ကမ္ဘာတလွှားမှာ ငလျင်တွေ ခပ်စိပ်စိပ်လှုပ်လာလား

အမေရိကန် ဘူမိလေ့လာရေး USGS ငလျင်ပညာရှင် ပေါလ် စတန်တန် အာရဲ့ ပုံနဲ့ ကမ္ဘာ့မြေပုံကို လိမ္မော်ရောင်၊ အပြာရောင် အဝါရောင် ပေါင်းစပ် ထားတဲ့ဓာတ်ပုံ
ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၆

ကမ္ဘာမှာရော၊ မြန်မာနဲ့ အရှေ့တောင်အာရှဒေသတွေမှာပါ ငလျင်လှုပ်ခတ်မှုတွေ မကြာခဏဖြစ်လာတာ၊ ငလျင်ကြီးတွေ လှုပ်ခတ်မှု စိပ်လာတာကြောင့် ငလျင်အပေါ် လူတွေရဲ့စိုးရိမ်စိတ်တွေလည်း တိုးလာနေပါတယ်။

ကမ္ဘာမှာ ငလျင်တွေ ပိုလှုပ်လာလား၊ ငလျင်တွေ အလှုပ် စိပ်လာတာက ဘယ်အချက်တွေကြောင့်ဖြစ်နိုင်လဲ။ ဘယ်လောက် စိုးရိမ်ရလဲ။

အမေရိကန် ဘူမိဗေဒလေ့လာရေးဌာန (USGS)က တစ်ကမ္ဘာလုံးဆိုင်ရာမြေငလျင်တွေ စောင့်ကြည့်ရေးလုပ်ငန်းကို ကြီးကြပ်တဲ့ ငလျင်ဗေဒ ပညာရှင် ပေါလ် စတန်တန် အာလ် ကို ဘီဘီစီ မြန်မာပိုင်းက အွန်လိုင်းကနေ ဆက်သွယ်မေးမြန်းထားပါတယ်။

ဘီဘီစီ - ပြီးခဲ့တဲ့လတွေအတွင်း အင်အားပြင်းငလျင်ကြီးတွေ ကမ္ဘာတလွှားမှာ လှုပ်ခတ်ခဲ့ပါတယ်။ နောက်ဆုံးလှုပ်ခတ်ထားတဲ့လူအသေအပျောက်အများဆုံး ငလျင်ကြီးကတော့ ဗင်နီဇွဲလားမှာ ဖြစ်ခဲ့ပါတယ်။ ဆိုတော့ ကမ္ဘာတလွှားမှာ ငလျင်ကြီးတွေ ပိုလှုပ်လာတာကို မြင်ရပြီလား။

ပေါလ် - မဖြစ်ဘူးလို့ မပြောနိုင်ပါဘူး။ ဘာကြောင့်လဲဆိုရင် ကမ္ဘာတလွှား တစ်နှစ်ကို ပြင်းအား ၇ မဂ္ဂနီကျုရှိတဲ့ငလျင် ၁၄ ကြိမ် ၁၅ ကြိမ်လောက် အကြမ်းဖျင်း လှုပ်ခတ်ပါတယ်။ ဒါပေမဲ့ ကံကောင်းချင်တော့ ဒီငလျင်အများစုက လူဦးရေ မထူထပ်တဲ့နေရာတွေမှာ လှုပ်လေ့ရှိပါတယ်။ လူများတဲ့နေရာကို ဗဟိုပြုလှုပ်ခတ်ရင်တော့ သတင်းတွေကနေတဆင့် လူတွေ သိကြတယ်။ ဒါကြောင့် ငလျင်လှုပ်လာ တိုးလာတယ်လို့ ထင်ကြတာပါ။ ခြုံကြည့်ရင်တော့ ကမ္ဘာတလွှားမှာ ငလျင်ကြီးတွေ လှုပ်တာ မတိုးလာပါဘူး။

