ဗျူဟာကျကျခင်းလာတဲ့ကိစ္စတွေများလာတယ်လို့ မင်းကိုနိုင်ပြော အပါအဝင် ဇူလိုင်လ ၁၁ရက် မနက်ခင်းသတင်း

အဖွဲ့အစည်းက အဓိကမကျပဲ ဟန်ချက်ညီဖို့အရေးကြီးကာ လက်ရှိအချိန်ဟာ အပြန်အလှန် တွဲထားရမယ့်အချိန်ဖြစ်တဲ့အပြင် ဒါကိုလည်း ထင်ထင်ရှားရှားပြရမယ့်အချိန်ရောက်နေပြီ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အဖွဲ့အစည်းက အဓိကမကျပဲ ဟန်ချက်ညီဖို့အရေးကြီးကာ လက်ရှိအချိန်ဟာ အပြန်အလှန် တွဲထားရမယ့်အချိန်ဖြစ်တဲ့အပြင် ဒါကိုလည်း ထင်ထင်ရှားရှားပြရမယ့်အချိန်ရောက်နေပြီ
ရေးသားခဲ့သည်။

ဗျူဟာကျကျခင်းလာတဲ့ကိစ္စတွေများလာတယ်လို့ မင်းကိုနိုင်ပြော အပါအဝင် ဇူလိုင်လ ၁၁ရက် မနက်ခင်းသတင်း

တိုင်းပြည်ရဲ့ အနေအထားက အာရုံထွေပြားစရာကောင်းလောက်အောင်ပျက်နေတာတွေရှိသလို ဗျူဟာကျကျ ခင်းလာတဲ့ကိစ္စတွေလည်း များလာလို့ ပိုပြီးတော့အရေးကြီးလာတဲ့အချိန်ရောက် နေတယ်လို့ ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းရဲ့ ခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောပါတယ်။

ကျောက်ဆည်မြို့နယ်မှာ ဇွန်လ ၁၁ ရက်နေ့ မနက်ပိုင်းကစပြီး ၂ရက်ကြာ ပြုလုပ်နေတဲ့ ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းနယ်ကွန်ရက်များရဲ့တွေ့ဆုံပွဲမှာ ပြောပါတယ်။

"ခေါင်းစဉ်တွေကွဲပေမယ့် တရားမျှတမှု၊ အမှန်တရားတွေသာ အောင်နိုင်ရမယ်။ အဓမ္မ၊ မတရားမှုတွေ၊ အခွင့်ထူးခံမှုတွေ၊ ခြိမ်းခြောက်မှုတွေ၊ အနိုင်ကျင့်မှုတွေကနောက်ဆုံးမှာအရှုံးပေးရလိမ့်မယ်" လို့ မင်းကိုနိုင်က ဆိုပါတယ်။

လက်ရှိ အကူးအပြောင်းကာလမှာ ကျပ်ကျပ်တည်းတည်းရင်ဆိုင်နေရပြီး အာဏာကိုကိုင်ထားရသူတွေဖက်ကို အာရုံစိုက်ခံနေရတယ်လို့လည်း သူကဆိုပါတယ်။

နိုင်ငံအတွက် အဖွဲ့အစည်းက အဓိကမကျပဲ ဟန်ချက်ညီဖို့အရေးကြီးကာ လက်ရှိအချိန်ဟာ အပြန်အလှန် တွဲထားရမယ့်အချိန်ဖြစ်တဲ့အပြင် ဒါကိုလည်း ထင်ထင်ရှားရှားပြရမယ့်အချိန်ရောက်နေပြီလို့ ကိုမင်းကိုနိုင်က ပြောပါတယ်။

ပြဿနာ (issue) တွေနောက်ကိုလိုက်ပြီးတော့ စိတ်ဝမ်းမကွဲမိဖို့ကြိုတင်ပြီးတော့ တိုက်တွန်းထားပါတယ် လို့ ဆက်ပြောပါတယ်။

