ကျောက်မဲက စစ်ကောင်စီစခန်းတွေကို TNLA နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်လိုက်ပြီလို့ ဆို

ဗီဒီယို ပုံစာ, ကျောက်မဲမြို့က စစ်ကောင်စီစခန်းတွေကို TNLA နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်
ကျောက်မဲက စစ်ကောင်စီစခန်းတွေကို TNLA နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်လိုက်ပြီလို့ ဆို
ရေးသားခဲ့သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့က စစ်ကောင်စီရဲ့ တပ်စခန်းတွေကို TNLA နဲ့ ပူးပေါင်းတပ်တွေက သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း မြေပြင် စစ်ရေးအခြေအနေ သိသူတွေက ပြောပါတယ်။ တဘက်မှာလည်း ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းမှာ ‌မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ သိမ်းပိုက်ထားတဲ့ ကွတ်ခိုင်မြို့ကို စစ်ကောင်စီက မနေ့က ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ ကျောက်မဲနဲ့ ကွတ်ခိုင်မြို့ရဲ့ ‌နောက်ဆက်တွဲ အခြေအနေ ဘယ်လိုရှိနေပါလဲ။ MNDAA ကိုးကန့်တပ်ဖွဲ့တွေ သိမ်းယူထားတဲ့ လာရှိုးမြို့ မှာရော တိုက်ပွဲတွေ ဆက်ရှိနေပါလား။ ကိုဘိုဘို က ပြောပြမှာပါ။