ဘီဘီစီ - ငလျင်တွေ လှုပ်တာ ပိုစိပ်လာတယ်လို့ အများစုက ပြောနေကြတယ်။ ဒီအချက်ကို သိပ္ပံနည်းလမ်းတကျ သက်သေပြနိုင်တာမျိုး ရှိပြီလား။ ဒါမှမဟုတ် စောင့်ကြည့်နည်းစနစ်တွေကောင်းလာလို့ ဒါမှမဟုတ် သတင်းတွေက ကျယ်ကျယ်ပြန့်ပြန့် တင်ဆက်လာနိုင်တာကြောင့်လား။

ပေါလ် - ငလျင်တစ်ခု အသေအပျောက်ကြီးလားဆိုတာမျိုးကို ပြောမယ်ဆိုရင် အချက်အများကြီးရှိနေပါတယ်။ သိသာတာကတော့ ကမ္ဘာပေါ်မှာ လူဦးရေ များတာလာပါပဲ။ ဒါဟာ ငလျင်လှုပ်တဲ့အခါမှာ တုန်ခါ လှုပ်ခတ်မှုကို လူတွေသိကြတဲ့အရေအတွက်လည်း များသွားတာပေါ့လေ။ တဖက်မှာလည်း ငလျင်ကြောင့် လူတွေအပေါ် ရိုက်ခတ်နိုင်မှုလည်း ပိုပြီး များလာနိုင်ခြေမြင့်သွားတယ်။ အချက်အလက်အရ ကြည့်ရင်လည်း ကမ္ဘာမှာ ပြီးခဲ့တဲ့ ဆယ်စုနှစ်၊ ရာစုနှစ်အတွင်း လူဦးရေက တိုးလာတာကိုး။

ဒါပေမဲ့ ငလျင်တွေ လှုပ်ရတဲ့နောက်ကွယ်က အခြေခံအကြောင်းရင်းကတော့ နှစ်သန်းပေါင်းများစွာကြာနေပေမဲ့ အတူတူပါပဲ။ ပြီးတော့ ငလျင်တွေ လှုပ်တဲ့နှုန်းကတည်း အတူတူပဲ ရှိနေပါသေးတယ်။ ဒါက သိပ္ပံနည်းကျ အချက်အလက်ပါ။

ဘီဘီစီ - ကမ္ဘာတလွှားနေရာအမျိုးမျိုးမှာ မကြာသေးခင်တုန်းက လှုပ်တဲ့ငလျင်တွေဟာ အချိန်အများကြီး မကွာဘဲ လှုပ်သွားတာလည်း ရှိနေပြန်ပါတယ်။ ဒီငလျင်တွေ တစ်ခုနဲ့တစ်ခု ဆက်စပ်နေလား၊ ဒါမှ မဟုတ် သီးခြားလှုပ် ခတ်တာလား။

ပေါလ် - ကျွန်တော်တို့ သိသလောက်ကတော့ ဒီဖြစ်ရပ်တွေ တစ်ခုနဲ့ တစ်ခု မဆက်နွှယ်ပါဘူး။ ပြီးတော့ ငလျင်က ကျပန်း လှုပ်ခတ်တာမျိုးပါ။ ကမ္ဘာတလွှားမှာ လှုပ်ခတ်ချင်တဲ့အချိန် လှုပ်သွားတာမျိုးပါ။ ဒါကြောင့် အချိန်ကာလအပိုင်းအခြား အညီအမျှနဲ့လှုပ်ခတ်တာမျိုး မဟုတ်ပါဘူး။ အချိန်အပိုင်းအခြားတစ်ခုအတွင်းမှာ များများလှုပ်သွားတာနဲ့ နည်းနည်းလှုပ်သွားတာမျိုးပဲ ရှိပါတယ်။ ပြောင်းဖူးပေါက်ပေါက် ဖောက်သလိုပါပဲ။ တစ်ချိန်တည်းမှာ နည်းနည်းပေါက်သွားတာနဲ့ တစ်ပြိုင်တည်း အများကြီးပေါက်သွားသလိုမျိုးပါပဲ။ ငလျင်လည်း ဒီလို အလားတူပါပဲ။

