ထိုင်း - မြန်မာ နယ်စပ် ငွေလိမ်ဂိုဏ်းတွေ ရှိနေဆဲ
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ ကျားဖြန့် အွန်လိုင်းငွေလိမ် ဂိုဏ်းတွေကို ဆက်တိုက်နှိမ်နှင်းနေပေမဲ့ ဒီလုပ်ငန်းတွေဟာ တခြားနေရာတွေကိုပြောင်းပြီး ပိုပြီးကြီးထွားလာနေတယ်လို့ အဲဒီလုပ်ငန်းတွေအကြောင်း သိသူတွေက ပြောပါတယ်။ ဒီလုပ်ငန်းတွေမှာ ပါဝင်ပတ်သက်တယ်ဆိုပြီး အမေရိကန်အစိုးရဘက်က စီးပွားရေးပိတ်ဆို့မှုတွေ လုပ်ဆောင်ထားသလို နိုင်ငံဖြတ်ကျော်လူကုန်ကူးမှုလုပ်ငန်းတွေမှာ ပါဝင်ပတ်သက်တယ်ဆိုပြီး ကရင်နယ်ခြားစောင့်တပ် (BGF) ကနေ အမည်ပြောင်းလိုက်တဲ့ ကရင်အမျိုးသားတပ် KNA ရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ စောမုတ်သုန်ကိုလည်း ထိုင်းတရားရုံးက ဖမ်းဝရမ်းထုတ်လိုက်ပါတယ်။ ဒါပေမဲ့ အဲဒီကျားဖြန့်လုပ်ငန်းတွေ နေရာပြောင်းပြီး အရင်လိုပဲ ဆက်လက်ကြီးထွားနေတာ ဘာကြောင့်ပါလဲ၊ ဘယ်နေရာတွေမှာ ပြန်လည်အခြေချလုပ်ကိုင်နေကြပါသလဲ။ အဲဒီဒေသတွေက အွန်လိုင်းငွေလိမ်ဂိုဏ်းတွေရဲ့ အခြေအနေကို မသူဇာလင်းက ပြောပြသွားမှာပါ။



