ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
AA ထိန်းချုပ်ဒေသတွေမှာ စစ်မှုထမ်းကြောင့် မြို့အဝင်အထွက် ကန့်သတ်
AA ထိန်းချုပ်ဒေသတွေမှာ စစ်မှုထမ်းကြောင့် မြို့အဝင်အထွက် ကန့်သတ်
ရေးသားခဲ့သည်။
အာရက္ခတပ်တော် (အေအေ) ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်ထဲက မြို့နယ်တွေမှာ စစ်မှုထမ်းခေါ်ယူတာတွေ ခပ်စိပ်စိပ်ပြန်ရှိလာနေပြီး အရေးပေါ်ကာလ အမျိုးသားကာကွယ်ရေး ပြဌာန်းချက် (NDEP) အရ စစ်မှုထမ်းအသက် အကျုံးဝင်သူတွေကို မြို့ပြင်ထွက်ခွင့်ပါ တင်းကျပ်ထားတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒီအပေါ် ဒေသခံတွေကတော့ အခက်အခဲတွေ ဖြစ်နေကြတယ်လို့ ပြောကြပါတယ်။ မကွေးတိုင်း ဆောမြို့နယ်နဲ့ ရခိုင်ရိုးမတကြောကို စစ်တပ်က ထိုးစစ်တွေစတင်ခဲ့တဲ့ မေလ လယ်လောက်ကစလို့ အေအေဟာ သူ့ထိန်းချုပ်မြို့နယ်တွေကနေ တခြားဒေသတွေဆီ သွားလာခွင့်တွေကို လုံးဝပိတ်ပင်လိုက်တာလို့ ဆိုပါတယ်။ ဒီအကြောင်း မနှင်းမိုက ပြောပြပေးပါမယ်။