ငလျင်ပြင်းအားကို တိုင်းတာတဲ့အဆင့် ဂရပ်ဖစ်
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဘီဘီစီ - ကမ္ဘာတလွှားနေရာအမျိုးမျိုးမှာ မကြာသေးခင်တုန်းက လှုပ်တဲ့ငလျင်တွေဟာ အချိန်အများကြီး မကွာဘဲ လှုပ်သွားတာလည်း ရှိနေပြန်ပါတယ်။ ဒီငလျင်တွေ တစ်ခုနဲ့တစ်ခု ဆက်စပ်နေလား၊ ဒါမှ မဟုတ် သီးခြားလှုပ်ခတ်တာလား။

ပေါလ် - ကျွန်တော်တို့ သိသလောက်ကတော့ ဒီဖြစ်ရပ်တွေ တစ်ခုနဲ့တစ်ခု မဆက်နွှယ်ပါဘူး။ ပြီးတော့ ငလျင်က ကျပန်း လှုပ်ခတ်တာမျိုးပါ။ ကမ္ဘာတလွှားမှာ လှုပ်ခတ်ချင်တဲ့အချိန် လှုပ်သွားတာမျိုးပါ။ ဒါကြောင့် အချိန်ကာလအပိုင်းအခြား အညီအမျှနဲ့လှုပ်ခတ်တာမျိုး မဟုတ်ပါဘူး။ အချိန်အပိုင်းအခြားတစ်ခုအတွင်းမှာ များများလှုပ်သွားတာနဲ့ နည်းနည်းလှုပ်သွားတာမျိုးပဲ ရှိပါတယ်။ ပြောင်းဖူးပေါက်ပေါက် ဖောက်သလိုပါပဲ။ တစ်ချိန်တည်းမှာ နည်းနည်းပေါက်သွားတာနဲ့ တစ်ပြိုင်တည်း အများကြီးပေါက်သွားသလိုမျိုးပါပဲ။ ငလျင်လည်း ဒီလို အလားတူပါပဲ။

ဘီဘီစီ - ကမ္ဘာတလွှားနေရာအမျိုးမျိုးမှာ မကြာသေးခင်တုန်းက လှုပ်တဲ့ငလျင်တွေဟာ အချိန်အများကြီး မကွာဘဲ လှုပ်သွားတာလည်း ရှိနေပြန်ပါတယ်။ ဒီငလျင်တွေ တစ်ခုနဲ့တစ်ခု ဆက်စပ်နေလား၊ ဒါမှ မဟုတ် သီးခြားလှုပ်ခတ်တာလား။

ပေါလ် - ကျွန်တော်တို့ သိသလောက်ကတော့ ဒီဖြစ်ရပ်တွေ တစ်ခုနဲ့တစ်ခု မဆက်နွှယ်ပါဘူး။ ပြီးတော့ ငလျင်က ကျပန်း လှုပ်ခတ်တာမျိုးပါ။ ကမ္ဘာတလွှားမှာ လှုပ်ခတ်ချင်တဲ့အချိန် လှုပ်သွားတာမျိုးပါ။ ဒါကြောင့် အချိန်ကာလအပိုင်းအခြား အညီအမျှနဲ့လှုပ်ခတ်တာမျိုး မဟုတ်ပါဘူး။ အချိန်အပိုင်းအခြားတစ်ခုအတွင်းမှာ များများလှုပ်သွားတာနဲ့ နည်းနည်းလှုပ်သွားတာမျိုးပဲ ရှိပါတယ်။ ပြောင်းဖူးပေါက်ပေါက် ဖောက်သလိုပါပဲ။ တစ်ချိန်တည်းမှာ နည်းနည်းပေါက်သွားတာနဲ့ တစ်ပြိုင်တည်း အများကြီးပေါက်သွားသလိုမျိုးပါပဲ။ ငလျင်လည်း ဒီလို အလားတူပါပဲ။

