ဂါဇာထဲမှာ ဖရိုဖရဲ အခြေအနေ ဖြစ်ပေါ်
ဂါဇာထဲမှာ ဖရိုဖရဲ အခြေအနေ ဖြစ်ပေါ်
ရေးသားခဲ့သည်။
ဂါဇာထဲမှာ အစ္စရေးစစ်သားတွေ မှားယွင်းပစ်ခတ်လို့ သေဆုံးသွားခဲ့ရတဲ့ အစ္စရေး ဓားစာခံ ၃ယောက်ရဲ့ အသုဘကို ဒီကနေ့မှာ လုပ်ခဲ့ကြပါတယ်။ အဲဒီ ၃ယောက်ထဲက အလွန် လူလူ ရှမတ် ဆိုသူဟာ အောက်တိုဘာလ ၇ ရက်နေ့မှာ ဟားမတ်စ်တွေရဲ့ ဖမ်းဆီးမှုကို ခံခဲ့ရသူပါ။ အစ္စရေး စစ်တပ်က သူတို့ကို အန္တရာယ်ရှိသူတွေ အဖြစ် မှားယွင်းပြီး သတ်မှတ်ခဲ့တာပါ။ တချိန်တည်းမှာပဲ ဂါဇာထဲကို ပို့ဖို့ရှိနေတဲ့ ၂ လလောက် နောက်ကျနေတဲ့ လူသားချင်းစာနာမှု အကူအညီတွေကို အစ္စရေးက ကယ်ရင် ရှလုံ နယ်စပ်ကနေ တဆင့်ပေးပို့ခဲ့ပါတယ်။ ဒါပေမဲ့လည်း အကူအညီတွေ အီဂျစ်နယ်စပ် ရာဖာ နယ်စပ်ဂိတ်ကို ရောက်လာချိန်မှာတော့ စားနပ်ရိက္ခာ ပြတ်လပ်မှုတွေနဲ့ ကြုံနေရတဲ့ ပါလက်စတိုင်းတွေရဲ့ လုယူမှုတွေလည်း ပေါ်ပေါက်ခဲ့ပါတယ်။ ဘီဘီစီ သတင်းထောက် လူစီ ဝီလီယံဆန်ရဲ့ သတင်းကို ကိုမိုးမြင့်က ပြောပြပေးမှာပါ။



