တိုင်းရင်းသားတချို့ ခရီးသွားလာဖို့ အခက်အခဲတွေ ရှိနေ
တိုင်းရင်းသားတချို့ ခရီးသွားလာဖို့ အခက်အခဲတွေ ရှိနေ
ရေးသားခဲ့သည်။
အဝေးပြေးယာဥ်လိုင်းတွေနဲ့ ခရီးသွားရာမှာ ၀ ၊ ပလောင်၊ ကိုးကန့် တိုင်းရင်းသားတွေဆိုရင် ကားလက်မှတ်တွေ မရောင်းချတာတွေ ရှိလာနေပါတယ်။ ရခိုင်တစ်ကျော့ပြန်တိုက်ပွဲတွေ ပြင်းထန်ခဲ့ချိန်တုန်းက ၁၁ မျဥ်းစောင်း မှတ်ပုံတင်ကိုင်ဆောင်တဲ့ ရခိုင်တိုင်းရင်းသားတွေကိုလည်း အခုလို ကားလက်မှတ်ရောင်းချတာတွေ ကန့်သတ်တာရှိခဲ့ပါတယ်။ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း စတင်ပြီး သုံးလအကြာမှာ အခုလို ဝ ပလောင်နဲ့ ကိုးကန့်တိုင်းရင်းသားတွေကို ကားလက်မှတ် မရောင်းချပေးတာ ဘာကြောင့်ပါလဲ။ အကြောင်းစုံကို မသင်းသင်းနွယ်က ပြောပြပေးမှာပါ။



