အကြမ်းဖက် ကြေညာခံရခြင်းအပေါ် ညီနောင် ၃ ဖွဲ့ ဘယ်လိုတုံ့ပြန်
အကြမ်းဖက် ကြေညာခံရခြင်းအပေါ် ညီနောင် ၃ ဖွဲ့ ဘယ်လိုတုံ့ပြန်
ရေးသားခဲ့သည်။
မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ MNDAA,TNLA နဲ့ AA တို့ကို အကြမ်းဖက်အုပ်စုအဖြစ် စစ်ကောင်စီက မနေ့ကထုတ်ပြန်ကြေညာလိုက်ပါတယ်။ အခုလို အကြမ်းဖက်အဖွဲ့တွေအဖြစ် ကြေညာခံရတဲ့အတွက် ညီနောင်သုံးဖွဲ့ဘက်က ဘယ်လိုတုံ့ပြန်ပါသလဲ။ တရုတ်က မြန်မာပြည်မြောက်ပိုင်းမှာ အပစ်ရပ်ပြီး ငြိမ်းချမ်းရေးဆွေးနွေးဖို့ ပြောထားချိန် စစ်ကောင်စီရဲ့ ဒီကြေညာချက်က ဘာ သဘောဆောင်ပါသလဲ။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကရော ဖြစ်မြောက်နိုင်မှာပါလား။ မသီရိဇော်က ပြောပြမှာပါ။



