ရုရှားသမ္မတ ကာ့စ်ခ် ဒေသကို သွားရောက်

ဗီဒီယို ပုံစာ, ရုရှားသမ္မတ ကာ့စ်ခ် ဒေသကို သွားရောက်
ရုရှားသမ္မတ ကာ့စ်ခ် ဒေသကို သွားရောက်
ရေးသားခဲ့သည်။

ရုရှား သမ္မတ ပူတင်ဟာ နိုင်ငံအနောက်ပိုင်းက ကာ့စ်ခ်ဒေသထဲကို စစ်ဝတ်စုံ ဝတ်ပြီး သွားရောက်ခဲ့ပါတယ်။ ဒါဟာ အဲဒီက တချို့ ဒေသတွေကို ယူကရိန်း တပ်တွေ သိမ်းပိုက်ပြီး နောက်ပိုင်း ပထမဆုံးအကြိမ် ရောက်လာခြင်း ဖြစ်ပါတယ်။ တဖက်မှာလည်း အင်္ဂါနေ့က အမေရိကန်က ယူကရိန်းနဲ့ ရခဲ့တဲ့ သဘောတူညီချက်နဲ့ ပတ်သက်လို့ ရုရှားကို စည်းရုံးဖို့ အတွက် စေလွှတ်လိုက်တဲ့ ကိုယ်စားလှယ်တွေ ရုရှားကို လာနေကြပြီဖြစ်ပါတယ်။ ကိယဗ်မြို့က ဘီဘီစီ သတင်းထောက် ဂျိမ်းစ်ဝါးတားဟောက်စ် ပေးပို့ထားတဲ့ သတင်းကို ကိုရင်မောင်က ပြောပြမှာပါ။