မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် အေအေထိန်းချုပ်

ဗီဒီယို ပုံစာ, မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် အာရက္ခတပ်တော် AA ထိန်းချုပ်
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် အေအေထိန်းချုပ်
ရေးသားခဲ့သည်။

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာရှိတဲ့မောင်တောနဲ့ ဘူးသီးတောင်မြို့ နှစ်မြို့စလုံး အာရက္ခတပ်တော်ထိန်းချုပ်မှုအောက် ရောက်ရှိသွားပြီဖြစ်ပါတယ်။ မောင်တောတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအပါအဝင် ရိုဟင်ဂျာလက်နက်ကိုင်တပ်ဖွဲ့ဝင် ရာနဲ့ချီ ဖမ်းဆီးရမိပြီး စစ်သုံ့ပန်းဥပဒေနဲ့အညီ ကိုင်တွယ်ဖြေရှင်းသွားမယ်လို့ အေအေက ပြောပါတယ်။ ဒါ့အပြင် ရခိုင်တိုက်ပွဲတွေကို အဓိကကွပ်ကဲတဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွင်းကိုလည်း  ဒီကနေ့မှာ အေအေတပ်ဖွဲ့တွေ ရောက်ရှိသွားပြီလို့ သတင်းတွေထွက်ပေါ်နေပါတယ်။  အပြည့်အစုံကို ကိုကျော်ဇေယျက  ပြောပြမှာပါ။