ပုဂံမှာ လက်ရှိအနေအထားအတိုင်း ဘာတစ်ခုမှ ရွှေ့ပြောင်း စရာမလိုဘူးလို့ဆို ၊မဟာဓာတ်အားလိုင်းသွယ်တန်းနေတဲ့ တရုတ်နိုင်ငံသားလေးဦး တိုင်ပေါ်က ပြုတ်ကျပြီး ၃ဦးသေဆုံး အပါအဝင် မနက်ခင်းသတင်းများ

ဟိုတယ်နဲ့ ခြံဝန်းတွေ ထဲ ရောက်နေတဲ့ ရှေးဟောင်း စာရင်းဝင် ခြေတော်ရာ၊ ပုထိုး၊ စေတီ၊ အုတ်ကျောင်း စုစုပေါင်းဟာ ၁ဝဝ ကျော်ရှိ
ဓာတ်ပုံ ပုံစာ, ဟိုတယ်နဲ့ ခြံဝန်းတွေ ထဲ ရောက်နေတဲ့ ရှေးဟောင်း စာရင်းဝင် ခြေတော်ရာ၊ ပုထိုး၊ စေတီ၊ အုတ်ကျောင်း စုစုပေါင်းဟာ ၁ဝဝ ကျော်ရှိ
ရေးသားခဲ့သည်။

ယူနက်စကို စာရင်းဝင်သွားပြီဖြစ်တဲ့ ပုဂံမှာ လက်ရှိအနေအထားအတိုင်း ဘာတစ်ခုမှ ရွှေ့ပြောင်း စရာမလိုဘူးလို့ဆို

ယူနက်စကိုရဲ့ ကမ္ဘာ့ အမွေအနှစ်စာရင်း ဝင်သွားပြီဖြစ်တဲ့ မြန်မာ့ ရှေးဟောင်းယဉ်ကျေးမှု နယ်မြေ ပုဂံ ဒေသမှာ ဘုရားစေတီတွေအနီး ဟိုတယ် လူနေရပ်ရွာတွေရှိပေမယ့် ဒါတွေကို တစ်ခုမှ ရွှေ့ပြောင်းစရာမလိုဘူးလို့ သာသနာရေးနဲ့ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို ကပြောပါတယ်။

အဇာဘိုင်ဂျန်နိုင်ငံမှာ ပြုလုပ်နေတဲ့ ယူနက်စကို ကမ္ဘာ့အမွေအနှစ်ကော်မတီ အစည်းအဝေးမှာ ပုဂံဒေသကို စာရင်းဝင်အဖြစ် သတ်မှတ်လိုက်တာလို့အဲဒီကိုရောက်နေတဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့က ပြောပါတယ်။

' ' ဟိုတယ်တွေ မြို့တွေရွှေ့ပြောင်းဖို့မလိုဘူး။ ယူနက်စကိုနဲ့နောက်ဆုံးသဘောတူညီချက်က ရှိပြီးသား မြို့ရွာတွေကဒီတိုင်း ဆက်ပြီး ရပ်တည်ခွင့်ပြုပါတယ်။ နောက်ထပ် မြို့သစ်ရွာသစ်ရပ်ကွက် သစ်တွေထပ်ပြီးတိုးချဲ့ပြီးဆောက်မယ်ဆိုရင် တင်ပြရမယ်'' လို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို ကပြောပါတယ်။

မြန်မာနိုင်ငံမှာ ယူနက်စကို စာရင်းဝင်ဒေသအနေနဲ့ ၂၀၁၄ ခုနှစ်တုန်းက ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ ပျူမြို့ဟောင်း (၃)မြို့ စာရင်းဝင်ခဲ့ပြီးနောက်ပိုင်း ပုဂံဟာ မြန်မာရဲ့ ဒုတိယမြောက် ကမ္ဘာ့အမွေအနှစ်စာရင်း ဒေသလည်းဖြစ်ပါတယ်။

လက်ရှိ ပုဂံဒေသမှာ ဟိုတယ်နဲ့ ခြံဝန်းတွေ ထဲ ရောက်နေတဲ့ ရှေးဟောင်း စာရင်းဝင် ခြေတော်ရာ၊ ပုထိုး၊ စေတီ၊ အုတ်ကျောင်း စုစုပေါင်းဟာ ၁ဝဝ ကျော်ရှိပြီး ဧဒင် အုပ်စု ဟိုတယ် ထဲမှာတင် ၂၂ ဆူ ရှိနေ တယ်လို့ Save Bagan အဖွဲ့က ဘီဘီစီကိုပြောထားပါတယ်။