ငလျင်ပြတ်ရွေ့ ၃ မျိုး ပြတဲ့ ဂရပ်ဖစ်

ဘီဘီစီ - ငလျင်ကို ကြိုပြီး သတိပေးနိုင်ပြီလား။

ပေါလ် - အခုဆိုရင် သူတို့မှာ ငလျင်ကြိုတင်သတိပေးချက်လို့ဆိုတဲ့စနစ်မျိုး ရှိနေပါပြီ။ ငလျင် ဘယ်တော့ လှုပ်မလဲ ဆိုတာမျိုး ကြိုတင် ခန့်မှန်းတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ လှုပ်တာ မစခင်သေးမှာ လှုပ်တော့မယ်ဆိုတာမျိုးတော့ ကြိုတင်သတိပေးနိုင်တယ်။ ဒီတော့ ငလျင်မလှုပ်ခင်လေးတင် သတိပေးချက်က အရင်လာတော့ ကိုယ့်မှာ ဒီစနစ်ရှိထားပြီဆိုရင် ဒီငလျင်ဘယ်မှာလှုပ်မလဲဆိုတာ မြန်မြန်ကြိုသိနိုင်သလို အကွာအဝေး အတိုင်းအတာ တစ်ခုအထိလည်း ကြိုသတိပေးနိုင်မယ်။ ငလျင် တကယ် မလှုပ်ခင် စက္ကန့်ပိုင်း ကြိုသိနိုင်တာမျိုးပါ။ ဂျပန်မှာ ဒီစနစ်ရှိတယ်။ အမေရိကန်မှာလည်း ဒီစနစ်ရှိတယ်။ ဖုန်းအတွက် သုံးလို့ ရအောင်လုပ်ထားတဲ့ ဒီလိုစနစ်မျိုး တခြားနိုင်ငံတွေမှာလည်းရှိတယ်။ ဒီစနစ်ကို ဂူဂဲလ်က ဖန်တီးထားတာပါ။

ဘီဘီစီ - ဒီလို ငလျင်ကြီးတွေ လှုပ်တာဟာ နောက်တစ်နေရာမှာ ငလျင်ကြီးတွေ လှုပ်စေဖို့ ဖြစ်စေလား။ ဆက်နွှယ်လား။ သီးခြားဖြစ်ရပ်လား။

ပေါလ် - ဒီငလျင်ဟာ ဟိုးအဝေး တစ်နေရာမှာ ငလျင်လှုပ်ဖို့ ဖြစ်နိုင်ခြေကိုတော့ မသက်ရောက်ပါဘူး။ အဲဒီဒေသထဲမှာ ငလျင်လှုပ်နိုင်ခြေကို မြင့်တက်လာစေနိုင်တာမျိုး ဖြစ်နိုင်ခြေရှိတယ်။ နမူနာအနေနဲ့ပြောရရင် ဖိလစ်ပိုင်မှာ ပြင်းအား ၇.၈ မဂ္ဂနီကျူရှိတဲ့ငလျင်ကြီး ပြီးခဲ့တဲ့လတုန်းက လှုပ်တဲ့အခါမှာ အဲဒီငလျင်နောက်ဆက်တွဲ လှုပ်တဲ့ ငလျင်ပေါင်း ၂၅၀ ကျော်ကို မှတ်တမ်းတင်နိုင်ခဲ့တယ်။ ဒီတော့ အဲဒီငလျင်ပတ်လည်မှာပဲ ငလျင်နောက်ဆက်တွဲ လှုပ်ရှားမှုတွေရှိတယ်။ ဒီတော့ ငလျင်ဖြစ်နိုင်ခြေက ပိုပြီး အခွင့်အလမ်း များသွားတယ်။ ဒါပေမဲ့ ကမ္ဘာ့တစ်နေရာ ဖိလစ်ပိုင်မှာ ဖြစ်တဲ့ငလျင်ဟာ နောက်တစ်ဖက်ခြမ်းက ဗင်နီဇွဲလားမှာ ငလျင်လှုပ်စေတဲ့အကြောင်းရင်းတော့ မဖြစ်စေပါဘူး။

ဘီဘီစီ - ဒီလိုငလျင်ကြီးတွေ လှုပ်တာဟာ နောက်တစ်နေရာမှာ ငလျင်ကြီးတွေ လှုပ်စေဖို့ ဖြစ်စေလား။ ဆက်နွှယ်လား။ သီးခြားဖြစ်ရပ်လား။

