လေကြောင်းရန်ကာကွယ်ဖို့ ကတုတ်ကျင်းတွေ ပြင်ရမယ့် ချင်းဒေသခံတွေ

ပူးပေါင်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီယာဥ်တန်းက သံချပ်ကာ ကား ၂ စီး ပါ ပျက်စီးခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်တွေပြော

ဓာတ်ပုံ ရင်းမြစ်, chinland news

ဓာတ်ပုံ ပုံစာ, ပူးပေါင်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီယာဥ်တန်းက သံချပ်ကာ ကား ၂ စီး ပါ ပျက်စီးခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်တွေပြော
ရေးသားခဲ့သည်။

ချင်းပြည်နယ်မြောက်ပိုင်းကို စစ်ကောင်စီတပ်တွေရဲ့ ယာဥ်တန်း တက်လာရာ လမ်းတစ်လျှောက် ချင်းဒေသကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

ဒီလို တိုက်ပွဲတွေကြောင့် တချို့ဒေသတွေမှာ လေကြောင်းနဲ့ လက်နက်ကြီးရန်ကာကွယ်ဖို့အတွက် ကတုတ်ကျင်းတွေ၊ ဗုံးခိုကျင်းတွေ ပြင်ဆင်ထားကြဖို့ ဒေသကာကွယ်ရေးတပ်တွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ ချင်းပြည်နယ်မြောက်ပိုင်းကို တက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ ယာဥ်တန်းကို ချင်းကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက ကလေး-ဖလမ်း -ဟားခါးလမ်းတစ်လျှောက် တိုက်ခိုက်နေခဲ့တာပါ။

မနေ့တုန်းကတော့ ချင်းအမျိုးသားတပ် (CNA) နဲ့ ချင်းကာကွယ်ရေးတပ် (CDF)တို့က ဟားခါးမြို့နယ်၊ ချွန်ကျုံးရွာအနီးမှာ အဲဒီယာဥ်တန်းကို တိုက်ခိုက်ခဲ့လို့ ထိခိုက်မှု ကြီးမားခဲ့ပါတယ်။

မတ်လဆန်းကတည်း ကလေးမြို့ကနေ ထွက်လာတဲ့ အဲဒီယာဥ်တန်းဟာ ချင်းကာကွယ်ရေး တပ်ဖွဲ့တွေဖြစ်တဲ့ CNA, CDF စတဲ့တပ်ဖွဲ့တွေရဲ့ လမ်းတစ်လျှောက်တိုက်ခိုက်တာ ခံခဲ့ရတာပါ။

အရပ်သားကားတွေ အပါအဝင် ကားအစီးရေ ၃၀ ခန့် ပါတဲ့ အဲဒီယာဥ်တန်းဟာ ဟားခါးမြို့အနီး ရောက်ချိန်မှာ ကား ၁၀ စီး မပြည့်တော့တဲ့အပြင် သံချပ်ကာ ကား ၂ စီးလည်း မီးလောင် ပျက်စီးခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ်တွေဆီက သိရပါတယ်။

အဲဒီအခြေအနေနဲ့ ပတ်သက်ပြီး ချင်းအမျိုးသားတပ်ဦး(CNF)ပြောခွင့်ရ ဆလိုင်းထက်နီက အခုလို ပြောပါတယ်။

“အဲဒီယာဥ်တန်း တစ်တန်းလုံး ပျက်စီးသွားတဲ့ အနေအထားမှာ ရှိတယ်။ အားလုံးကတော့ ဟားခါး ရောက်နိုင်မှာ မဟုတ်တော့ဘူး။ ကလေးကနေ တက်လာကတည်းက ကျွန်တော်တို့ မှန်းထားတာ အင်အား ၂၀၀ လောက်နဲ့။ အင်အားဖြည့်ဆည်းတာတော့ ဖြစ်မယ်။

တစ်နှစ်နီးပါး ရိက္ခာတွေ မပို့နိုင်တော့တာ ဖြစ်တယ်။ လေကြောင်းကနေ ပို့လာတာတွေကတော့ နည်းနည်းပေါ့။ အခုက ရိက္ခာအပြည့်နဲ့ ပြီးတော့ လက်နက်ခဲယမ်းတွေနဲ့ ပြီးတော့ ဓာတ်ဆီ၊ ဒီဇယ်ဆီတွေနဲ့ အဲဒါတွေကို သယ်လာတဲ့ ယာဥ်ကြောင်းပေါ့။“