မြန်မာနိုင်ငံမှာ ယူနက်စကို စာရင်းဝင်ဒေသအနေနဲ့ ၂၀၁၄ ခုနှစ်တုန်းက ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ ပျူမြို့ဟောင်း (၃)မြို့ စာရင်းဝင်ခဲ့ပြီးနောက်ပိုင်း ပုဂံဟာ မြန်မာရဲ့ ဒုတိယမြောက် ကမ္ဘာ့အမွေအနှစ်စာရင်း ဒေသလည်းဖြစ်ပါတယ်။

ဓာတ်အားခတိုးမြှင့်မှုနဲ့အတူ ဓာတ်အားလိုင်းတွေကို တိုးမြှင့်သွယ်တန်းနေ

ဓာတ်ပုံ ရင်းမြစ်, ADB

ဓာတ်ပုံ ပုံစာ, ဓာတ်အားခတိုးမြှင့်မှုနဲ့အတူ ဓာတ်အားလိုင်းတွေကို တိုးမြှင့်သွယ်တန်းနေ

မဟာဓာတ်အားလိုင်းသွယ်တန်းနေတဲ့ တရုတ်နိုင်ငံသားလေးဦး တိုင်ပေါ်က ပြုတ်ကျပြီး ၃ဦးသေဆုံး

ရန်ကုန် - မန္တလေး အမြန်လမ်းမ မိုင်တိုင် (၂၆၉/၆) ရဲ့အနောက်ဘက် မှာ မဟာဓာတ်အားလိုင်းကြိုးတွဲ လုပ်ငန်းဆောင်ရွက်နေတဲ့ တရုတ် နိုင်ငံသား ၄ဦးဟာ ဇူလိုင် ၆ရက်နေ့ ညနေပိုင်းက တိုင်ပေါ်ကနေ ပြုတ်ကျခဲ့တဲ့အတွက် ၃ဦး သေဆုံးသွားခဲ့တယ်လို့ သေဆုံးသူတွေကို မန္တလေးဆေးရုံကိုပို့ပေးခဲ့တဲ့ မေတ္တာ ပါရမီလူမှုကူညီရေးအသင်းကနေသိရပါတယ်။

' ' အသက်ရှင်တဲ့သူတစ်ယောက်ကိုရော ဆုံးသွားတဲ့ရုပ်အလောင်းတွေကိုပါ မန္တလေးပြည်သူ့ဆေးရုံကို မနေ့က ပို့ဆောင်ပေးခဲ့တယ်''လို့ မေတ္တာ ပါရမီလူမှုကူညီရေးအသင်းက အဖွဲ့ဝင်တစ်ဦးကပြောပြပါတယ်။

အဆိုပါ တရုတ်နိုင်ငံသား ၄ဦးအနက် ၂ဦးဟာ အခင်းဖြစ်နေရာမှာ သေဆုံးခဲ့ပြီး တစ်ဦးကို မိတ္ထီလာဆေး ရုံကို ပို့ဆောင်စဉ်သေဆုံးသွားခဲ့တာဖြစ်တယ်လို့သိရပါတယ်။

' ' အရင် ဦးသိန်းစိန်အစိုးရလက်ထက်ကတည်းက မဟာဓာတ်အားလိုင်းအတွက်တိုင်တွေစိုက် ထားတာ တော့ရှိတယ်။ အဲဒါတွေကို ပြန်ပြီး သွယ်တန်းနေတာဖြစ်မယ်။ ပျော်ဘွယ်ထဲမှာတော့ မဟုတ်ဘူး။ အမြန်လမ်းမ နားမှာဖြစ်တာလို့တော့ သိရတယ်'' ပျော်ဘွယ်မဲဆန္ဒနယ် လွှတ်တော်ကိုယ်စား လှယ် တစ်ဦးဖြစ်တဲ့ဦးသောင်းအေးက ပြောပြပါတယ်။

