ဖီဖာ ဥက္ကဋ္ဌရဲ့ အစီအစဉ် ဆန့်ကျင်သူတွေ တိုးလာ

ဗီဒီယို ပုံစာ, ဖီဖာ ဥက္ကဋ္ဌရဲ့ အစီအစဉ် ဆန့်ကျင်သူတွေ တိုးလာ
ဖီဖာ ဥက္ကဋ္ဌရဲ့ အစီအစဉ် ဆန့်ကျင်သူတွေ တိုးလာ
ရေးသားခဲ့သည်။

ဖီဖာ ဘောလုံးအဖွဲ့ချုပ်ရဲ့ ကမ္ဘာ့ဖလား ဘောလုံး ပြိုင်ပွဲတွေနဲ့ တခြားပြိုင်ပွဲတွေက ရှယ်ယာတွေကို ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူတွေဆီကို ရောင်းချမယ်ဆိုတဲ့ အငြင်းပွားဖွယ် အဆိုပြုချက်နဲ့ ပတ်သက်ပြီး ဖီဖာ ဥက္ကဋ္ဌ ဂျီယန်နီ အင်ဖန်တီနိုရဲ့ ထိပ်တန်း အကြံပေး တစ်ယောက်ဟာ ရာထူးကနေ နုတ်ထွက်သွားခဲ့ပါတယ်။ ဒီ အဆိုပြုချက်ဟာ ဘောလုံးလောကအတွက် မကောင်းတဲ့ သဘောတူညီချက် တစ်ခုပဲလို့ ကားလို့စ် ကော်ဒဲယိုးက ပြောဆိုလိုက်ပါတယ်။ သူဟာ ဖီဖာ ဥက္ကဋ္ဌ ရဲ့ ထိပ်တန်း အကြံပေး အဖြစ် ၅ နှစ်နီးပါး တာဝန်ထမ်းဆောင်ခဲ့ပြီး၊ ၂၀၂၆ ခုနှစ် ကမ္ဘာ့ ဖလား အတွက် အိမ်ဖြူတော်ရဲ့ အတူးကိုယ်စားလှယ် အဖြစ်လည်း ဆောင်ရွက် ခဲ့သူ ဖြစ်ပါတယ်။ အာရှ ဘောလုံး အဖွဲ့ချုပ်နဲ့ တခြား ဒေသဆိုင်ရာ ဘောလုံး အဖွဲ့ချုပ် ၂ ခုတို့က ဖီဖာရဲ့ အစီအစဉ်ကို အပြင်းအထန် ရှုတ်ချခဲ့ပြီးနောက်မှာ အကြီးတန်း အကြံပေးရဲ့ နုတ်ထွက်စာ ထွက်ပေါ်လာတာဖြစ်ပါတယ်။ အာရှ ဘောလုံး အဖွဲ့ချုပ် AFC၊ ဥရောပ ဘောလုံး အဖွဲ့ချုပ် UEFA နဲ့ အလယ်ပိုင်း အမေရိက နဲ့ ကာရစ်ဘီယံ ဘောလုံး အသင်းတွေကို ကိုယ်စားပြုတဲ့ CONCACAF ဘောလုံးအဖွဲ့ချုပ် တို့ကလည်း အတူတကွ ရပ်တည်ပြီး ဖီဖာ ဥက္ကဋ္ဌရဲ့ အဆိုပြုချက်ကို ပယ်ချထားပါတယ်။ ဖီဖာ ဘက်ကတော့ ဒီအဆိုပြုချက်ကို တိုင်ပင် ဆွေးနွေးမှုတွေ လုပ်ပြီး ဆက်လက် လုပ်ဆောင်သွားမယ်လို့ အခိုင်အမာ ပြောဆိုပါတယ်။ ဘီဘီစီ သတင်းထောက် နက်စတာ မက်ဂရီဂေါ် ရဲ့ သတင်းကို ကိုဇေယျာက ပြောပြပေးမှာပါ။