ဘေးမဲ့တော ဧရိယာထဲ သတ္တုတူးဖော်ခွင့်ပေး

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဘရာဇီး အစိုးရဟာ အမေဇုန် တောထဲက ဧရိယာ တော်တော်များများကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး နေရာအဖြစ် သတ်မှတ်ထားရာက စီးပွားဖြစ် သတ္တုတူးဖော် ထုတ်လုပ်ဖို့ ပြောင်းလဲ သတ်မှတ် ပေးခဲ့ပါတယ်။
မြောက်ပိုင်းက Amapa နဲ့ Para ပြည်နယ်တွေရဲ့ ဆုံရပ်နေရာမှာ ရှိတဲ့ စတုရန်း ကီလိုမီတာ လေးသောင်းခြောက်ထောင်လောက် အကျယ်ရှိတဲ့ နေရာကို သတ်မှတ်ပေးခဲ့တာ ဖြစ်ပြီး အဲဒီနေရာဟာ ရွှေ ၊ သံမဏိ ၊ မဂ္ဂနီစီယမ်နဲ့ တခြား သတ္တုတွေ ကြွယ်ဝတဲ့ ဒေသ ဖြစ်ပါတယ်။
အဲဒီ အရပ်က ဒေသခံ တိုင်းရင်းသားတွေရဲ့ မြေနေရာတွေနဲ့ ဘေးမဲ့တော နေရာ ကိုးခု ကို အစိုးရက တရား၀င် ဆက်လက် ထိန်းသိမ်းထားမှာ ဖြစ်ပေမယ့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး သမားတွေကတော့ စီးပွားဖြစ် သတ္တု တူးဖော်မှုကနေ သဘာဝ ပတ်ဝန်းကျင် ဆိုးဆိုးရွားရွား ထိခိုက်မှုတွေ ရှိလာနိုင်တယ်လို့ ဆိုပြီး စိုးရိမ်ပူပန်မှုကို ထုတ်ဖော် ပြောခဲ့ကြပါတယ်။
အမေဇုန်တော တခုလုံးရဲ့ မြေနေရာ သုံးဆယ်ရာနှုန်းလောက်မှာ အခုအခါ သတ္တု တူးဖော်ရေးတွေ လုပ်ကိုင်နေတာ ဖြစ်ပါတယ်။