ပေါလ် - ဒီငလျင်ဟာ ဟိုးအဝေး တစ်နေရာမှာ ငလျင်လှုပ်ဖို့ ဖြစ်နိုင်ခြေကိုတော့ မသက်ရောက်ပါဘူး။ အဲဒီဒေသထဲမှာ ငလျင်လှုပ်နိုင်ခြေကို မြင့်တက်လာစေနိုင်တာမျိုး ဖြစ်နိုင်ခြေရှိတယ်။ နမူနာအနေနဲ့ပြောရရင် ဖိလစ်ပိုင်မှာ ပြင်းအား ၇.၈ မဂ္ဂနီကျူရှိတဲ့ငလျင်ကြီး ဇွန်လတုန်းက လှုပ်တဲ့အခါမှာ အဲဒီငလျင်နောက်ဆက်တွဲ လှုပ်တဲ့ငလျင်ပေါင်း ၂၅၀ ကျော်ကို မှတ်တမ်းတင်နိုင်ခဲ့တယ်။ ဒီတော့ အဲဒီငလျင်ပတ်လည်မှာပဲ ငလျင်နောက်ဆက်တွဲ လှုပ်ရှားမှုတွေရှိတယ်။ ဒီတော့ ငလျင်ဖြစ်နိုင်ခြေက ပိုပြီး အခွင့်အလမ်း များသွားတယ်။ ဒါပေမဲ့ ကမ္ဘာ့တစ်နေရာ ဖိလစ်ပိုင်မှာဖြစ်တဲ့ငလျင်ဟာ နောက်တစ်ဖက်ခြမ်းက ဗင်နီဇွဲလားမှာ ငလျင်လှုပ်စေတဲ့အကြောင်းရင်းတော့ မဖြစ်စေပါဘူး။

ဘီဘီစီ - ငလျင်ကို မဂ္ဂနီကျူနဲ့ ပြင်းအားကို ပြတယ်။

ပေါလ် - ငလျင်ရဲ့မဂ္ဂနီကျူဆိုတာ ငလျင်အရွယ်အစားကို ပြောပြတာဖြစ်ပါတယ်။ ပြင်းအားကတော့ မြေမျက်နှာပြင်မှာ ဘယ်လောက်အားနဲ့ လှုပ်ခတ်သွားတယ်ဆိုတာမျိုး ဖြစ်ပါတယ်။ ဒီတော့ ကိုယ်က ငလျင်ကြီးနဲ့ ၁၀ ကီလိုမီတာအကွာမှာ ရှိနေတယ်ဆိုရင် ငလျင်လှုပ်ခတ်မှုကို သိသိသာသာခံစားရမယ်။ ဒါပေမဲ့ ကိုယ်က ကီလိုမီတာ ၃၀၀ အကွာအဝေးမှာရှိနေတယ်ဆိုရင်တော့ ဒီဒဏ်ကို လျော့ပြီး ခံစားရမယ်။ အဲဒီ ပြင်းအားဟာ ကိုယ်က နီးရင် ပိုပြင်းပြီး ဝေးရင် ပိုလျော့မယ်။ ကိုယ်က ငလျင်အနီးနားမှာရှိတယ်ဆိုရင် အဆင့် ၉ လောက်ပေါ့။ အဝေးမှာဆိုရင်တော့ အဆင့် ၂ လောက်ပဲ ခံစားမိမယ်။ ဒါပေမဲ့ မဂ္ဂနီကျူကတော့ အတူတူပါပဲ။ ဥပမာအနေနဲ့ မဂ္ဂနီကျူက ၇.၈ ဆိုပါတော့။ ဒါက အတူတူပဲ။ ငလျင်နဲ့ဝေးလေလေ ကိုယ်ခံစားရတဲ့လှုပ်ခါမှုလည်း လျော့လေလေပေါ့။