ဗီဒီယို ပုံစာ, woman freedom fighter

ဒါ့အပြင် ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးလမ်းမလွဲစေဖို့ သတိပေးပြောဆိုရာမှာ သူက "ပြဿနာ တွေမှာသဘောထားကွဲလွဲခွင့်ရှိပါတယ်။ မတူညီလို့လည်းရပါတယ်။ ဒါကသဘော ထားကိစ္စပါ။ ဒါပေမယ့်အဓိကဖြစ်တဲ့ နိုင်ငံရေးဆုံးဖြတ်ချက်တွေပေါ်မှာတော့ ကွဲဖို့မလိုပါဘူး။ အဲဒီတော့ ပင်မရေစီးဖြစ်တဲ့ ဖွဲ့စည်းပုံပြင်ရေးက အဓိကဖြစ်တယ်လို့ ပြောချင်ပါတယ်"

၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း နယ်ကွန်ရက်များတွေ့ဆုံပွဲကို မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်လည်း တက်ရောက်ခဲ့ပါတယ်။ ဒါ့အပြင် ၈၈ နယ်ကွန်ရက်တာဝန်ရှိသူတွေနဲ့ သံဃာတော်တွေတက်ရောက်တာလည်း တွေ့ရပါတယ်။

အမေရိကန်ကုမ္ပဏီတွေကို မမျှမတ ပစ်မှတ်ထားလာနိုင်တယ် ဆိုပြီးတော့ စုံစမ်းမှုစတင်တာလို့ အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ် ရောဘတ် လိုက်သင်ဇာက ပြော

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အမေရိကန်ကုမ္ပဏီတွေကို မမျှမတ ပစ်မှတ်ထားလာနိုင်တယ် ဆိုပြီးတော့ စုံစမ်းမှုစတင်တာလို့ အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ် ရောဘတ် လိုက်သင်ဇာက ပြော

ဂူဂဲလ်နဲ့ ဖေ့စ်ဘုတ်တို့လို အမေရိကန်ကုမ္ပဏီတွေကို ပြင်သစ်အခွန်ကောက်မယ့်ကိစ္စ စုံစမ်း

အမေရိကန်ရဲ့ ဂူဂဲလ်နဲ့ ဖေ့စ်ဘုတ်တို့လို အင်တာနက်နဲ့ နည်းပညာကုမ္ပဏီကြီးတွေကို အခွန်ကောက်မယ့် ပြင်သစ်ရဲ့ အစီအစဉ်ကို စုံစမ်းမှုကို အမေရိကန်က စတင်စုံစမ်းပါပြီ။

ဒီအစဉ်အစဉ်ဟာ အမေရိကန်ကုမ္ပဏီတွေကို မမျှမတ ပစ်မှတ်ထားလာနိုင်တယ် ဆိုပြီးတော့ စုံစမ်းမှုစတင်တာလို့ အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ် ရောဘတ် လိုက်သင်ဇာက ပြောပါတယ်။

ပြင်သစ် အထက်လွှတ်တော်ဟာ ဒစ်ဂျစ်တယ်ဝန်ဆောင်ခွန်ဆိုင်ရာ ဥပဒေကို ဒီကနေ့ ဇူလိုင်လ ၁၁ ရက်မှာ အတည်ပြု နိုင်ချေရှိနေချိန်မှာ အမေရိကန်ဘက်က အခုလိုပြောလိုက်တာပါ။

အဲဒီဥပဒေမှာ ခွဲခြားဆက်ဆံတာ ဒါမှမဟုတ် အမေရိကန် စီးပွားကူးသန်းကဏ္ဍကို ကန့်သတ်တာမျိုးတွေ ပါမပါ သိအောင်လုပ်ဖို့ သမ္မတ ဒေါ်နယ်ထရမ့်က ညွှန်ကြားထားတယ်လို့ ရောဘတ် လိုင်သင်ဇာက ပြောပါတယ်။

ပြင်သစ်အစိုးရကတော့ ပြင်သစ်မှာ ဒစ်ဂျစ်တယ် ဝန်ဆောင်မှုတွေပေးရင်း အမြတ်အစွန်းကြီးကြီးမားမား ရနေတဲ့ကုမ္ပဏီတွေအနေနဲ့ တခြားနေရာမှာ ရုံးချုပ်ဖွင့်ထားလို့ အခွန်ကင်းလွတ်ခွင့်ရနေတာမျိုး မဖြစ်သင့်ဘူးလို့ ပြောထားပါတယ်။