ကာတာပြန် ၃ ဦး ကိုဗစ် ရောဂါပိုးတွေ့ရှိ

ရေးသားခဲ့သည်။

ကာတာနိုင်ငံ ပြန်လာသူ၃ဦးမှာ ကိုဗစ် ၁၉ ရောဂါပိုးတွေ့ရှိရတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဇွန်လ ၂၁ ရက် ၈နာရီ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အဆိုပါ အတည်ပြုလူနာသစ်သုံးဦးဟာ အသက် ၃၅ နှစ်၊ အသက် ၂၅ နှစ်နဲ့ အသက် ၂၃ နှစ်အရွယ်အမျိုးသားတွေဖြစ်ပြီး ကာတာနိုင်ငံ ကိုခရီးသွားရာဇဝင်ရှိသူတွေဖြစ်ပါတယ်။

လှိုင်မြို့နယ်နဲ့မရမ်းကုန်းမြို့နယ်တွေမှာ အသွားအလာ ကန့်သတ်ထားရှိထားသူတွေ ဖြစ်ပြီးတော့သူတို့ကို တောင်ဥက္ကာလာပ၊ အထူးကုဆေးရုံကြီးမှာကုသမှုခံယူစေမှာဖြစ်တယ်လို့ဆိုပါတယ်။

၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၂၁ ရက်နေ့အတွက် ကိုဗစ် ၁၉ ရောဂါပိုးအတွက် စုစုပေါင်း ၈၀၉ ခု ဓာတ်ခွဲစစ်ဆေးရာ မှာ ကိုဗစ် ၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၃ ဦး တွေ့ရှိရတာဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

ဇွန်လ ၂၁ ရက်နေ့ ည ၈ နာရီအထိ မြန်မာနိုင်ငံမှာ ကိုဗစ် ၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ၂၉၀ ဦး၊ ရောဂါပိုးကင်းစင်လာသူ ၂၀၀ ဦး၊ သေဆုံးသူ ၆ ဦး ရှိပါတယ်။

ပြီးခဲ့တဲ့ဇွန်လ ၁၉ ရက်နေ့ကလည်း ကိုဗစ်-၁၉ အတည်ပြု လူနာသစ် ၂၃ ဦးထပ်တွေ့ခဲ့ပါတယ် ။

အဲဒီ့ပိုးတွေ့လူနာသစ်တွေဟာ ထိုင်းနိုင်ငံနဲ့ မလေးရှားနိုင်ငံတွေကနေ ပြန်လာသူတွေဖြစ်ပြီး ကရင်ပြည်နယ်၊ ဘားအံမြို့၊ လူမှုဝန်ထမ်းဌာန မူးယစ်ဆေးဖြတ် ပြန်လည် ထူထောင်ရေးစခန်းမှာ ဖွင့်လှစ်ထားတဲ့ ကျန်းမာရေးစောင့်ကြည်စင်တာမှာ ကွာရန်တင်း ဝင်နေသူတွေ ဖြစ်ပါတယ်။