နမူနာ ပြောရရင် မီးသီးတစ်လုံးနဲ့ တူတယ်။ ၀ပ် ၁၀၀ အားရှိတဲ့ မီးလုံး တစ်လုံးဆိုပါတော့။ ကိုယ်က မီးလုံး အနီးနားမှာရှိနေရင် ထွန်းတောက်မှုကို ပိုပြီး သိနိုင်မယ်။ ကိုယ်က အဝေးမှာရှိနေတယ်ဆိုရင်တော့ မီးအလင်းရောင်ကို ပိုပြီး လျော့ကျသွားမှာပေါ့။ ဒါပေမဲ့ ဝပ် ၁၀၀ အားကတော့ ဒီအတိုင်းပဲ။

ကမ္ဘာတဝန်း ၁၉၈၀ ခုနှစ်နောက်ပိုင်း လှုပ်ခဲ့တဲ့ငလျင်ကြီးတွေသရုပ်ဖော် ဂရပ်ဖစ်

ဘီဘီစီ - ငလျင်လှုပ်ခတ်မှုများတဲ့ဒေသတွေမှာနေထိုင်သူတွေအနေနဲ့ ငလျင် မလှုပ်ခင်၊ လှုပ်ချိန်နဲ့ လှုပ်အပြီး ရှောင်သင့် ဆောင်သင့်တာတွေအကြောင်း အကြံပြုပေးပါဦး။

ပေါလ် - ဒီအပိုင်းကတော့ ကိုယ်နေတဲ့အဆောက်အဦနဲ့ ရာသီဥတုကို လိုက်ပြီး ရှောင်ရန် ဆောင်ရန်တွေ ရှိတာပေါ့လေ။ ဒါပေမဲ့ အများလုပ်ဆောင်နိုင်တဲ့ကိစ္စတွေ ရှိပါတယ်။ ကိုယ်ချစ်ရခင်ရသူတွေ ဘယ်မှာရှိနေမလဲဆိုတာ သိအောင်လုပ်ပါ။ ရက်အနည်းငယ်ကြာတဲ့အထိ နေနိုင်မယ့် ရေလို၊ အစားအသောက်လို အရာတွေ ဆောင်ထားပါ။ ငလျင်က ကြီးမားပြီး အပျက်အစီးများတဲ့အခါမှာ အစိုးရနဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေ ငလျင်ဇုန်ထဲကို ရက်အနည်းငယ်ကြာတဲ့အထိ ချက်ချင်းလာနိုင်မှာ မဟုတ်ပါဘူး။ အဲဒီအခါ ကိုယ့်ဘာသာ ရပ်တည်လို့ရအောင် လုပ်ထားရပါမယ်။ အိမ်နီးချင်းတွေနဲ့သိအောင်လုပ်ထားပြီး သူတို့နဲ့အတူ ဖြတ်ကျော်ရပါမယ်။ ဘာဖြစ်ရင် ဘာတွေ လုပ်ကြမလဲဆိုတာလည်း ကြိုတင်တိုင်ပင်ထားကြဖို့လိုပါတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း စောင့်ရှောက်၊ ပတ်ဝန်းကျင်ကိုလည်း စောင့်ရှောက်ဖို့ လိုအပ်ပါတယ်။

ဘီဘီစီ - မြန်မာအပါအဝင် အရှေ့တောင်အာရှမှာ ငလျင်ကြီးတွေ လှုပ်တာမျိုးရှိတော့ ကိုယ်တိုင်လည်း ကြောက်ကြတယ်။ ဒီအတွက် ဘယ်လိုပြင်ဆင်သင့်လဲ။

