ပြည်နယ်နဲ့ တိုင်းလေးခုမှာ လူလေးသိန်းကျော် ရေဘေးသင့်

ဗီဒီယို ပုံစာ, ပြည်နယ်နဲ့ တိုင်းလေးခုမှာ လူလေးသိန်းကျော် ရေဘေးသင့်
ပြည်နယ်နဲ့ တိုင်းလေးခုမှာ လူလေးသိန်းကျော် ရေဘေးသင့်
ရေးသားခဲ့သည်။

မြန်မာနိုင်ငံတဝန်း မိုးဆက်တိုက် ရွာသွန်းခဲ့မှုနဲ့ ဆည်ရေထုတ်လွှတ်မှုတွေကြောင့် စစ်ကိုင်း အပါအဝင် တိုင်းနဲ့ပြည်နယ်လေးခုမှာ ရေဘေးသင့်ဧရိယာ ကျယ်ပြန့်လာနေပြီး လူ လေးသိန်းကျော် ရေဘေးသင့်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်လာပါတယ်။ ရေဘေးကြောင့် စစ်ကိုင်းတိုင်းထဲမှာတင် သေဆုံးသူ ၁၆ ဦးအထိ ရှိလာပြီး ရက်ကြာလာတာနဲ့အမျှ စိုက်ပျိုးမွေးမြူရေး အားထားရတဲ့ ကျွဲနွား သေဆုံးတာတွေ ၊ အစာလိုအပ်ချက်တွေ ရှိလာနေပါတယ်။ နေပြည်တော်အစိုးရ ထိန်းချုပ်မှုအောက်မှာရှိတဲ့ မန္တလေးနဲ့ ဧရာဝတီတိုင်းတွေမှာ ကယ်ဆယ်ရေးတွေ ဖိဖိစီးစီးလုပ်နေပြီး ပဋိပက္ခဒေသ စစ်ကိုင်းတိုင်းထဲမှာရော ဘယ်လိုအခြေအနေရှိပါသလဲ။ မစန္ဒာဝင်းက ပြောပြမှာပါ။