အထောက်အထားမဲ့ ဘင်္ဂါလီ ၅ဦး ဖမ်းမိ

ဓာတ်ပုံ ရင်းမြစ်, KYAYMON
ရန်ကုန်မန္တလေး အမြန်လမ်းမကြီး တိုးဂိတ်တခုမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းက လာတဲ့ အထောက်အထားမဲ့ ဘင်္ဂါလီ ၅ ဦးကို အင်္ဂါနေ့က ဖမ်းဆီးရမိတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
အဲဒီလူတွေဟာရခိုင်ပြည်နယ် အမ်းမြို့ကနေ မကွေးတိုင်း ငဖဲမြို့နယ်ကို တောလမ်းအတိုင်း ခြေလျင် လျှောက်လာခဲ့ကြပြီး အဲဒီကနေမှ ရန်ကုန်ကို ကားနဲ့ ဆက်ထွက်အလာမှာ အခုလို စစ်ဆေး ဖမ်းဆီးမိခဲ့တာလို့ အမြန်လမ်းမကြီး တပ်ဖွဲ့မှူးရုံးက ရဲအုပ်စိုးဝင်းက ဘီဘီစီကို ပြောပါတယ်။
အဲဒီ ဘင်္ဂါလီ ၅ဦးကို လူဝင်မှု ကြီးကြပ်ရေး ဌာနက စစ်ဆေးမေးမြန်းနေကြောင်းနဲ့ အဲဒီလူတွေကို တယောက် ၁၀သိန်း ယူပြီး တင်ဆောင်လာတယ်ဆိုတဲ့ ယာဉ်မောင်းအပါအဝင် လူ၂ဦးကို လူကုန်ကူးမှု တားဆီးရေး ဥပဒေနဲ့ လောလောဆယ် အမှုဖွင့်ထားတယ်လို့ ရဲအုပ်စိုးဝင်းက ပြောပါတယ်။
အဲဒီ ဘင်္ဂါလီတွေဟာ ရန်ကုန်မြို့မှာ ခေတ္တနားပြီး တဖက် ထိုင်းနိုင်ငံထဲ သွားမယ့် ပုံရှိတယ်လို့ ဆိုပါတယ်။




