ဝန်ကြီးချုပ်ကို အမတ်ကကြက်ဥနဲ့ပေါက်
ဝန်ကြီးချုပ်ကို အမတ်ကကြက်ဥနဲ့ပေါက်
ရေးသားခဲ့သည်။
ကိုဆိုဗိုပါလီမန်မှာ စနေနေ့က ယာယီဝန်ကြီးချုပ်လာစကားပြောတုန်း အတိုက်အခံပါတီအမတ် အမျိုးသမီးက သူ့အိတ်ထဲက ကြက်ဥတွေထုတ်ပြီး ပစ်ပေါက်ခဲ့တာ တွေ့ရမှာပါ။ ရွေးကောက်ပွဲအပြီးမှာ ဝန်ကြီးချုပ်ရဲ့ ပါတီက အများစုနေရာမရခဲ့လို့ သမ္မတရွေးဖို့ တခြားပါတီတွေနဲ့ ညှိနေရဆဲဖြစ်ပါတယ်။ ပါလီမန်မှာလည်း ပါလီမန်ဥက္ကဋ္ဌအသစ်ရွေးဖို့ရက်ကို တိုးပေးဖို့သူလာပြောချိန်မှာ ခုလို ကြက်ဥနဲ့ပေါက်ခံရတာပါ။ ကိုဆိုဗိုမှာ နှစ်နှစ်အတွင်း ရွေးကောက်ပွဲ သုံးကြိမ်လုပ်ခဲ့ပြီးပြီးပါပြီ။ •
#ဘီဘီစီမြန်မာပိုင်း #ကိုဆိုဗို #ပါလီမန် #နိုင်ငံရေး



