နှစ် ၇၀ အတွင်းပထမဆုံး ရှားပါးကျား ကာဇက်စတန်ကိုရောက်လာ
နှစ် ၇၀ အတွင်းပထမဆုံး ရှားပါးကျား ကာဇက်စတန်ကိုရောက်လာ
ရေးသားခဲ့သည်။
ကာဇက်စတန်မှာ မျိုးတုံးပျောက်ကွယ်ခဲ့တာ နှစ်ရာချီရှိပြီဖြစ်တဲ့ ဆိုက်ဘေးရီးယားကျား အမတစ်ကောင်ကို သဘာဝဥယျာဥ်တစ်ခုထဲမှာ သြဂုတ်လ ၃ ရက်နေ့က ပြန်လွှတ်ပေးခဲ့ပါတယ်။ အဲဒီ အူမစ်ဆိုတဲ့ ကျားမဟာ ရုရှားဘက်က လွှဲပေးတဲ့ ကျားလေးကောင်ထဲက ပထမဆုံးအကောင်ပါ။ သူ သဘာဝတောထဲ ဘယ်လိုနေထိုင်ရှင်သန်တယ်ဆိုတာ စောင့်ကြည့်လေ့လာပြီးမှ ကျန်တဲ့ သုံးကောင်ကို ဆက်လွှတ်ပေးမှာ ဖြစ်ပါတယ်။ •
#ဘီဘီစီမြန်မာပိုင်း #ဆိုက်ဘေးရီးယားကျား #တိရစ္ဆာန် #ရုရှား #ကာဇက်စတန်



