ကမ္ဘာ့ဖလား ကျင်းပဖို့ အသင့်ဖြစ်ကြပြီလား

ကမ္ဘာ့ဖလား ကျင်းပဖို့ အသင့်ဖြစ်ကြပြီလား
ရေးသားခဲ့သည်။

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကြီး စတင်ကျင်းပတော့မှာ ဖြစ်ပါတယ်။ အိမ်ရှင် ၃ နိုင်ငံ ခွဲပြီး ကျင်းပကြမှာပါ။ အဲဒီ အထဲက ၁၉၇၀ နဲ့ ၁၉၈၆ တွေမှာ အိမ်ရှင်လုပ်ခဲ့တဲ့ မက္ကဆီကို အတွက် အခုကမ္ဘာ့ဖလားက တတိယအကြိမ်မြောက် ဖြစ်ပြီး ကနေဒါအတွက်ကတော့ ပထမဆုံး အကြိမ်ဖြစ်ပါတယ်။ အမေရိကန် ပြည်ထောင်စုကတော့ ၁၉၉၄ နောက်ပိုင်း ဒုတိယအကြိမ် ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီတခါပြိုင်ပွဲက အရင်ပြိုင်ပွဲတွေထက် အများကြီး ကြီးပါတယ်။ အိမ်ရှင်နိုင်ငံတွေများ အသင်းတွေလည်းများလာပါတယ်။ ဒါကြောင့်လည်း အမေရိကန်က ဘောလုံးပရိသတ်တွေ အကြား စိတ်လှုပ်ရှားနေကြပါပြီ။ ဘီဘီစီ သတင်းထောက် နာဒါ တောဖစ်က နယူးယောက် မြို့မှာ ပရိသတ်တချို့နဲ့ တွေ့ဆုံ ခဲ့တဲ့ သတင်းကို မသီရိဇော်က ပြောပြမှာပါ။