ဂါဇာထဲက ဆိုးရွားနေတဲ့ အခြေအနေတွေ
ဂါဇာထဲက ဆိုးရွားနေတဲ့ အခြေအနေတွေ
ရေးသားခဲ့သည်။
ဂါဇာ မြောက်ပိုင်းက ကျောင်း အဆောက်အအုံထဲကို အစ္စရေးက လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် လူ ၁၅ ယောက်ထက် မနည်း သေဆုံးခဲ့ရပြီး ဒါဇင်နဲ့ချီတဲ့လူတွေ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေက ပြောပါတယ်။ နောက်ပြီး ဂါဇာ မြောက်ပိုင်းမှာ အစ္စရေးက စားနပ်ရိက္ခာ ဖြတ်တောက်မှု နဲ့ အငတ်ဘေး ရင်ဆိုင်ရနိုင်တဲ့ မူဝါဒတွေကို ကျင့်သုံးခြင်း မရှိအောင် စောင့်ကြည့်နေတယ်လို့ ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန် သံအမတ်ကြီးက ပြောကြားပါတယ်။ ဘီဘီစီ အပါအဝင် နိုင်ငံတကာ သတင်းထောက်တွေကို ဂါဇာထဲကို လွတ်လပ်စွာ ဝင်ရောက်ခွင့်ကိုလည်း အစ္စရေးက တားမြစ်ထားပါတယ်။ ဒါကြောင့် ဘီဘီစီ သတင်းထောက် ဖာဂယ် ကင်းက ဂျေရုစလင်မြို့ကနေ သတင်းပေးပို့ထားပါတယ်။ ကိုမိုးမြင့်က ပြောပြပေးမှာပါ။ ဒီသတင်းထဲမှာ စိတ်အနှောင့်အယှက် ဖြစ်စရာတွေ ပါဝင်ကြောင်း ကြိုတင် အသိပေးအပ်ပါတယ်။



