ဂါဇာထဲမှာပိတ်မိနေသူများ အခြေအနေ
ရေးသားခဲ့သည်။
ဂါဇာက အိမ်ရာပစ်ပြီးထွက်ပြေးရသူတွေဟာ ယာယီရွက်ဖျင်တဲတွေထဲမှာ နေနေကြရပါတယ်။ သူတို့တွေမှာ အစားအစာ၊ သောက်သုံးရေနဲ့ သန့်စင်ခန်းတွေ မလုံလောက်တဲ့ အဖြစ်တွေနဲ့ ကြုံနေရသလို ဆေးကုသဖို့ လိုအပ်သူတွေအတွက်လည်း ဆေးဝါး များများစားစား မရှိဖြစ်နေပါတယ်။ ဘီဘီစီက အကြီးတန်း သတင်းထောက် ဖာဂါလ်ကီန်းက ဂါဇာထဲက ထွက်မပြေးနိုင်သူတွေနဲ့ တွေ့ဆုံထားတဲ့ သတင်းကို ကိုဘိုဘိုက ပြောပြမှာပါ။ အခုသတင်းမှာ စိတ်အနှောင့်အယှက်ဖြစ်စရာတွေ ပါလာနိုင်ကြောင်း ကြိုတင်အသိပေးအပ်ပါတယ်။