သေဆုံးသူတွေနဲ့ ဒဏ်ရာရသွားသူ တရုတ်နိုင်ငံသားတွေဟာ မိတ္တီလာ-တောင်ငူကို သွယ်တန်းနေတဲ့ မဟာဓာတ်အားလိုင်းမှာ ဓာတ်အားလိုင်းကြိုးသွယ်တန်းတဲ့ လုပ်ငန်းကို ဆောင်ရွက်နေတဲ့ CEEC တရုတ်ကုမ္ပဏီက ဝန်ထမ်းတွေဖြစ်တယ်လို့လည်းသိရပါတယ်။

ရခိုင်မှာ အမျိုးသား၂ဦး နေအိမ်မှာ ရှိစဉ် လက်နက်ကိုင်အချို့သတ်ဖြတ်တာခံရ

ရခိုင်ပြည်နယ် မြေပုံမြို့နယ်၊ပေါက်တူးတောင်ကျေးရွာ အောင်သပြေ ရပ်ကွက်မှာနေထိုင်တဲ့ ဦးမောင်ဘ ကျန် (၅၈) နှစ်နဲ့ သူရဲ့သမက်ဖြစ်သူ ပိုင်သက်ကျော် (၂၆) တို့ကို အမည်မသိ လက်နက်ကိုင်ထား တဲ့ သူတွေက ဇူလိုင် ၅ရက်နေ့ညက လာရောက်သတ်ဖြတ်သွားခဲ့တယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးက ပြော ပါတယ်။

သူတို့နှစ်ဦးကို ည ၈ နာရီဝန်းကျင်လောက်က အမည်မသိ မိုးကာအင်္ကျီခေါင်းစွပ်နဲ့ မျက်နာကို အုပ်ထားတဲ့ လက်နက်ကိုင်ထားတဲ့ လူနှစ်ဦးကနေ အိမ်ပေါ်ထပ်မှာ လုပ်ကြံသတ်ဖြတ်သွားခဲ့တာဖြစ်တယ်လို့ သိရပါ တယ်။

'' ရဲစခန်းမှူးနဲ့ အတူ သွားစစ်တော့ ကျည်ဆံခွံ ၇ ခုတွေ့ရတယ်။ ခန္ဓာကိုယ် အနှံ့အပြားမှာ လည်း သေနတ်ဒဏ်ရာ ဓါးဒဏ်ရာတွေ တွေ့ရသလို လည်ပင်းမှာ ပြတ်ရှ ဒဏ်ရာတွေလည်း တွေ့ရတယ်။ ဦးမောင်ဘကျန်က မီးဖိုချောင်ထဲမှာ သေနေပြီး ပိုင်သက်ကျော်ကိုတော့ အိမ်ရှေ့ ဝရံတာမှာ တွေ့ရတယ်''လို့ ပေါက်တူးတောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်မြင့်ရွှေကပြောပြပါတယ်။

ကို တွေ့ခဲ့ရတယ်လို့ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ ဒီလူသတ်မှုနဲ့ ပတ်သက်ပြီး ကမ်းထောင်း ကြီးရဲစခန်းကို ဆက်သွယ်မေးမြန်းတော့

ဒီဖြစ်စဉ်နဲပတ်သက်ပြီး ကမ်းထောင်းကြီးရဲစခန်းကတော့ လူနှစ်ဦး အသတ်ခံရတာကို အတည်ပြုပေမယ့် အသေးစိတ် ပြောဆိုဖို့ ငြင်းဆိုခဲ့ပါတယ်။

ဇွန်လ ၁၈ ရက်နေ့ ည ၈ နာရီခန့်ကလည်း မြေပုံမြို့နယ်က ကမ်းထောင်ကြီး အုပ်ချုပ်ရေးမှူး ဦးသန်းမောင်ချေဟာလည်း နေအိမ်ထဲမှာ ဗွီဒီယိုကြည့်နေစဉ်မှာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။

ရခိုင်ပြည်နယ်အတွင်း ခုလို သတ်ဖြတ်တွေ မကြာခဏ ဖြစ်ပေါ်နေပြီး အသတ်ခံရသူ အရေအတွက်ဟာ အခုအချိန်မှာ ၁၀ ဦးနီးပါး ရှိသွားပြီ ဖြစ်တယ်လို့ ဒေသခံတွေထံကနေသိရပါတယ်။