ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဂါနာရှေးဟောင်းအမွေအနှစ်တွေ နိုင်ငံကိုပြန်ရောက်
ဂါနာရှေးဟောင်းအမွေအနှစ်တွေ နိုင်ငံကိုပြန်ရောက်
ရေးသားခဲ့သည်။
လွန်ခဲ့တဲ့ နှစ်တရာကျော်တုန်းက အနောက်အာဖရိကကနေ ခိုးယူခံခဲ့ရတဲ့ အဖိုးတန် ရှေးဟောင်း အမွေအနှစ်တွေ အခုတော့ ပထမဆုံးအနေနဲ့ ဂါနာနိုင်ငံဆီ ပြန်ရောက်လာပါပြီ။ လန်ဒန်က ဗြိတိသျှ ပြတိုက်နဲ့ ဗစ်တိုးရီးယားနဲ့ အဲလ်ဘတ် ပြတိုက်တို့ကနေ ၃ နှစ်စာချုပ် အငှားချဖို့ သဘောတူခဲ့တဲ့ အစီအစဉ်အရ ပြန်ရောက်လာတာပါ ။ ဒီလိုငှားရမ်းမှုဟာ ယူကေက တခြား ပြတိုက်တွေမှာ ရှိတဲ့ တခြားနိုင်ငံက ရှေးဟောင်းအမွေအနှစ်တွေ အတွက် နမူနာယူဖွယ် ဖြစ်လာပါတယ်။ ဘီဘီစီ ယဉ်ကျေးမှုဆိုင်ရာ အယ်ဒီတာ ကေတီ ရက်ဇ်ဇော ရဲ့ သတင်းကို မသီဒါနွယ် က တင်ဆက်ပေးထားပါတယ်။