်လည်သက်သာ
ပိုးတွေ့သေဆုံးလူနာ
၂,၄၈၆
၃၄,၉၃၉
၁,၈၀၇
ရှမ်းပြည်နယ်
၁၆၇
၃၄,၉၃၉
၁,၈၀၇
ရန်ကုန်တိုင်းဒေသကြီး
၅၇,၅၆၅
၅၄၀
၄၆
ရခိုင်ပြည်နယ်
၅,၁၃၃
၆၀
ပဲခူးတိုင်းဒေသကြီး
၂,၉၉၄
၁၆
နေပြည်တော် ပြည်ထောင်စုနယ်မြေ
၄၈၆
မန္တလေးတိုင်းဒေသကြီး
၂,၂၀၀
ဧရာဝတီတိုင်းဒေသကြီး
၁,၄၈၃
မွန်ပြည်နယ်
၁,၀၈၁
မကွေးတိုင်းဒေသကြီး
၆၃၉
စစ်ကိုင်းတိုင်းဒေသကြီး
၅၆၂
၁၈
ကရင်ပြည်နယ်
၃၂၂
၅၈
တနင်္သာရီတိုင်းဒေသကြီး
၂၃၉
ကယားပြည်နယ်
၂၂၅
ချင်းပြည်နယ်
၁၂၃
၃၀
ကယားပြည်နယ်

ရင်းမြစ် - ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

နောက်ဆုံးပြင်ဆင်သည့်အချိန် - ၂၀၂၀၊ ၂၀ အောက်တိုဘာ GMT+၆:၃၀ ၀၆:၃၀

အခုလို ဟိုတယ်ဝန်ထမ်း အများစုမှာ ကိုဗစ် ရောဂါ အတည်ပြုလူနာ တွေ့ရှိခဲ့တဲ့အပေါ် မန္တလေးဒေသခံတွေကတော့ အနှိပ်ခန်းဖွင့် လှစ်ထားရာက တစ်ဆင့် ကူးစက်မှုတွေရှိလာတယ်လို့ စွပ်စွဲပြောဆိုကြပါတယ်။

ဒါပေမဲ့ မဟာအောင်မြေမြို့နယ် ကိုဗစ်ကော်မတီအဖွဲ့ခေါင်းဆောင်သူလည်းဖြစ်၊ မဟာအောင်မြေ အုပ်ချုပ်ရေးမှူးလည်းဖြစ်သူ ဦးနိုင်အောင်ကတော့ အနှိပ်ခန်းကတစ်ဆင့် ကူးစက်မှုရှိတယ်ဆိုတာ မဟုတ်ဘူးလို့ပြော ပါတယ်။ ဟိုတယ်အနေနဲ့လည်း အနှိပ်ခန်း မဖွင့်ထားသလို မန္တလေးတစ်တိုင်းလုံးမှာလည်း ဖွင့်ခွင့် မပြုထားဘူးလို့ ဦးနိုင်အောင်က ပြောပါတယ်။

ဟိုတယ်မန္တလေးမှာ အရင်က အနှိပ်ခန်းရှိကြောင်း ကိုဗစ်ကာလ မတိုင်မီ ကိုယ်တိုင် အနှိပ်ခန်းကို ရောက်ဖူးသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ဟိုတယ်မန္တလေးမှာ ဝန်ထမ်းအဖြစ် လုပ်ကိုင်နေသူ အသက် ၁၉နှစ် မှ ၃၂နှစ် ကြားအရွယ် အမျိုးသမီး ၁၇ ဦးနဲ့ အသက် ၄၀ကျော်အရွယ် အမျိုးသမီးတစ်ဦး၊ စုစုပေါင်း ၁၈ဦး မှာ ပိုးတွေ့ခြင်း ဖြစ်တယ်လို့လည်း မန္တလေးအခြေစိုက် သတင်းဌာနတွေမှာ ဖော်ပြကြပါတယ်။

စက်တင်ဘာလ၂၃ရက်နေ့ အထိ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်တွေအရ မန္တလေးတစ်တိုင်းလုံးမှာ ကိုဗစ် ရောဂါ ကူးစက်မှု အများဆုံးက မြင်းခြံဖြစ်ပြီး လူ၆၀ ခန့်ကူးစက်ခံထားရကာ မန္တလေးမြို့ပေါ်မှာတော့ မဟာအောင်မြေမြို့နယ်က အများဆုံးဖြစ်ပါတယ်။

မြန်မာတစ်နိုင်ငံလုံးမှာ စက်တင်ဘာ၂၃ရက် နံနက်ပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၇၂၉၂ ဦးရှိလာပြီး ရောဂါပျောက်ကင်းလို့ ဆေးရုံက ဆင်းခွင့်ရသူ ၂၀၈၅ ဦးနဲ့ သေဆုံးသူ ၁၃၀ ဦး ရှိလာပြီဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ချက်တွေ အရသိရပါတယ်။

မန္တလေးတိုင်းအတွင်း ဝင်၊ထွက် သွားလာနေတဲ့ခရီးသည်တင်ယာဉ်လိုင်းအားလုံးကို စက်တင်ဘာလ(၁၁) ရက်နေ့မှ စကာ ယာယီ ရပ်ဆိုင်း

ဓာတ်ပုံ ရင်းမြစ်, KZH/MPA

ဓာတ်ပုံ ပုံစာ, မန္တလေးတိုင်းအတွင်း ဝင်၊ထွက် သွားလာနေတဲ့ခရီးသည်တင်ယာဉ်လိုင်းအားလုံးကို စက်တင်ဘာလ(၁၁) ရက်နေ့မှ စကာ ယာယီ ရပ်ဆိုင်း