လားရှိုးကို စစ်ကောင်စီ နေ့စဉ် ဗုံးကြဲ

ဗီဒီယို ပုံစာ, လားရှိုးကို စစ်ကောင်စီ နေ့စဉ် ဗုံးကြဲ
လားရှိုးကို စစ်ကောင်စီ နေ့စဉ် ဗုံးကြဲ
ရေးသားခဲ့သည်။

ကိုးကန့်တပ် MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ကို စစ်ကောင်စီက လေကြောင်းကနေ နေ့စဉ်နီးပါး ဗုံးကြဲတိုက်ခိုက်မှုတွေလုပ်ဆောင်နေပါတယ်။ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာဟာ လားရှိုးမြို့တွင်းမှာ စစ်ကောင်စီသတင်းပေးတွေကြောင့်လို့ MNDAA က ယူဆပြီး ဆက်သွယ်ရေးဖုန်းလိုင်းတွေကို ဖြတ်တောက် လိုက်တယ်လို့ ဒေသခံတွေက ပြောဆိုနေကြသလို လက်ရှိအချိန်မှာလည်း လားရှိုးမြို့ခံတွေကို ဖုန်းဆက်သွယ် လို့မရတော့ပါဘူး။ လားရှိုးမြို့က အခြေအနေကို ကိုသန့်ဇင်ကပြောပြမှာပါ။