ရန်ကုန် က ၃ဦး၊ မွန်က တစ်ဦး ပေါင်း ၄ဦးမှာ ပိုးထပ် တွေ့

ဓာတ်ပုံ ရင်းမြစ်, ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန
မြန်မာနိုင်ငံ မှာကိုရိုနာဗိုင်းရပ်စ်ပိုးရှိသူ လေးဦးထပ်မံတွေ့ရှိကြောင်းကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန က ဧပြီလ၁၀ ရက်မနက်အစောကထုတ်ပြန်ပါတယ်။
ယခုအခါမြန်မာနိုင်ငံမှာရောဂါ ပိုးတွေ့သူ ၂၇ ဦးထိ ရှိလာပြီ ဖြစ်ပါတယ်။
ရောဂါပိုးတွေ့သူတွေထဲမှာ ရန်ကုန်ပြည်သူ့ ဆေးရုံကြီး ကနှစ်ဦး၊မြောက်ဥက္ကလာပတစ်ဦးဖြစ်ပြီးတော့ နောက်တစ်ဦးက မွန်ပြည်နယ် ကျိုက်မရော ကဖြစ်ပါတယ်။
ရောဂါပိုးတွေ့သူ တွေထဲမှာနှစ်ဦးကတော့ ထိုင်း နဲ့ စင်ကာပူ တို့ကပြန်လာသူတွေဖြစ်ပါတယ်။
ကျန်တဲ့သူနှစ်ဦးကတော့ ဗဟန်းနဲ့လှိုင်သာယာတို့ကဖြစ်ပြီး ခရီးသွား ရာဇဝင်မရှိဘူးလို့ထုတ်ပြန်ချက်မှာဖော်ပြပါရှိပါတယ်။
ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ဧပြီလ ၉ ရက် ထုတ်ပြန်ချက် အရ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိသူ လူနာအမှတ် ၂၃ ဟာ ချင်းပြည်နယ်က တီးတိန်က ဖြစ်ပါတယ်။
ဓာတ်ခွဲအတည်ပြုလူနာ အမှတ် ၂၃ ဟာ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ကပ်တဲလ် ကျေးရွာမှာ နေထိုင် တဲ့ အသက် ၅၈ နှစ်အရွယ် မြန်မာနိုင်ငံသား၊ အမေရိကန်နိုင်ငံက Green Card ရရှိထားသူဖြစ်ပြီး ဓာတ်ခွဲအတည်ပြုလူနာ လူနာအမှတ် ၁ ရဲ့ မိခင်ဖြစ်ပါတယ်။
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန က မတ်လ ၉ ရက်နေ့၊ ညပိုင်း စောင့်ကြည့်လူနာ စုစုပေါင်း (၄၆) ဦးရဲ့ ဓာတ်ခွဲနမူနာတွကို (ဒုတိယအသုတ်အနေနဲ့) စစ်ဆေးခဲ့ရာအခုလိုတွေ့ရှိတာဖြစ်ပြီးတော့ကျန် ၃၉ဦး ဓာတ်ခွဲအဖြေမှာ COVID-19 ရောဂါပိုး မရှိကြောင်း ၊ ကျန်ရှိတဲ့ ဓာတ်ခွဲနမူနာ (၃)ခုကို ဆက်လက်စမ်းသပ်စစ်ဆေးသွားမယ်လို့လည်းထုတ်ပြန်ပါတယ်။