ပေါလ် - ပြောရရင်တော့ ကိုယ့်အကြောက်တရား မစိုးမိုးသွားဖို့ အရေးကြီးပါတယ်။ ဒီအကြောက်တရားကို အသုံးချပြီး ကိုယ့်ကိုယ်ကိုယ်ရော၊ ကိုယ်ချစ်ခင်ရသူတွေကိုရော ကာကွယ်ဖို့ ကြိုတင်ပြင်ဆင်တာမျိုး လုပ်ဖို့ပဲ လိုအပ်ပါတယ်။ ထိုင်ပြီး စိုးရိမ်နေရုံနဲ့ အလုပ်မဖြစ်ပါဘူး။ အဲဒီအကြောက်တရားကို ကျော်လွန်ပြီး အလုပ်ဖြစ်ဖို့၊ ကိုယ်လည်း လုံခြုံ၊ ကိုယ့်မိသားစုလည်း လုံခြုံအောင်လုပ်ဖို့ပါပဲ။ ကိုယ်တိုင်ရော၊ မိသားစုအတွက်ရော ကာကွယ်ပေးဖို့ လုပ်နိုင်ပြီဆိုတာမျိုး ခံစားမိတဲ့အခါ နေလို့ထိုင်လို့ အဆင်ပြေသွားမှာပါ။

ဘီဘီစီ - ငလျင်တွေ ခပ်စိပ်စိပ်လှုပ်လာတယ်ဆိုပြီး လူတွေကလည်း စိုးရိမ်လာကြတယ်။ တကယ်ရော စိုးရိမ်ဖို့ ကောင်းလား။ စိုးရိမ်စိတ်ကို ဘယ်လိုလျှော့ချနိုင်မလဲ။

ပေါလ် - ငလျင်လှုပ်နိုင်ခြေ ပိုများတဲ့နေရာနဲ့ လှုပ်နိုင်ခြေ နည်းတဲ့နေရာဆိုပြီး ပြသထားတဲ့ မြေပုံတွေရှိပါတယ်။

ကိုယ့်အနီးနား ငလျင်လှုပ်နိုင်တဲ့ခြိမ်းခြောက်မှု၊ စိုးရိမ်စရာအခြေအနေကို သိဖို့ဆိုရင် အဲဒီမြေပုံတွေမှာ ကြည့်နိုင်တယ်။ လှုပ်နိုင်ခြေရှိတဲ့နေရာတွေနဲ့ မလှုပ်နိုင်ခြေရှိတဲ့နေရာတွေ မြေပုံမှာပြထားတာရှိတယ်။ ဆိုတော့ ဒီမြေပုံကိုကြည့်ပြီး ငလျင်လှုပ်နိုင်ခြေရှိ မရှိဆိုတာကိုလည်း ကိုယ် ဆန်းစစ် ကြည့်လို့ ရနိုင်မယ်။ တချို့နေရာတွေမှာ ခြိမ်းခြောက်မှုတွေ အများကြီးရှိတယ်။ တချို့နေရာတွေဆိုရင် တိုင်ဖွန်း မုန်တိုင်းတွေ၊ ဟာရီကိန်းတွေ တိုက်ခတ်တဲ့နေရာတွေရှိတယ်။ ပြီးတော့ သဘာဝဘေးအန္တရာယ်တွေများတော့ ကိုယ်လည်း ကြိုတင်ပြင်ဆင်ထားတာတွေလည်း များမယ်ဆိုရင် ဒါတွေက အထောက်အကူဖြစ်စေမှာပါ။

ငလျင်နဲ့ပတ်သက်ပြီး ကြိုတင်ပြင်ဆင်တာမျိုးဆိုရင်တော့ အားလုံးကို ကြိုတွေးထားဖို့လိုတယ်။ ကိုယ်တိုင်လည်း လုံခြုံ၊ တပါးသူတွေလည်း လုံခြုံဖို့ ဘယ်လိုလုပ်မလဲပေါ့။

သတင်းစကား ပါးရမယ်ဆိုရင်တော့ စိုးရိမ်မှုထက် ပြင်ဆင်မှု ပိုလုပ်ပါ။ အစားအသောက်နဲ့ ရေ စုဆောင်းဖို့ အချိန်ယူထားပါ။ ပြီးတော့ ကိုယ့်နယ်ခံ ကူညီကယ်ဆယ်ရေးအဖွဲ့တွေရဲ့အစီအစဉ်တွေကို သိထားအောင် လုပ်ပြီး ကိုယ့်နယ်မြေအတွက် ဘာတွေ လိုအပ်မယ်ဆိုတာမျိုးကို သိအောင်လုပ်ပါ။