လယ်ယာမြေ သိမ်းဆည်းခံရမှု စိစစ်ရေးတွေ စတင်ပြီလား

ဗီဒီယို ပုံစာ, လယ်ယာမြေ သိမ်းဆည်းခံရမှု စိစစ်ရေးတွေ စတင်ပြီလား
ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၁

ဒုတိယသမ္မတ (၁) ဦးဆောင်တဲ့ လယ်ယာမြေနဲ့ အခြားမြေများသိမ်းဆည်းခံရမှု စိစစ်ရေး ဗဟိုကော်မတီကို ဖွဲ့စည်းလိုက်တာ တစ်လကျော်ရှိပါပြီ။ အဓိကအားဖြင့် မြေသိမ်းဆည်းခံရတဲ့ ပြည်သူတွေ နစ်နာမှုမရှိစေရေးနဲ့ မြေသိမ်းပြဿနာတွေကို လျင်မြန်စွာဖြေရှင်းဆောင်ရွက်မယ်လို့ ဆိုထားပါတယ်။ လက်ရှိ စိစစ်တာတွေ ဆောင်ရွက်နေပြီလား။ ခေတ်အဆက်ဆက် သိမ်းဆည်းခံရတဲ့ လယ်မြေနဲ့ အခြားမြေပိုင်ရှင်တွေ နစ်နာကြေးအပြည့်အ၀ ပြန်ရခဲ့ကြရဲ့လား။ ဒီအကြောင်း တာရာက စုစည်းပြောပြပါမယ်။