တိုက်ပွဲပြင်းထန်တာကြောင့် စစ်ကောင်စီတပ်က လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့သလို ဒီနေ့ မနက်ပိုင်းမှာလည်း ဟားခါးမြို့ဆီ ခရီးဆက်တဲ့ စစ်ကောင်စီတပ်နဲ့ ချင်းကာကွယ်ရေးအဖွဲ့တွေကြား တိုက်ပွဲတွေ ကြိုကြားကြိုကြား ဆက်ဖြစ်နေဆဲလို့ ဒေသခံတွေဆီက သိရပါတယ်။

ဝေဘူလမြို့ ဗုံးကြဲတိုက်ခိုက်ခံရပြီး အရပ်သား သေဆုံးမှုတွေ ရှိ

ဓာတ်ပုံ ရင်းမြစ်, Chinland News

ဓာတ်ပုံ ပုံစာ, ဝေဘူလမြို့ ဗုံးကြဲတိုက်ခိုက်ခံရပြီး အရပ်သား သေဆုံးမှုတွေ ရှိ
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အခုနှစ်အစမှာ ပထမဆုံးလေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့ ချင်းပြည်နယ်ထဲမှာ လေကြောင်းအန္တရာယ် အပြင် လက်နက်ကြီးပစ်ခတ်ခံရတဲ့အန္တရာယ်ကို စိုးရိမ်တာတွေ ရှိနေပါတယ်။

ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်မြို့နယ်ထဲမှာဆိုရင် စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်လို့ အရပ်သားထိခိုက်သေဆုံးမှုတွေနဲ့ အိုးအိမ်ပျက်စီးမှုတွေပါ ရှိလာတာကြောင့် မြို့နယ်ထဲမှာ ကတုတ်ကျင်းတွေ မတူးမဖြစ်တူးကြရမယ်လို့ ဒေသခံတွေကို ချင်းကာကွယ်ရေးတပ် CDF မင်းတပ်က စာထုတ်ပါတယ်။

ဗုံးခိုကျင်းတွေတူးဖို့ ဒေသခံတွေကို အကြိမ်ကြိမ် သတိပေးထားပြီး ဖြစ်ကြောင်းနဲ့ စံသတ်မှတ်နှုန်းတွေအတိုင်း မတူးရင် အရေးယူမယ်လို့ မနေ့ ဧပြီ ၁၄ ရက်က ထုတ်တဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မင်းတပ်မြို့နယ်ထဲမှာ စစ်တပ်က လေကြောင်းတိုက်ခိုက်မှု တိုးလုပ်လာတာကိုလည်း မင်းတပ်မြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ ပြောခွင့်ရသူ ဆလိုင်းယောမန်က ဘီဘီစီကို အခုလိုပြောပြပါမယ်။

“ ၂၀၂၂ ထဲမှာ တစ်ကြိမ်၊ နှစ်ကြိမ်လောက်ပဲပေါ့။ လေကြောင်းတိုက်ခိုက်မှု ရှိတယ်။ ၂၀၂၃ ဇန်နဝါရီက စပြီးမှ ဧပြီလအတွင်းမှာ အကြိမ်ပေါင်း ၃၀ နီးပါး တိုက်ခိုက်တယ်။“

ချင်းပြည်နယ်ထဲ စစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက် သေဆုံးမှုတွေရှိနေပြီး ပြီးခဲ့တဲ့တစ်ပတ်တုန်းကဆိုရင် မဏိပူရ်မြစ်ဘေးက ဗားရ်ရွာမှာရှိတဲ့ရဲစခန်းတိုက်ခိုက်ခံရမှုကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့ စစ်ကောင်စီတပ်ဟာ အဲဒီကနေ အပြန် ဝေဘူလမြို့ငယ်ပေါ်ကို ဗုံးချခဲ့တာကြောင့် အရပ်သား ၁၁ ဦး သေဆုံးခဲ့ပါတယ်။